ဒီရက်ပိုင်း ကြားရတဲ့သတင်းက တိဘက်မှာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးစာသင်ကျောင်းကြီး တစ်ကျောင်းကို ဖျက်ချတယ်ဆိုလားပဲ… လက်ရှိနောက်ဆက်တွဲ အခြေနေတော့ ကျုပ်လဲမသိဘူးရယ်…… ပြောချင်တာက အဲ့ဒီသတင်းနောက်ဆက်တွဲက အပ္ပနားတွေဂယက်… သတင်းရလျင်ရခြင်း အားလုံးထခုန်မတတ်ဖြစ်ကြမယ် ထင်ပါရဲ့ ခင်ဗျားတို့မဟုတ်ဘူး ကျုပ်တောင်အစက နဲနဲပျော်မိသား… တစ်ချို့ကျတော့လဲ ဝဋ်လည်တာတို့ဘာတို့ညာတို့နဲ့ ပို့စ်တင်ပြီး ပျော်ကြမြူးကြနဲ့ပေါ့ဗျ။
တစ်ကယ်တော့ဒါက လုံးဝကိုသိပ်ပြီးလွဲနေတဲ့ကိစ္စ တခြားဘာသာတွေရဲ့ အဆောက်အအုံတွေ ဖြိုဖျက်ခြင်းခံရတာကို ကိုယ်ဘာသာရဲ့ ဘာသာရေးအဆောက်အအုံတွေကို ဖြိုဖျက်ခံရတဲ့အတွေးမျိုးကို ထည့်ပြီးကိုယ်ခြင်းစာကြည့်… ဒါဆိုရင်တော့ ပျော်ရွှင်မိမှာမဟုတ်ဘူး…တစ်ကယ်။
ဒီလိုလူများအဆောက်အအုံတွေ ဖျက်စီးခံရတဲ့အခါ အူမြူးထပျော်ခြင်းဟာလဲ အစ္စလာမ်ရဲ့ အဆုံးအမတွေနဲ့ တက်တက်စင်အောင်လွဲပါတယ် ဒါကြောင့်ဆင်ခြင်သင့်တယ်လို့ ပြောချင်ပါတယ်။
ကိုတွေရဲ့ဘာသာရေးအဆောက်အအုံတွေ ဖျက်စီးဖြိုချခံရတဲ့အခါ အူမြူးနေတဲ့ ဘာသာခြားတွေမှဒုနဲ့ဒေး… ကိုယ်တွေရဲ့အစ္စလာမ်ကကွာတယ် အူမြူးခွင့်ပေးမထားဘူးရယ် ကိုယ်ခြင်းစာတရားထားရမယ် အစ္စလာမ်ဟာဘယ်လိုစိတ်ဓာတ်လဲ ဘယ်လိုကွာခြားချက်တွေရှိလဲ ဘယ်လိုနှလုံးသားပိုင်ရှင်တွေလဲဆိုတာ အချိန်တိုင်းမှာလက်တွေ့ပြနိုင်တယ် ကျုပ်တို့အတွက် လက်တွေ့ပြနိုင်မယ့် အခွင့်အရေးတွေကြီးရယ် အဆုံးရှုံးမခံစမ်းပါနဲ့ အစ္စလာမ်ဆိုတာဘာလဲ?? ထုတ်ဖော်ပြသပြီး ဂုဏ်ယူလိုက်စမ်းပါ။
တရုတ်အစိုးရဆိုတာ ဘယ်ဘာသာမှကြည့်တာမဟုတ်ဘူး အကုန်ထောင်းတဲ့လိုင်း…… တရုတ်မွတ်စ်လင်မ်တွေကို ထောင်းထားတာမှညက်ညက်ကျေပဲ (အလ္လာဟ်အရှင်လွတ်မြောက်မှုပေးပါစေ) ခုလဲဗုဒ္ဓကို လှည့်ထောင်းတာလို့ပဲမြင်တယ် အစ္စလာမ့်ရဲ့လမ်းညွန်ချက်ကတော့ ဘာသာခြားတွေအတွက် ဟေဒါယသ်အတွက်ဒိုအာလုပ်ပေး မွတ်စ်လင်မ်တွေအတွက် အရှင်မြတ်ဘက်ကနေ အကူအညီတွက်ဒိုအာလုပ်ပေး…… ဒါဟာအစ္စလာမ်ကပေးတဲ့ ငြိမ်းချမ်းတဲ့လမ်းညွန်ချက်ပဲ။
ကလောင်မင်း
Monday, July 25, 2016
ဆင်ခြင်ကြပါဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment