Wednesday, May 10, 2017

အဓိပ္ပါယ်မရှိတဲ့ မျော်လင့်ချက်များ

💦ကောင်းမှုတွေ အေဗာဒသ်တွေ မလုပ်ပဲနဲ့ စဝါးဗ်နဲ့ဂျန္နသ်ကို မျော်လင့်နေခြင်း…

💦ကိုယ်တိုင်က ကတိမတည်ပဲ တခြားသူကိုယ့်အပေါ်မှာ ကတိတည်ဖို့မျော်လင့်နေခြင်း…

💦ကတ်စေးနဲ အကျင့်မကောင်းပဲ စစ်မှန်တဲ့မိတ်ဆွေရဖို့မျော်လင့်နေခြင်း…

💦အေးအေးဆေးဆေးနေပြီး ပျင်းနေပြီးတော့ မျော်လင့်ချက်ပန်းတိုင်ရောက်မယ်လို့ စိတ်ကူးနေခြင်း…

💦နေ့စဉ်လင်မယားရန်ဖြစ်ပြီး အိမ်မှာအေးချမ်းမှုရမယ်လို့ မျော်လင့်နေခြင်း…

💦သားသမီးကို သာသနာ့အသိပညာနဲ့အတူ ပဲ့ပြင်မှုတွေမပြုလုပ်ပဲ ယဉ်ကျေးပြီး အမိန့်နာခံတဲ့ သားသမီးဖြစ်လာမယ်လို့ မျော်လင့်နေခြင်း…

💦ရောဂါဖြစ်နေတဲ့အခါ တားထားတဲ့ကိစ္စရပ်တွေကို ရှောင်ကျဉ်မှုမပြုပဲနဲ့ ကျန်းမာရေးအမြန်ပြန်ကောင်းနိုင်တယ်လို့ မျော်လင့်နေခြင်း…

ကလောင်မင်း


No comments:

Post a Comment