Monday, May 22, 2017

ဖြုစင်ခြင်း

💦နှုတ်လျှာဟာ မှန်ကန်မှုရှိလာတဲ့အခါ နှလုံးသားကလဲ မှန်ကန်လာပါလိမ့်မယ်။

💦အရှက်တရားရှိခြင်းနဲ့အတူ ကောင်းမှုများဒွန်တွဲနေပြီး အရှက်တရားမဲ့ခြင်းနဲ့အတူ မကောင်းခြင်းများ ဒွန်တွဲလျက်ရှိနေပါတယ်။

💦အလ္လာဟ်အရှင်မြတ်သခင်ကလွဲ၍ ဘယ်သူ့အပေါ်မှာမှ မျော်လင့်ချက်မထားသင့်ပါဘူး။

💦မိမိရဲ့အပြစ်မရှိပဲနဲ့ ဘယ်သူ့ကိုမှကြောက်ရွံ့နေစရာမလိုပါဘူး။

💦မှန်ကန်တဲ့သူဆိုတာ သူ့ရဲ့ နှုတ်ထွက်စကား လုပ်ရပ်နဲ့အခြေနေအားလုံးဟာ အမြဲအမှန်တရားအပေါ်မှာရှိနေရမယ်။

💦ခန္ဓာကိုယ်ရဲ့ကျန်းမာမှုဟာ အလွန်အကျွံမစားပဲ လျော့စားခြင်းအပေါ်မှာမှုတည်နေပြီး နှလုံးသားရဲ့ကျန်းမာခြင်းကတော့ ဂိုနာဟ်တွေရှောင်ကျဉ်ခြင်းအပေါ်မှာ မူတည်ပါတယ်။

💦စိတ်ထားလှပမှုမရှိပဲ ရုပ်ရည်လှပခြင်းဟာ ရနံ့နည်းပြီး အဆူးများတဲ့ ပန်းတဲ့တူဆင်ပါတယ်။

ကလောင်မင်း


No comments:

Post a Comment