🌑သာသနာ့ပညာရှင်များရဲ့ခေါင်းဆောင်ဆွဟာဗီ ကေယာမသ်နေ့ကျရင် ဘယ်သူဖြစ်မလဲ?
🌕 ကေယာမသ်နေ့ကျရင် အလ္လာဟ်အရှင်မြတ်သခင်ရဲ့ ရှေ့တော်မှောက်မှာ အိုလမာ သာသနာပညာရှင်တွေ အခစားဝင်ရောက်တဲ့အခါ အားလုံးရဲ့အရှေ့ဆုံးမှာ ဟဇရသ်မိုအားဇ်ဗင်န်ဂျဗလ်(ရသွေ့)သခင်ဖြစ်ပါလိမ့်မယ်။
(ကန်ဇွလ်အမ္မာလ်ကျမ်း)
တင်ပြသူ
ကလောင်မင်း
Monday, July 3, 2017
အသိတစ်ခု
Saturday, July 1, 2017
မိမိကိုယ်မိမိစဉ်းစားစေလို…
💎ကျွန်တော်တို့ဟာ အလ္လာဟ်အရှင်မြတ်သခင်ကိုတော့သိကြတယ်။ သို့သော် အလ္လာဟ်ကို သိရှိခြင်းရဲ့ တာဝန်ကိုတော့ မကျေပွန်ကြဘူး။
💎ကျွန်တော်တို့ဟာ ကုရ်အာန်ကိုတော့ ဖတ်ကြပါတယ်။ သို့သော် ကုရ်အာန်ရဲ့မိန့်မှာချက်အတိုင်း မလိုက်နာကြပါဘူး။
💎ကျွန်တော်တို့ဟာ တမန်တော်မြတ်(ဆွ)သခင်ကို ချစ်တဲ့အကြောင်းတော့ ကြွေးကျော်ကြပါတယ်။ သို့သော် စွန္နသ်အပေါ်မှာတော့ မလျှောက်လမ်းကြပါဘူး။
💎ကျွန်တော်တို့ဟာ ရှိုင်သွာန်ကို မုန်းတီးကြောင်းကြေငြာကြပါတယ်။ သို့သော် ရှိုင်သွာန်နဲ့ ဆန့်ကျင်မှုတော့ မလုပ်ကြပါဘူး။
💎ကျွန်တော်တို့ဟာ ဂျန္နသ်ကိုတော့ လိုချင်ကြပါတယ်။ သို့သော် ဝင်ရောက်နိုင်ဖို့ ဘာမှ ကြိုတင်ပြင်ဆင်မှု အစီစဉ်တွေတော့ မလုပ်ကြပါဘူး။
💎ကျွန်တော်တို့ဟာ ဂျဟန္နမ်ကနေတော့ ခိုလှုံခွင့်တောင်းခံကြပါတယ်။ သို့သော် ကိုယ်တိုင် အဲ့ဒီထဲမှာ ရောက်ရှိဖို့ ထည့်နေကြပါတယ်။
💎ကျွန်တော်တို့ဟာ သေခြင်းတရားကိုတော့ မှန်ကန်ကြောင်းယုံကြည်ကြပါတယ်။ သို့သော် ပြင်ဆင်မှုတော့ မလုပ်ထားကြဘူး။
💎ကျွန်တော်တို့ဟာ မိတ်ဆွေညီနှောင်တွေရဲ့ အပြစ်ကိုတော့ ရှာတတ်ကြပါတယ်။ သို့သော် ကိုယ့်အပြစ်ကိုတော့ မမြင်ကြပါဘူး။
💎ကျွန်တော်တို့ဟာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ နေအ်မသ်တွေကို သုံးစွဲစားသောက်ကြပါတယ်။ သို့သော် ရှုကွရ် ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးတင်ခြင်းတော့ မရှိကြပါဘူး။
💎ကျွန်တော်တို့ဟာ သေဆုံးသူတွေကိုတော့ မြုတ်နှံနေကြပါတယ်။ သို့သော် သံဝေဂတရား မရယူနိုင်ကြပါဘူး။
တင်ပြသူ
ကလောင်မင်း
သက်သေ သက်သေ
မိထ္ထီလာက ဗလီတွေက ဗုဒ္ဓသာဟာ အကြမ်းဖက်ဆိုတာ သက်သေ
ဗလီဘေးကစေတီငယ်ဟာ အဓမ္မရဲ့ သက်သေ
ဆုံးသွားတဲ့ သာသနာ့ကလေးငယ်တွေဟာ နှောက်တမလွန်က သက်သေ
တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နာဖုံးဟာ အကြမ်းဖက်ဘုန်းကြီးရှိကြောင်း သက်သေ
ပိတ်ထားခံရတဲ့ ဘာသာရေး အဆောက်အအုံတွေဟာ မျှတမှုကင်းကြောင်း သက်သေ
ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးတွေဟာ နှောင်တစ်ချိန်မှာ အိပ်ရာဝင်ပုံပြင်ဖြစ်မယ့် သက်သေ
သူရဲသမိန်မှာ တရားဥပဒေဆိုးမိုးမှုမရှိခဲ့ရင် လိမ်လည်တဲ့ပါးစပ်တွေ သက်သေ
ဗလီမရှိရင် ဝတ်ပြုလို့မရတော့ဘူးထင်ရင် မင်းတို့ပြိန်းကြောင်း သက်သေ
သွေးမျက်ရည်ကျတဲ့ ငါတို့နှလုံးသားဟာ နာကျင်ခြင်းရဲ့ သက်သေ
ကျုပ်တို့အဖိနိုပ်ခံဆိုတာ ဒီအမှတ်သားတွေက သက်သေ
နှစ်စဉ်အနှုတ်ပြနေတဲ့ ဘာသာကြီးတစ်ခုပျောက်သွားခဲ့ရင် ဘာကြောင့်လဲရှင်းပြနေစရာ မလိုရအောင် မြန်မာပြည်က သက်သေ
ခင်ဗျားတို့အလှည့်ပြန်ကျရင် ဝဋ်ဆိုတာရှိကြောင်း ဒီအဖြစ်ပျက်တွေက သက်သေ
မျက်ရည်ကျနေတဲ့ မျက်လုံးတွေဟာ သမိုင်းကိုလက်ဆင့်ကမ်းရမယ်ဆိုတာ အသိပေးနေတဲ့ သက်သေ
ဟောဒီကမ္ဘာမြေကြီးက သက်သေ ဟိုးးးကောင်းကင်ကြီးက သက်သေ
ခင်ဗျားတို့ ခင်ဗျားတို့ ခင်ဗျားတို့တွေ အလှည့်ကျရင် မနွဲ့စတမ်းပေါ့ အားလုံးကိုညွန်ပြီးပြောလိုက်တဲ့ ကျုပ်လက်ညိုးက သက်သေ
ကလောင်မင်း