💎ကျွန်တော်တို့ဟာ အလ္လာဟ်အရှင်မြတ်သခင်ကိုတော့သိကြတယ်။ သို့သော် အလ္လာဟ်ကို သိရှိခြင်းရဲ့ တာဝန်ကိုတော့ မကျေပွန်ကြဘူး။
💎ကျွန်တော်တို့ဟာ ကုရ်အာန်ကိုတော့ ဖတ်ကြပါတယ်။ သို့သော် ကုရ်အာန်ရဲ့မိန့်မှာချက်အတိုင်း မလိုက်နာကြပါဘူး။
💎ကျွန်တော်တို့ဟာ တမန်တော်မြတ်(ဆွ)သခင်ကို ချစ်တဲ့အကြောင်းတော့ ကြွေးကျော်ကြပါတယ်။ သို့သော် စွန္နသ်အပေါ်မှာတော့ မလျှောက်လမ်းကြပါဘူး။
💎ကျွန်တော်တို့ဟာ ရှိုင်သွာန်ကို မုန်းတီးကြောင်းကြေငြာကြပါတယ်။ သို့သော် ရှိုင်သွာန်နဲ့ ဆန့်ကျင်မှုတော့ မလုပ်ကြပါဘူး။
💎ကျွန်တော်တို့ဟာ ဂျန္နသ်ကိုတော့ လိုချင်ကြပါတယ်။ သို့သော် ဝင်ရောက်နိုင်ဖို့ ဘာမှ ကြိုတင်ပြင်ဆင်မှု အစီစဉ်တွေတော့ မလုပ်ကြပါဘူး။
💎ကျွန်တော်တို့ဟာ ဂျဟန္နမ်ကနေတော့ ခိုလှုံခွင့်တောင်းခံကြပါတယ်။ သို့သော် ကိုယ်တိုင် အဲ့ဒီထဲမှာ ရောက်ရှိဖို့ ထည့်နေကြပါတယ်။
💎ကျွန်တော်တို့ဟာ သေခြင်းတရားကိုတော့ မှန်ကန်ကြောင်းယုံကြည်ကြပါတယ်။ သို့သော် ပြင်ဆင်မှုတော့ မလုပ်ထားကြဘူး။
💎ကျွန်တော်တို့ဟာ မိတ်ဆွေညီနှောင်တွေရဲ့ အပြစ်ကိုတော့ ရှာတတ်ကြပါတယ်။ သို့သော် ကိုယ့်အပြစ်ကိုတော့ မမြင်ကြပါဘူး။
💎ကျွန်တော်တို့ဟာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ နေအ်မသ်တွေကို သုံးစွဲစားသောက်ကြပါတယ်။ သို့သော် ရှုကွရ် ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးတင်ခြင်းတော့ မရှိကြပါဘူး။
💎ကျွန်တော်တို့ဟာ သေဆုံးသူတွေကိုတော့ မြုတ်နှံနေကြပါတယ်။ သို့သော် သံဝေဂတရား မရယူနိုင်ကြပါဘူး။
တင်ပြသူ
ကလောင်မင်း
Saturday, July 1, 2017
မိမိကိုယ်မိမိစဉ်းစားစေလို…
Subscribe to:
Post Comments (Atom)
No comments:
Post a Comment