Saturday, July 1, 2017

သက်သေ သက်သေ

မိထ္ထီလာက ဗလီတွေက ဗုဒ္ဓသာဟာ အကြမ်းဖက်ဆိုတာ သက်သေ

ဗလီဘေးကစေတီငယ်ဟာ အဓမ္မရဲ့ သက်သေ

ဆုံးသွားတဲ့ သာသနာ့ကလေးငယ်တွေဟာ နှောက်တမလွန်က သက်သေ

တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နာဖုံးဟာ အကြမ်းဖက်ဘုန်းကြီးရှိကြောင်း သက်သေ

ပိတ်ထားခံရတဲ့ ဘာသာရေး အဆောက်အအုံတွေဟာ မျှတမှုကင်းကြောင်း သက်သေ

ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးတွေဟာ နှောင်တစ်ချိန်မှာ အိပ်ရာဝင်ပုံပြင်ဖြစ်မယ့် သက်သေ

သူရဲသမိန်မှာ တရားဥပဒေဆိုးမိုးမှုမရှိခဲ့ရင် လိမ်လည်တဲ့ပါးစပ်တွေ သက်သေ

ဗလီမရှိရင် ဝတ်ပြုလို့မရတော့ဘူးထင်ရင် မင်းတို့ပြိန်းကြောင်း သက်သေ

သွေးမျက်ရည်ကျတဲ့ ငါတို့နှလုံးသားဟာ နာကျင်ခြင်းရဲ့ သက်သေ

ကျုပ်တို့အဖိနိုပ်ခံဆိုတာ ဒီအမှတ်သားတွေက သက်သေ

နှစ်စဉ်အနှုတ်ပြနေတဲ့ ဘာသာကြီးတစ်ခုပျောက်သွားခဲ့ရင် ဘာကြောင့်လဲရှင်းပြနေစရာ မလိုရအောင် မြန်မာပြည်က သက်သေ

ခင်ဗျားတို့အလှည့်ပြန်ကျရင် ဝဋ်ဆိုတာရှိကြောင်း ဒီအဖြစ်ပျက်တွေက သက်သေ

မျက်ရည်ကျနေတဲ့ မျက်လုံးတွေဟာ သမိုင်းကိုလက်ဆင့်ကမ်းရမယ်ဆိုတာ အသိပေးနေတဲ့ သက်သေ

ဟောဒီကမ္ဘာမြေကြီးက သက်သေ ဟိုးးးကောင်းကင်ကြီးက သက်သေ

ခင်ဗျားတို့ ခင်ဗျားတို့ ခင်ဗျားတို့တွေ အလှည့်ကျရင် မနွဲ့စတမ်းပေါ့ အားလုံးကိုညွန်ပြီးပြောလိုက်တဲ့ ကျုပ်လက်ညိုးက သက်သေ

ကလောင်မင်း


No comments:

Post a Comment