အလှပြင်ဆိုင်သွား၍အလှပြင်ခြင်း အလှပြင်ဆိုင်မှာအလုပ်သင်ခြင်း ပြန်သင်ကြားပေးခြင်းက ရှရီအသ်အမိန့်အရ ဘယ်လိုရှိပါသလဲ?
အစ္စလာမ်သာသနာရဲ့ သိပ်လှပလွန်းတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေ အမျိုးသမီးတွေကို ပြင်ဆင်ခွင့် လိမ်းဖြီးခြယ်သခွင့်ကို အပြည့်အဝခွင့်ပြုထားပါတယ်။ ဘယ်လောက်အထိလဲဆိုရင် ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေ နဲ့ လှပတဲ့ဆင်ယဉ်မှုတွေ အစရှိတဲ့အရာတွေကို သုံးစွဲဖို့ ပြည့်ပြည့်ဝဝခွင့်ပြုထားပါတယ်။ တစ်ကယ်လို့ဒါဟာ မိမိခင်ပွန်းရဲ့စိတ်ကိုပျော်စေဖို့ စွဲဆောင်မှုဖြစ်စေဖို့ အချစ်တွေတိုးစေဖို့အတွက် ဖြစ်မယ်ဆိုရင် ပိုင်ယုံတင်မက ပို၍တောင်ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။
သို့သော်လည်း တက်တူး ဒီဇိုင်းကွက်တွေဖော်ခြင်း မလိုအပ်တဲ့ သွားအတုတွေထည့်ပြီးပြင်ခြင်း ဆံပင်စိုက် ဆံပင်ညုက်ခြင်း မျက်ခုံးမွေးပါးပစ်ခြင်း စသဖြင့် ဒီလိုလုပ်ရပ်တွေပြုလုပ်ခြင်း လုပ်ပေးခြင်းမပိုင်သလို ဒီလိုပြင်ဆင်လှပမှု လိမ်းဖြီးခြယ်သမှုကိုလဲ သာသနာက နှစ်သက်ခြင်းမရှိပါ။ အဲ့ဒီအပြင် အဲ့လိုလုပ်ရပ်တွေပြုလုပ်တဲ့သူတွေအပေါ်မှာလဲ တမန်တော်မြတ်(ဆွ)ရဲ့ လအ်နသ်ပို့ထားတဲ့ဟဒီးစ်တွေလဲရှိနေပါတယ်။
ဒါကြောင့်မို့ ပိုင်တဲ့ဘောင်ထဲကနေ နေပြီးအလှပြင်တဲ့အလုပ်လုပ်ခြင်း သင်ကြားပေးခြင်းဟာ ပိုင်ပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုက ရှရီအသ်က မပိုင်ပါဘူးလို့ ပြဌာန်းထားတဲ့ လုပ်ရပ်တွေပါဝင်နေလို့မရပါဘူး။ ဥပမာ မလုံမခြုံဖြစ်ခြင်း၊ပရ်ဒါမဲ့ခြင်း၊ညစ်ညမ်းပြီး မသန့်ပြန့်တဲ့အရာကိုသုံးစွဲခြင်း၊ခန္ဓာကိုယ်ကို အချည်းအနှီးဖြစ်စေတဲ့လုပ်ရပ်တွေနဲ့ ဟရာမ်အလုပ်တွေကို ကျုးလွန်ခြင်း စသဖြင့်…
သိထားရမှာက လက်ရှိကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ အလှပြင်ဆိုင် အများပိုင်းဟာ မပိုင်တဲ့အရာတွေကနေ မလွတ်ကင်းပါဘူး။ အဲ့ဒီမှာ အနောက်တိုင်းရဲ့ဓလေ့တွေ ရိုးရာတွေ သူတို့ရဲ့ ယဉ်ကျေးမှုတွေပြည့်နက်နေပါတယ်။ အများပိုင်းဟာလည်း ဖြုံးတီးခြင်း မလိုအပ်ပဲ အပိုသုံးစွဲခြင်းတွေဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီလိုလုပ်ရပ်တွေ အဲ့ဒီအရာတွေကနေ ရှောင်ကျဉ်ခြင်းသာလျင် ပိုကောင်းပါတယ်။
မရ်ကဇွလ်ဗဟတ်စ်ဝလ်အိဖ်သဟ် ဂျာမီအာအစ္စလာမီယဟ် အရှ်ဖွလ်အူလူးမ် (မွမ်ဘိုင်း)
#ကလောင်မင်း
Monday, November 13, 2017
အလှပြင်ခြင်းဆိုင်ရာအမိန့်
Sunday, November 12, 2017
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ ရှရိက်လုပ်တာတွေမတွေ့ခဲ့ရဘူး။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ ဗေဒ်အသ်လုပ်နေတာတွေမတွေ့ခဲ့ရဘူး။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ တမန်တော်မြတ်(ဆွ)ရဲ့ ဘဝသမိုင်း လုပ်ဆောင်ချက်တွေနဲ့ မိန့်မှာချက်တွေအပေါ်မှာ လိုက်နာကျင့်သုံးနေတာကို တွေ့ခဲ့ရတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ ဆွဟာဗာတွေနဲ့ အဟ်လေဗိုင်သ်အပေါ်မှာ ဂုဏ်ပေးလေစားခြင်းနဲ့ ထပ်ချပ်မခွာလိုက်နာခြင်းကိုတွေ့ခဲ့ရတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ ဆွဟာဗာတွေကဲ့သို့ သာသနာ အဓွန့်ရှည်တိုးတက်စေဖို့ အသက်နဲ့ပစ္စည်းဥစ္စာတွေရဲ့ စွန့်လှုခြင်းအတွက် အတိုင်းဆမဲ့စိတ်အားထက်သန်မှုနဲ့ အဲ့ဒီအပေါ်မှာ လုပ်ဆောင်နေတာကိုတွေ့ခဲ့ရတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ သူတော်စင်အကြီးအကဲများနဲ့ သာသနာ့ပညာရှင်များအား ရှရီအသ်နဲ့ကိုက်ညီစွာ ဂုဏ်ပေးမှု နာခံမှုကို တွေ့ခဲ့ရတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ မွေးရပ်မြေကို စစ်မှန်တဲ့ချစ်စိတ်နဲ့ ရန်သူတွေရဲ့ရှေ့မှာ ကျည်တွေကိုကာကွယ်ရငိး ကြံ့ကြံ့ခံတဲ့ တံတိုင်းသဖွယ်ဖြစ်ခဲ့တာကို မြင်ခဲ့ရတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ ကြောက်စရာကောင်းတဲ့ ဖိသ်နာတိုင်းရဲ့ဆန့်ကျင်ဘက် ကြံ့ကြံ့ခံရင်ဆိုင်းချေမှုန်းပြီး အစ္စလာမ်ကို ကာကွယ်ထိန်းသိမ်းခဲ့တာတွေကို မြင်ခဲ့ရတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါ။
ဘာကြောင့်လဲဆိုတော့ ဒီယိုဗန်ဒီအသိုင်းဝိုင်းမှာ မွတ်စ်လင်မ်အားလုံးရဲ့ ပညာရေးအခန်းကဏ္ဌကိုသောက ပိုက်ပြီးညီညွတ်ခြင်းနဲ့ အစ္စလာမ်ကြောင့်ငြိမ်းရေးဖြစ်ထွန်းလာစေရေးကို တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်နေမှုကို မြင်တွေ့ခဲ့ရတယ်။
ဒါကြောင့် ကျွန်တော်ဂုဏ်ယူပြီး ဝံ့ကြွားစွာပြောပါတယ်။
ဟုတ်ကဲ့ ကျွန်တော်ဒီယိုဗန်ဒီပါဗျာ။
Saturday, November 11, 2017
လိမ်ပြောခွင့်ရှိတဲ့အခြေနေသုံးခု
နေရာသုံးခုမှာ လိမ်ပြီးပြောခြင်းဟာ အခြေနေအရ ပိုင်ပါတယ်။
၁။လူတွေရဲ့ကြားထဲမှာ သင့်မြတ်မှုရလာအောင် ပြုလုပ်နေတဲ့အချိန်
၂။ဂျေဟာဒ်ဖြစ်နေတဲ့ တိုက်ပွဲရဲ့အခြေနေမှာ
၃။ခင်ပွန်းက ဇနီးနဲ့ စကားပြောတဲ့အချိန်။
(မိရှ်ကားသ်)
လိမ်လည်ခြင်းဟာ မကောင်းတဲ့လုပ်ရပ်ပါ အဲ့ဒီလိမ်လည်မှုဟာ လူသားကို ဖျက်ဆီးပစ်ပါတယ်။ ဖရိရှ်သာတွေတောင် အဲ့ဒီရဲ့ မကောင်းတဲ့ လိမ်လည်မှုရဲ့အနံ့ဆိုးတွေကနေ မိုင်ပေါင်းများစွာ ဝေးဝေးရှောင်ကြတယ် ဒါကြောင့် လိမ်လည်မှုဆိုတဲ့အရာကို တားမြစ်ထားခြင်းပါ။
သို့ပေမယ့်လည်း သုံးခုသောနေရာမှာ ရှုထောင့်အချို့အရ လိမ်ပြောလိုက်လို့ရပါတယ်။
၁။ ပထမအခြေနေကတော့ လူနှစ်ယောက်ရဲ့ကြားမှာ ရန်ငြိုးရန်စွယ်ရှိနေမှုကို ဝေးကွာစေဖို့ အဲ့ဒီလူနှစ်ဦးကို သင့်မြတ်စေဖို့ တစ်စုံတစ်ယောက်ကလိမ်ပြောလိုက်တယ်ဆိုရင် ပိုင်ပါတယ်။
ဥပမာ တစ်ယောက်က "ဟိုလူကတော့ ခင်ဗျားကိုချီးမွမ်းနေတာ ခင်ဗျားရဲ့ကောင်းကြောင်းတွေပြောပြီး ချီးကျုးနေတာ" စသဖြင့် ပြောလိုက်ခြင်း အမှန်တစ်ကယ်တော့ ဟိုပုဂ္ဂိုဟ်က ဘာမှမပြောပေမယ့်လည်း သူတို့နှစ်ယောက်ကြားမှာ ဒီလိုစကားပြောပေးခြင်းကြောင့် သင့်မြတ်မှုရပါစေဆိုတဲ့စိတ်နဲ့ ပြောလိုက်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ ပိုင်တဲ့လုပ်ရပ်ပါ။
၂။ဒုတိယအခြေနေကတော့ ဂျေဟားဒ်စစ်မြေပြင်မှာ လှည့်စား လိမ်လည်လိုက်ခြင်း ပိုင်ပါတယ်။ ဂျေဟားဒ်ရဲ့ အမိန့်တွေဟာ တခြားအခြေနေကအမိန့်တွေနဲ့ ကွဲလွဲပါတယ်။ တစ်ချို့အရာတွေက တခြားအခြေနေမှာ မပိုင်ပေမယ့် ဂျေဟားဒ်မှာပိုင်တာရှိပါတယ်။
ဥပမာ သတ်ဖြတ်ခြင်း စသဖြင့်ပေါ့ အဲ့တော့ အရေးကြုံလာတဲ့အခါ အခြေနေနဲ့ဆန့်ကျင်တဲ့ အကြောင်းအရာကို ပြောလို့ရတယ်။
ဥပမာ ရန်သူကိုအကြံအစည်နဲ့ "မင်းရဲ့နောက်မှာ စစ်တပ်ကြီးတွေလာနေပြီ" ဘာညာစသဖြင့် ပြောလိုက်လို့ သူလှည့်သွားတဲ့အခါ ကိုယ့်ရဲ့အကြံအစည်ကို အောင်မြင်အောင်အသုံးချလို့ရအောင်ပဲဖြစ်တယ်။ ဒီလို လိမ်လည် လှည့်ကွက်သုံးခြင်းဟာ စစ်ပွဲမှာ လုပ်ပိုင်ပါတယ်။
၃။တတိယအခြေနေကတော့ ယောက်ျားက မိမိရဲ့ဇနီးကို ပျော်ရွှင်စေဖို့အတွက် အမှန်တစ်ကယ်မဟုတ်တဲ့ စကားတွေကိုပြောဆိုခြင်းပါ။
ဥပမာ "မင်းလောက်ကောင်းပြီး မင်းလိုစိတ်သဘောထားမြင့်မြတ်တဲ့ အမျိုးသမီးကို ငါလုံးဝမမြင်မိဘူး" "တစ်ကယ့်တော့မင်းရဲ့အလှမှာ ပြစ်ချက်ဆိုတာ မရှိပါဘူးကွာ" စသဖြင့် အဲ့လိုပြောခြင်းဟာ ပိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ နှလုံးသားနူးညံ့တယ် ချီးမွမ်းတာတွေကိုကြိုက်တယ်။ နဲနဲချီးမွမ်းလိုက်ရင်တောင် သူတို့တအားပျော်သွားတတ်ကြတယ် အဲ့ဒါကြောင့် အဲ့လိုအခြေနေမျိုးမှာ လိမ်ပြီးပြောခွင့်ရှိပါတယ်။
Friday, November 10, 2017
💞အချည်းအနှီး ပါပဲ💞
💞အတွေ့အကြုံမရှိပဲ ယုံကြည်အားကိုးခြင်းက အချည်းအနှီး ပါပဲ။
💞မိတ်ဆွေမရှိတဲ့ဘဝသက်တမ်းဟာ အချည်းအနှီး ပါပဲ။
💞ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ကြိုးစားမှုဟာ အချည်းအနှီး ပါပဲ။
💞အမလ်မရှိပဲ ပြောတဲ့စကားဟာ အချည်းအနှီး ပါပဲ။
💞နီယသ်မမှန်တဲ့ ကောင်းမှုဟာ အချည်းအနှီး ပါပဲ။
💞ရက်ရောမှုမရှိတဲ့ ကြွယ်ဝမှုဟာ အချည်းအနှီး ပါပဲ။
💞အေဗာဒသ်နဲ့ခေဒ်မသ်မရှိရင် နုပျိုမှုဟာ အချည်းအနှီး ပါပဲ။
Thursday, November 9, 2017
အဖေမသိခဲ့သော အမေခံစားခဲ့ရတဲ့ ဒုက္ခသုံးခု
မိခင်ဒုက္ခခံခဲ့ရတဲ့ အရာသုံးခုရှိပါတယ် အဲ့ဒီခံစားမှုမျိုးကို ဖခင်တောင် မသိနိုင်ပါဘူး။
၁။ကိုယ်ဝန်ဆောင်တဲ့ ကိုးလတာကာလမှာ ကိုယ်ဝန်ကိုလွယ်ထားရတဲ့ဒုက္ခ။
၂။မွေးဖွားတဲ့အချိန်မှာ ခံစားရတဲ့ဒုက္ခ။
၃။မွေးဖွားပြီးတဲ့နောက်ပိုင်း ခန္ဓာကိုယ်ရဲ့ အသွေးအသားတွေကနေ နို့အသွင်ဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်း နို့တိုက်တဲ့ဒုက္ခ။
မိခင်ဆိုတာ လူသားအတွက် အတိုင်းအဆမဲ့ ချစ်ခင်ကြင်နာတဲ့ ပြယုဂ်ပါ။ အလ္လာဟ်ဘက်က ချီးမြှင့်ပေးတဲ့ ကြီးမားတဲ့နေအ်မသ်တစ်ခုလဲဖြစ်တယ်။ မိခင်ခံစားခဲ့ရတဲ့ အခက်အခဲတွေ ဒုက္ခတွေဟာ မိခင်ကိုသာသိနိုင်ပြီး အဖေတောင်အဲ့ဒီခံစားမှုမျိုးကို မသိပါဘူး။
အဲ့ဒီဒုက္ခတွေထဲမှာ ပြင်းထန်တဲ့ သုံးခုက…
(1)ကိုယ်ဝန်ရှိလာပြီဆိုတဲ့အခါ ကိုးလတာကာလအထိ သူမရဲ့ဗိုက်ထဲမှာ ဝန်တစ်ခုဟာရှိနေပါပြီ အဲ့ဒီဝန်ဟာ စိုးရိမ်စရာကောင်းပြီး အေးအေးချမ်းချမ်းဟိုဘက်ဒီဘက် လှည့်ဖို့တောင် အခွင့်မသာတဲ့ ဒုက္ခ အခြေနေမျိုးပါ။ ဒီကိုယ်ဝန်ဆောင်တဲ့ကာလတစ်လျှောက်လုံးဟာ အခက်အခဲတွေ သောကတွေ ဒုက္ခတွေကြားထဲမှာ ကျော်ဖြတ်နေရတာပါ။ အဲ့ဒီအခက်အခဲကို ဖခင်တောင်ပါဝင် မျှကူခံစားပေးလို့မရပါဘူး။
အဲ့ဒီခံစားရတဲ့ဒုက္ခကို ကုရ်အာန်က حملته امه كرھا ဆိုတဲ့ စကားလုံးနဲ့ တင်ပြထားပါတယ်။
(2)ဒုတိယဒုက္ခက မိခင်ဟာမွေးဖွားတဲ့ အချိန်မှာ ခံစားရတဲ့ဒုက္ခပါ။ မွေးဖွားတဲ့အချိန်ကာလဆိုတာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်း နှစ်ခုကြားမှာ ချိတ်ဆက်ထားပြီး အဲ့ဒီကြားကာလကို ဖြတ်သန်းနေရတဲ့ အချိန်ပါပဲ။ နာကျင်မှုရဲ့ပြင်းထန်မှုကြောင့် မိခင်ဟာ ငြီးတွားပြီး ဖြတ်သန်းခဲ့ရတယ်။ အဲ့ဒီအခက်အခဲကို ဖခင်တောင်ပါဝင် မျှကူခံစားပေးလို့မရပါဘူး။ အဲ့ဒါကို အလ္လာဟ်အရှင်မြတ်သခင်က ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ووضعته کرھا ဆိုတဲ့ စကားလုံးနဲ့ တင်ပြထားပါတယ်။
(3)တတိယဒုက္ခကတော့ မွေးဖွားပြီးတဲ့နောက်ပိုင်းပဲဖြစ်တယ်။ အဲ့ဒါကတော့ မိခင်ရဲ့ ခန္ဓာကိုယ်သွေးကနေ ပြောင်းလဲလာတဲ့နို့ချိုတိုက်ကြွေးခြင်းပါ။ အဲ့ဒီမှာလဲ အဲ့ဒီအခက်အခဲကို ဖခင်ပါဝင် မျှကူခံစားပေးလို့မရပါဘူး။ အဲ့ဒီဒုက္ခတွေရဲ့ အသိဟာမိခင်မှာပဲရှိတာဖြစ်ပြီး မိခင်ဟာ အဲ့ဒီဒုက္ခတွေကို မျိုသိပ်ခံခဲ့ရသလို ခံနိုင်ရည်လဲရှိခဲ့ကြတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက မိခင်ဟာ အဲ့ဒါကို ပြန်ပြောင်းပြောပြပြီး ဘယ်တော့မှ ဘယ်လိုဘယ်ဝါဖြစ်ကြောင်း ကလေးတွေအပေါ်မှာ ဂုဏ်မဖော်တတ်ဘူး။ ဘာကြောင့်လဲဆိုရင် အမေဆိုတာ ကြင်နာခြင်း ဂရုဏာရှိခြင်းရဲ့ ပြယုဂ်ပဲလေ။
အလ္လာဟ်အရှင်မြတ်သခင် အားလုံးကို မိဘရဲ့အမိန့်နာခံပြီး ပြည့်ဝတဲ့ခေဒ်မသ်လုပ်ခွင့် ချီးမြှင့်ပေးသနားတော်မူပါစေ။ (အာမီန်း)
သောင်ဗာတံခါးကိုပိတ်သွားစေမယ့် အရာသုံးခု
တမန်တော်မြတ်သခင် အမိန့်ရှိတော်မူတယ် သုံးခုသောအရာပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အီမာန်ယူလာခြင်း ကောင်းမွန်တဲ့ အမလ်တွေလုပ်ဆောင်ခြင်းဟာ လက်ခံခြင်းခံရမှာမဟုတ်ပါဘူး။
၁။ နေမင်းဟာ အနောက်အရပ်ကနေ ပေါ်ထွက်လာတဲ့အခါ။
၂။ဒဂ်ျဂျာလ်ထွက်လာတဲ့အခါ။
၃။ဒါဗသွလ်အရ်ဒွ တရိစ္ဆာန်ပေါ်ထွက်လာတဲ့အခါ။
ဆိုလိုတာက သောင်ဗာရဲ့တံခါးပေါက်ပိတ်သွားမယ့် ပထမအချက်က နေမင်းဟာ အနောက်ဘက်ကနေ ထွက်လာခြင်း ဒုတိယအချက်က ဒဂ်ျဂျာလ်ရဲ့ပေါ်ထွက်လာမှု တတိယအချက်က အလွန်ကြီးမားတဲ့ တရိစ္ဆာန်တစ်ကောင် အဲ့ဒီအကောင်က ဆွဖာတောင်ထဲကနေ ကေယာမသ်မဖြစ်ခင် အလျင်ထွက်လာလိမ့်မယ်။
အဲ့ဒီသုံးခုပေါ်လာပြီးရင်တော့ ဘယ်လိုသောင်ဗာမျိုးမှ လက်ခံခြင်းခံရတော့မှာမဟုတ်ပါဘူး။
Wednesday, November 8, 2017
💞ပိုကောင်းပါတယ် 💞
💞အကျင့်ယုတ်ပြီး စာရိတ္တမကောင်းတဲ့သူရဲ့ အနားမှာနေတာထက် မြွေရဲ့အနားမှာနေတာ ပိုကောင်းပါတယ်။
💞ဒုက္ခကို ရှာဖွေတာထက် သောကတွေကို စားသုံးနေရတာက ပိုကောင်းပါတယ်။
💞အရှက်မဲ့နေရမယ့် ဘဝထက် သိက္ခာနဲ့သေလိုက်တာက ပိုကောင်းပါတယ်။
💞နေရာအနေအထားကြည့်ပြီး မပြောဆိုတတ်တဲ့အကျင့်နဲ့စာရင် အ နေတာက ပိုကောင်းပါတယ်။
💞ဟရာမ်ပိုက်ဆံနဲ့ ချမ်းသာနေရမှာထက် ဆင်းရဲနေတာက ပိုကောင်းပါတယ်။
💞ယုတ်ညံ့တွန့်တိုတဲ့သူရဲ့ လက်ဆောင်ပေးကမ်းကူညီမှုထက် မွဲနေတာက ပိုကောင်းပါတယ်။
💞စိုးရိမ်ထိတ်လန့်ပြီးရတဲ့ အဆင့်မြင့်အစားအသောက်တွေထက် အေးအေးချမ်းချမ်းရတဲ့ မုန့်ခြောက်က ပိုကောင်းပါတယ်။
Monday, November 6, 2017
ဝမ်းနည်းစရာ
အစ္စလာမ်ကို လေ့လာပြီး ဝင်ရောက်လာတဲ့အထဲမှာ နောင်မွတ်စ်လင်မ်အမျိုးသမီး အများပိုင်းဟာ အစ္စလာမ့်ရဲ့ အမျိုးသမီးကို တန်ဖိုးထားပုံ ထိမ်းသိမ်းပုံတွေကို နှစ်သက်ကြလို့ဆိုပြီး အင်တာဗျုးတွေမှာ အများဆုံးဖြေဆိုကြတယ်။
ပရ်ဒါရဲ့ စာအုပ်တွေကိုလေ့လာပြီးရင် ကာဖိရ်အမျိုးသမီးတွေ အစ္စလာမ်ဖြစ်ချင်ဖို့စိတ်အားထက်သန်သွားခဲ့ကြတာဒုနဲ့ဒေးရှိတယ်။
ဝမ်းနည်းစရာကောင်းတာက အစ္စလာမ့်အမျိုးသမီးတွေက အဲ့ဒီပရ်ဒါရဲ့တန်ဖိုးကိုနားမလည်ဘူး။ တမန်တော်မြတ်(ဆွ)ရဲ့ဇနီးတွေ သမီးတွေ ဆွဟာဗာတွေရဲ့ဇနီးတွေနဲ့ အစ္စလာမ့်ခေတ်ဦးပိုင်းက အမျိုးသမီးတွေရဲ့သမိုင်းတွေကို မလေ့လာကြဘူး။ နားမလည်ကြတာများပြီး မသိတာတွေကများတယ်။
အဲ့ဒီအစ္စလာမ့်ခေတ်ဦးပိုင်းမှာ အစ္စလာမ့်အမျိုးသမီးတွေဟာ ပညာတတ်တွေလဲတစ်ဖက်မှာဖြစ်ကြသလို နောက်တစ်ဖက်မှာလုံခြုံစွာပရ်ဒါနဲ့မိမိကိုယ်ကိုယ်မိမိတန်ဖိုးထားနေထိုင်ကြပြီးတော့ အစ္စလာမ်ကိုတိုးတက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေ အများကြီးရှိတယ်။
ခုခေတ်ကတော့ မွတ်စ်လင်မ်မိန်းကလေးအချို့ ရဲ့ပါးစပ်မှာ ကာဖိရ်တွေမေးတဲ့မေးခွန်းတွေ သူတို့ရဲ့ဦးနောက်မှာ ကာဖိရ်တွေရဲ့အတွေးတွေနဲ့ပဲ ပြည့်နက်နေကြတာကများတယ်။
သိပ်ဝမ်းနည်းဖို့ကောင်းလွန်းတယ်။
Sunday, November 5, 2017
အမျိုးသမီးများဗလီသွားခြင်းကိစ္စ
အမျိုးသမီးတွေကို ဗလီကိုပို့ချင်တဲ့ အဖွဲ့တွေက အလုပ်မရှိအလုပ်ရှာ ကြောင်ရေချိုးနေကြတယ်။
သူတို့ရဲ့ စကားတစ်ခုက အမျိုးသမီးတွေဗလီကိုသွားသင့်တယ် သွားခွင့်လဲရှိရမယ် တမန်တော်မြတ်(ဆွ)ရဲ့ ခေတ်မှာလဲ အမျိုးသမီးတွေ ဗလီကိုသွားခဲ့ကြတယ်ဆိုတာကို ထောက်ပြပြောကြတယ်။
ကဲ…ဒီတော့ ရှရီအသ်အရကော ခေတ်အခြေနေအရပါ အမျိုးသမီးတွေကို ဗလီသွားခွင့်ပြုသင့် မပြုသင့်လေ့လာကြည့်ရအောင်။
عن أمّ سلمة رضي اللہ عنھا عن النبي صلی اللہ علیہ وسلم أنہ قال خیر مساجد النساء قعر بیوتھن (بیہقی)
အဓိပ္ပါယ်။
ဟဇရသ်အွမ်မေ့စလ်မဟ်(ရသွေ့)သခင်မ တမန်တော်မြတ်(ဆွ)ထံကနေ ဆင့်ပြန်တယ် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ် အမျိုးသမီးတွေအတွက် အကောင်းဆုံးသောဗလီဟာ သူတို့ရဲ့အိမ်တွင်းအခန်းပဲဖြစ်တယ်။(ဘိုင်ဟကီကျမ်း)
ဒီနေရာမှာ
တမန်တော်မြတ်သခင်ဟာ အိမ်တွင်းအခန်းဟာ အမျိုးသမီးတွေအတွက် အကောင်းဆုံးဗလီဆိုတာ မိန့်ချွေထားပါတယ် တစ်ကယ်လို့သာ အမျိုးသမီးတွေဟာ အိမ်မှာဝတ်ပြုသာထက် ဗလီမှာသွားပြီး ဝတ်ပြုတာက ပိုပြီးစဝါးဗ်ရစေမယ်ဆိုရင် တမန်တော်မြတ်သခင်ဟာ စဝါးဗ်ပိုရစေမယ့် အလုပ်ကို အားပေးမိန့်ချွေမှာသေချာပါတယ်။
တစ်ခုသိထားရမှာက အမျိုးသမီးတွေအတွက် စုပေါင်းဝတ်ပြုဖို့ဆိုတာ မလိုအပ်ပါဘူး စုပေါင်းဝတ်ပြုခြင်းကို လေးလေးနက်နက် အမျိုးသားတွေအတွက်ပဲ အမိန့်ရှိထားတာပါ။
နောက်တစ်ခုက တမန်တော်မြတ်(ဆွ)ရဲ့ခေတ်မှာ တစ်ချို့အမျိုးသမီးတွေ ဗလီသွားကြတယ်ဆိုတာ တမန်တော်မြတ်သခင်ရဲ့ မိန့်မှာချက်တွေကိုသိရှိဖို့ အစ္စလာမ်အဆုံးအမတွေ သာသနာရေးရာကိစ္စရပ်တွေကို မေးမြန်းဖို့သွားတာဖြစ်တယ်။
တမန်တော်သခင်ရှိခဲ့တဲ့ ခေတ်ကာလထက် ပိုကောင်းတဲ့ခေတ်ကာလဟာ ဘယ်တော့မှရှိခဲ့သလို ရှိမှာလဲမဟုတ်ပါဘူး အဲ့တော့ အဲ့ဒီလို တမန်တော်မြတ်ကိုယ်တိုင်ရှိခဲ့တဲ့ ခေတ်ကာလမှာ ဖိသ်နာဟာ နည်းပါးလွန်းပြီး ဆွဟာဗာတွေရဲ့ အရည်အချင်းဟာ ပြောင်မြောက်သလို သူတို့ရဲ့အီမာန်တွေဟာ ကျွန်တော်တို့တွေထက် အစပေါင်းများစွာ သာလွန်ပြီး အထွဋ်အထိပ်မှာရှိတယ် ဒီတော့ အဲ့ခေတ်ရဲ့ အခြေနေဟာ ဘာမှပြောစရာမရှိလှဘူး။
ဒါတောင်အမျိုးသမီး အချို့သာသွားတာဖြစ်သလို တမန်တော်မြတ်သခင်ဟာ အိမ်မှာဝတ်ပြုခြင်းဟာ အမျိုးသမီးအတွက် အကောင်းဆုံးပဲဆိုတာကို မိန့်မှာကြားခဲ့ခြင်းဖြစ်တယ်။
တမန်တော်မြင်သခင်မရှိတဲ့နောက်ပိုင်းခေတ်ကာလမှာ ဟဇရသ်အွမရ်ဟာ အမျိုးသမီးတွေကို ဗလီသွားဖို့ပိတ်ပင်ခဲ့တယ်။ အဲ့ဒီလိုခေတ်ကာလမှာတောင် ပိတ်ပင်ခဲ့တာဆိုရင် ကျွန်တော်တို့ခေတ်က ပိုပြီးပိတ်ပင်ထားဖို့မသင့်ဘူးလား? အသိညဏ်ရှိရင် အဖြေထွက်ပါတယ်…
ဟဇရသ်ဟာအိရှာ(ရသွေ့)သခင်မ အမိန့်ရှိတော်မူတယ်။
لو أدرک رسول اللہ صلی اللہ علیہ وسلم ما أحدث النساء لمنعھن المسجد کما منعت نساء بني اسرائیل۔
အဓိပ္ပါယ်။
အကယ်၍သာ တမန်တော်မြတ်(ဆွ)သခင်သာ ဒီနေ့ အမျိုးသမီးတွေလုပ်နေတဲ့ လုပ်ရပ်တွေကိုတွေ့မယ်ဆိုရင် ဗနီအိစ်ရာအီးလ်အမျိုးသမီးတွေကို ပိတ်ပင်ခဲ့သလို သူတို့ကိုဗလီသွားဖို့ ပိတ်ပင်လိုက်မှာပါ။ (ဘိုခါရီကျမ်း)
ဟဇရသ်အာအိရှာသခင်မရှိတဲ့ ခေတ်အခြေနေနဲ့ ကျွန်တော်တို့ရဲ့ ခေတ်အခြေနေဆိုတာ ဆီနဲ့သေးလောက်ကွာပါတယ်။ အဲ့တော့ ဖိသ်နာတွေအရပိုပြီးတောင်ပိတ်ပင်သင့်တဲ့အနေထားမို့ပါ။
ဒီလိုပိတ်ပင်ခြင်းဟာ အမျိုးသမီးကို ဖိနိုပ်တာမဟုတ်တဲ့ အပြင် အစ္စလာမ်အမျိုးသမီးကို ပိုဂုဏ်ပေး ပိုတန်ဖိုးထားနေရခြင်းပါ။ အစ္စလာမ်သာသနာဟာ အမျိုးသမီးနဲ့ပက်သက်တဲ့ကိစ္စတွေမှာ အမျိုးသမီးအတွက်ရရှိလာမယ့်ကောင်းကျိုးတွေကိုသာရှေ့ရှုသလို အမျိုးသမီးကို လေးစားရမယ့် အခန်းကဏ္ဌကို သိပ်အလေးထားပါတယ်။
ဒီတော့ ဒါဟာအစ္စလာမ့်အမျိုးသမီးတွေကို ထိမ်းသိမ်းထားခြင်းဟုတ်မဟုတ် အမျိုးသမီးကောင်းကျိုးကိုရှေ့ရှုမရှုဆိုတာ စာဖတ်သူဟာ အသိအညဏ်ရှိတယ်ဆိုရင် လွယ်ကူစွာဆုံးဖြတ်နိုင်မှာပါ။