အလှပြင်ဆိုင်သွား၍အလှပြင်ခြင်း အလှပြင်ဆိုင်မှာအလုပ်သင်ခြင်း ပြန်သင်ကြားပေးခြင်းက ရှရီအသ်အမိန့်အရ ဘယ်လိုရှိပါသလဲ?
အစ္စလာမ်သာသနာရဲ့ သိပ်လှပလွန်းတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေ အမျိုးသမီးတွေကို ပြင်ဆင်ခွင့် လိမ်းဖြီးခြယ်သခွင့်ကို အပြည့်အဝခွင့်ပြုထားပါတယ်။ ဘယ်လောက်အထိလဲဆိုရင် ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေ နဲ့ လှပတဲ့ဆင်ယဉ်မှုတွေ အစရှိတဲ့အရာတွေကို သုံးစွဲဖို့ ပြည့်ပြည့်ဝဝခွင့်ပြုထားပါတယ်။ တစ်ကယ်လို့ဒါဟာ မိမိခင်ပွန်းရဲ့စိတ်ကိုပျော်စေဖို့ စွဲဆောင်မှုဖြစ်စေဖို့ အချစ်တွေတိုးစေဖို့အတွက် ဖြစ်မယ်ဆိုရင် ပိုင်ယုံတင်မက ပို၍တောင်ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။
သို့သော်လည်း တက်တူး ဒီဇိုင်းကွက်တွေဖော်ခြင်း မလိုအပ်တဲ့ သွားအတုတွေထည့်ပြီးပြင်ခြင်း ဆံပင်စိုက် ဆံပင်ညုက်ခြင်း မျက်ခုံးမွေးပါးပစ်ခြင်း စသဖြင့် ဒီလိုလုပ်ရပ်တွေပြုလုပ်ခြင်း လုပ်ပေးခြင်းမပိုင်သလို ဒီလိုပြင်ဆင်လှပမှု လိမ်းဖြီးခြယ်သမှုကိုလဲ သာသနာက နှစ်သက်ခြင်းမရှိပါ။ အဲ့ဒီအပြင် အဲ့လိုလုပ်ရပ်တွေပြုလုပ်တဲ့သူတွေအပေါ်မှာလဲ တမန်တော်မြတ်(ဆွ)ရဲ့ လအ်နသ်ပို့ထားတဲ့ဟဒီးစ်တွေလဲရှိနေပါတယ်။
ဒါကြောင့်မို့ ပိုင်တဲ့ဘောင်ထဲကနေ နေပြီးအလှပြင်တဲ့အလုပ်လုပ်ခြင်း သင်ကြားပေးခြင်းဟာ ပိုင်ပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုက ရှရီအသ်က မပိုင်ပါဘူးလို့ ပြဌာန်းထားတဲ့ လုပ်ရပ်တွေပါဝင်နေလို့မရပါဘူး။ ဥပမာ မလုံမခြုံဖြစ်ခြင်း၊ပရ်ဒါမဲ့ခြင်း၊ညစ်ညမ်းပြီး မသန့်ပြန့်တဲ့အရာကိုသုံးစွဲခြင်း၊ခန္ဓာကိုယ်ကို အချည်းအနှီးဖြစ်စေတဲ့လုပ်ရပ်တွေနဲ့ ဟရာမ်အလုပ်တွေကို ကျုးလွန်ခြင်း စသဖြင့်…
သိထားရမှာက လက်ရှိကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ အလှပြင်ဆိုင် အများပိုင်းဟာ မပိုင်တဲ့အရာတွေကနေ မလွတ်ကင်းပါဘူး။ အဲ့ဒီမှာ အနောက်တိုင်းရဲ့ဓလေ့တွေ ရိုးရာတွေ သူတို့ရဲ့ ယဉ်ကျေးမှုတွေပြည့်နက်နေပါတယ်။ အများပိုင်းဟာလည်း ဖြုံးတီးခြင်း မလိုအပ်ပဲ အပိုသုံးစွဲခြင်းတွေဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီလိုလုပ်ရပ်တွေ အဲ့ဒီအရာတွေကနေ ရှောင်ကျဉ်ခြင်းသာလျင် ပိုကောင်းပါတယ်။
မရ်ကဇွလ်ဗဟတ်စ်ဝလ်အိဖ်သဟ် ဂျာမီအာအစ္စလာမီယဟ် အရှ်ဖွလ်အူလူးမ် (မွမ်ဘိုင်း)
#ကလောင်မင်း
Monday, November 13, 2017
အလှပြင်ခြင်းဆိုင်ရာအမိန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment