Monday, January 15, 2018

ကာဖိရ်ကဲ့သို့သော ပြစ်မှုကြီးကျုးလွန်သူ သုံးဦး

သုံးခုသော အရာကိုကျုးလွန်သူသည် တမန်တော်မြတ်(ဆွ)ရဲ့ မိန့်ချွေချက်အရ ကာဖိရ်ငြင်းပယ်သောသူ ကဲ့သို့ပင်ဖြစ်ပါတယ်။

(၁) အကြင်သူဟာ ရာသီသွေးဆင်းနေသော အမျိုးသမီးဖြင့် ပေါင်းသင်းဆက်ဆံခဲ့မည်ဆိုလျင်။

(၂) အကြင်သူဟာ အမျိုးသမီးရဲ့ နောက်ဒွါရပေါက်တွင်မကောင်းပြုကျင့်ကျုးလွန်ခဲ့မည်ဆိုလျင်။

(၃) အကြင်သူဟာ ဗေဒင်ဆရာထံ (အကွယ်ကိစ္စရပ်နှင့်ပက်သက်ပြီး) မေးမြန်းရန်သွားမည်ဆိုလျင်။

ထိုသူသုံးဦးဟာ မိုဟမ္မဒ်(ဆွ)သခင်ယူဆောင်လာတဲ့ ဒီန်းအပေါ်မှာ ငြင်းဆန်မှုပြုသကဲ့သို့ပါပဲ။ [သိရ်မေဇီကျမ်း]

ဒီနေရာမှာ သုံးဦးသောသူနဲ့ပက်သက်ပြီး ကာဖိရ်ငြင်းပယ်သူဟု သုံးနှုန်းခြင်းခံထားရပါတယ် ဒီရဲ့ကွဖ်ရ်ငြင်းပယ်ခြင်းရဲ့ ဆိုလိုချက်ဟာ ယုံကြည်ချက်ပိုင်းကိုဆိုလိုတာမဟုတ်ပါဘူး အမလ်အရငြင်းပယ်မှုကိုဆိုလိုတာပါ။

ဘာကြောင့်လဲဆိုတော့ ယုံကြည်ချက်ပိုင်းအရဖြစ်မယ်ဆိုရင် လူသားဟာ ကာဖိရ်ဖြစ်သွားပါလိမ့်မယ်။ ဒီအတွက်ကြောင့် ဒီဟဒီးစ်ဟာ ကာဖိရ်ဖြစ်သွားခြင်းကိုဆိုလိုနေတာမဟုတ်ပဲ ပြင်းထန်ပြီး ညစ်ညမ်းလွန်းတဲ့ကိစ္စရပ်ဖြစ်ကြောင်းကိုဆိုလိုနေခြင်းပါ။

ထိုထဲမှ ပထမဆုံးပုဂ္ဂိုလ်ဟာ ရာသီသွေးဆင်းနေချိန်မှာ အမျိုးသမီးနဲ့ ပေါင်းသင်းဆက်ဆံခြင်းကို ပြုပိုင်တယ်လို့မှတ်ယူပါတယ်။ ရာသီသွေးဆင်းနေတဲ့ အမျိုးသမီးနဲ့ သာသနာက ပေါင်းသင်းဆက်ဆံခွင့်မပြုထားပါဘူး။ အဲ့လိုပြုပိုင်တယ်လို့မှတ်ယူသူ ပြုလုပ်သူဟာ လုပ်ရပ်အားဖြင့်ကာဖိရ်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပြတ်သားသော အထောက်အထားနဲ့ ထိုကဲ့သို့ကိစ္စဟရာမ်ဖြစ်ခြင်းဟာ အတည်ဖြစ်ထားလို့ပါပဲ။
ဒါဟာ လူသားကို ပျက်စီးမှုဘက်ကိုလဲ ဦးတည်စေပါတယ်။

ထိုထဲမှ ဒုတိယ ပုဂ္ဂိုလ်ဖြစ်သူဟာ မိမိဇနီးရဲ့ဒွါရ(အနောက်ပေါက်)နဲ့ ဆန္ဒကိုဖြည့်ဆည်းမယ်(သို့)ထိုအရာကိုပိုင်တယ်လို့ မှတ်ယူမယ်ဆိုရင် ထိုသူဟာလဲ ကာဖိရ်ငြင်းပယ်သူပါပဲ။

ထိုထဲမှ တတိယ ပုဂ္ဂိုလ်ဖြစ်သူဟာ ဗေဒင်ဆရာစီသွားပြီး အကွယ်ကအကြောင်းတွေ ရှေ့ဖြစ်မယ့်အကြောင်းတွေကို မေးမြန်းမယ်ဆိုရင် သူထိုဟာလဲကာဖိရ်ငြင်းပယ်သူပါပဲ။ ဒါဟာလုံးဝမပိုင်တဲ့ကိစ္စရပ်ပါ ရှေ့ဖြစ်မယ့်အကြောင်းအရာတွေ အကွယ်ကကိစ္စရပ်တွေဟာ အလ္လာဟ်အရှင်မြတ်သခင်သာလျင်သိတော်မူပါတယ်။

မွတ်စ်လင်မ်ညီနှောင်များအားလုံး ထိုကဲသို့ ညစ်ညမ်းသော ကိစ္စရပ်များမှ ရှောင်ရှားနိုင်ကြပါစေ။ (အာမီးန်)


No comments:

Post a Comment