Friday, June 23, 2017

အစ္စလာမ့်ဗဟုသုတ

🌍ကအ်ဗာကျောင်းတော်ကို ဘယ်နှစ်ကြိမ်ဆောက်လုပ်ခဲ့သလဲ?
ဘယ်သူတွေက ဆောက်ခဲ့တာလဲ?

(၁)ပထမဆုံးအကြိမ်ကိုတော့ ဟဇရသ်အာဒမ်(အလိုင်းဟ်)သခင်ထက်အရင် ဖရိရှ်တာတွေက ဆောက်လုပ်ခဲ့တာပါ။

(၂)ဒုတိယအကြိမ်ကိုတော့ တမန်တော်အာဒမ်(အလိုင်းဟ်)သခင်က ဆောက်လုပ်ခဲ့ပါတယ်။

(၃)သုံးကြိမ်မြှောက်ကိုတော့ တမန်တော်အာဒမ်(အလိုင်းဟ်)သခင်ရဲ့ သားတွေက ဆောက်လုပ်ခဲ့ပါတယ်။

(၄)လေးကြိမ်မြှောက် ဆောက်လုပ်ခဲ့တာကတော့ တမန်တော်အိဗ်ရာဟီးမ်(အလိုင်းဟ်)သခင်ပါ။

(၅)ငါးကြိမ်မြှောက်ကိုတော့ အမာလေကာ အမည်ရှိတဲ့ မျိုးနွယ်အုပ်စုက ဆောက်လုပ်ခဲ့ပါတယ်။

(၆)ခြောက်ကြိမ်မြှောက်ကိုတော့ ဂျရ်ဟမ် အမည်ရှိတဲ့ အုပ်စုက ဆောက်လုပ်ခဲ့ပါတယ်။

(၇)ခုနှစ်ကြိမ်မြှောက်ကို တမန်တော်မြတ်(ဆွ)ရဲ့ အဘိုးတော် ကွစ္စါဘင်န်ကေလာဗ်က ဆောက်လုပ်ခဲ့ပါတယ်။

(၈)ရှစ်ကြိမ်မြှောက်ကိုတော့ ကူရိုက်ရှ်မျိုးနွယ်အုပ်စုက တမန်တော်မြတ်(ဆွ)သခင် နဗူဝသ် မရသေးခင်အခါက ဆောက်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တမန်တော်မြတ်(ဆွ)သခင်ရဲ့သက်တော် ၃၅နှစ်ရှိပါပြီ။

(၉)ကိုးကြိမ်မြောက်ကို ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်ဇိုဗိုင်း(ရသွေ့)သခင်က ဆောက်လုပ်ခဲ့ပါတယ်။

(၁၀) ဆယ်ကြိမ်မြှောက်ကိုတော့ ဟဂ်ျဂျားဂ်ျဗင်န်ယူစွဖ် စကဖီ ကဆောက်လုပ်ခဲ့ပါတယ်။

(ကြည့်- ရှိဖါအွလ်ဂရာမ်ဘိအခ်ဗာရိလ်ဗလဒိလ်ဟရာမ်)

[မှတ်ချက် ကအ်ဗာကျောင်းတော်ရဲ့ ဆောက်လုပ်မှုနဲ့ပက်သက်ပြီး အကွဲအလွဲရှိပါတယ်]

တင်ပြသူ
ကလောင်မင်း


No comments:

Post a Comment