တမန်တော်မြတ်(ဆွ)ကအမိန့်ရှိတယ်
အလ္လာဟ်အရှင်မြတ်က နှောက်ဆုံးခေတ်ကာလတွေမှာ သာသနာ့ပညာကို လူတွေရဲ့နှလုံးသားတွေ အသိညဏ်တွေကနေ ပြန်လည်ယုတ်သိမ်းသွားမှာ မဟုတ်ပါဘူး သာသနာ့ပညာကို ယုတ်သိမ်းမယ့်ပုံစံက သာသနာ့ပညာရှင်တွေကို ဒီကမ္ဘာမြေကနေ ပြန်လည်ခေါ်ယူသွားမယ့်ပုံစံနဲ့ပဲ သာသနာ့ပညာကိုယုတ်သိမ်းသွားမှာပါ။
ဘယ်လောက်ထိလဲဆိုရင် စစ်မှန်တဲ့ ပညာရှင်တွေမရှိတော့ရင် လူတွေဟာပညာမဲ့တွေကို ခေါင်းဆောင်တင်လိုက်ကြမယ် သူတို့စီကနေမတ်စ်အလာတွေမေးမြန်းမယ် အဲ့ဒီခေါင်းဆောင်တွေကလဲ ပညာမရှိပဲ ဖသ်ဝါတွေထုတ်ပြန်ကြလိမ့်မယ်။ အဲ့ဒီသူတွေဟာ ကိုယ်တိုင်လမ်းမှာရောက်နေကြမှာဖြစ်သလို လူတွေကိုလဲလမ်းမှာဘက်ကို တွန်းပို့တဲ့သူတွေဖြစ်ပါလိမ့်မယ်။
(ဗုခါရီကျမ်း အတွဲ၁/ဟဒီးစ်နံပတ်၁၀၁)
Saturday, December 30, 2017
ဟဒီးစ်တစ်ပုဒ်ကိုတင်ပြခြင်း
ရှားပါးတဲ့တွေ့ဆုံမှုမြင်ကွင်း
ဒီလိုမြင်ကွင်းဟာ သိပ်ရှားပါးတဲ့မြင်ကွင်းပါ။
ဒီပုံမှာ မြင်နေရတဲ့ ဆရာသခင်ကြီးနှစ်ဦးဟာ ပုဂ္ဂိုလ်တစ်ဦးနဲ့ ပုံစံတစ်မျိုးစီ ပက်သက်ဆက်နွယ်နေပြီး အလုပ်တူ စိတ်တူ ကိုယ်တူရှိကြတဲ့ ဆရာသခင်ကြီးတွေပဲဖြစ်တယ်။
အဲ့ဒီပုဂ္ဂိုလ်တစ်ဦးကတော့ ရှိုက်ခွလ်အစ္စ္စလာမ် မော်လာနာစိုင်ယိဒ် ဟူစိုင်းအဟ်မဒ်(မဒနီ)ပါ ဆရာကြီးဟာ indiaနိုင်ငံ (ထိုစဉ်က ပါကိစ္စတာန် ဘဂ်လားဒေ့ရှ် မကွဲသေးပါ)ရဲ့ ဂျမီအသေအိုလာမာအိန်ဒ် indiaနိုင်ငံလုံးဆိုင်ရာ အိုလမာအဖွဲ့အစွဲ့အစည်းကိုတည်ထောင်သူထဲမှာပါဝင်ခဲ့ပြီး ဗြိတိသျှတော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုခဲ့တဲ့နိုင်ငံရေးသမားကြီးဖြစ်သူ ဒါရွလ်အူလူးမ်ဒီယိုဗန်ကနေ ကျောင်းပြီးတဲ့နောက်ပိုင်း မဒီနာမှာ ပညာရပ်များကို အချိန်ကာလတစ်ခုထိတိုင် ပြန်လည်ပို့ချခဲ့သူ နောက်ပိုင်းမှာ ဒါရွလ်အူလူးမ်ဒီယိုဗန်ရဲ့ ရှိုင်ခွလ်ဟဒီးစ်အဖြစ် ပြန်လည်ဒါရွလ်အူလူးမ်ဒီယိုဗန်အတွက် မြောက်မြားစွားခေဒ်မသ်လုပ်ခဲ့သူပါ တမန်တော်မြတ်သခင်ရဲ့ မျိုးနွယ်လဲဖြစ်ပါတယ်။
ပုံပါ ဆရာကြီး တစ်ဦးကတော့ အဲ့ဒီဆရာသခင်ကြီးမော်လာနာစိုင်ယိဒ်ဟူစိုင်းအဟ်မဒ်မဒနီ(ရဟေ့)ရဲ့ အထူးတပည့်ဖြစ်သလို ခလီဖာလဲဖြစ်သူ ရှိုင်ခွလ်အစ္စ္စလာမ် အလ္လာမာဟ် အဟ်မဒ်ရှဖီးအ်ဆွာဟိဗ်ပဲဖြစ်ပါတယ်။
ဆရာကြီးဟာလက်ရှိ ဘဂ်လားဒေ့ရှ်ရဲ့ အိုလမာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဟွေဖွာဇွသေအစ္စလာမ်ရဲ့ ဥက္ကဌဖြစ်သလို ဒါရွလ်အူလူးမ်မုအီနွလ်အစ္စ္စလာမ် ဟာတာဇာရီရဲ့ ကျောင်းအုပ်လဲဖြစ် ရှိုင်ခွလ်ဟဒီးစ်လဲဖြစ်ပါတယ်။
နောက်တစ်ဦးကတော့ မော်လာနာစိုင်ယိဒ် ဟူစိုင်းအဟ်မဒ်မဒနီ(ရဟေ့)သခင်ရဲ့သားတော်မောင်ဖြစ်သူ မော်လာနာစိုက်ယိဒ် အရ်ရှဒ်မဒနီဆွာဟိဗ်ပဲဖြစ်ပါတယ်။ indiaနိုင်ငံလက်ရှိဂျမီအသ်သေအိုလမာရဲ့ ဥက္ကဌဖြစ်ပြီး မွတ်စ်လင်မ်လူထုအားထားရတဲ့ နိုင်ငံရေးသမား ပရဟိတသမားဖြစ်သလို ဒါရွလ်အူလူးမ်ဒီယိုဗန်ရဲ့ဟဒီးစ်တန်းပြဆရာတစ်ပါးလဲဖြစ်ပါတယ်။
ဝီးချဲပေါ်ကထိုင်နေသူက အလ္လာမာဟ်အဟ်မဒ်ရှဖီးအ်ဆွာဟိဗ်ပါ။
အောက်မှာထိုင်နေတာကတော့ မော်လာနာအရ်ရှဒ်မဒီနီဆွာဟိဗ်ပါ။
အလ်ဟမ်ဒုလိလ္လာဟ် ဆရာကြီးနှစ်ပါးလုံးနဲ့ ပုံစံတစ်မျိုးစီနဲ့ ပက်သက်ဆက်နွယ်ခွင့်ရရှိထားပါတယ်။
ဖသ်ဝါသည် လှောင်ပြောင်ခနဲ့စရာမဟုတ်
အစ္စလာမ့်ဓမ္မသတ် အမေးအဖြေဖြစ်တဲ့ ဖသ်ဝါဆိုတာ ဘာသာခြားတွေရဲ့လုပ်ရပ်မဟုတ်သလို တရားသစ်တည်ထွင်ခြင်းတစ်ခုလဲဘူးဆိုတာ အရင်ဆုံး မွတ်စ်လင်မ်တွေအားလုံးနားလည်ထားသင့်တယ်။
အဲ့ဒီထက်နည်းနည်းပိုသဘောပေါက်အောင် ပြောရရင် တမန်တော်အပေါ်မှာ ပေးအပ်ခြင်းခံထားရတဲ့ တာဝန်တစ်ရပ် အဲ့တော့ သာသနာ့ပညာရှင်တွေဆိုတာ နဗီရဲ့အမွေစားအမွေခံ အဲ့တော့ ဒီလုပ်ရပ်ဟာ သာသနာ့ပညာရှင်တွေ ဆက်လက်ထမ်းပိုးထားတဲ့ နဗီကပေးခဲ့တဲ့တာဝန်တစ်ရပ်ပဲ…
ဒီတာ့ ဖသ်ဝါကိုလှောင်ပြောင်ခြင်း ခနဲ့ခြင်းဟာ နဗီရဲ့တာဝန် နဗီရဲ့လုပ်ရပ်ကို လှောင်ပြောင်ခြင်း ခနဲ့ခြင်းပဲ။
ကဲ…ကုရ်အာန်ကဘာပြောလဲ နဲနဲကြည့်ရအောင်…
"၄င်းပြင် ထိုသူတို့သည် မိန်းမတို့(၏အမွေနှင့်စပ်လျဉ်း၍လည်းကောင်း မဟရ်နှင့်စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြလေသည်။ အသင်သည်ထိုသူတို့အား ဤသို့ဖြေကြားပါလေ"။(အစောင် ၄ .အယသ် ၁၂၇)
ဒါဟာကုရ်အာန်ကနေ အလ္လာဟ်အရှင်မြတ်က တမန်တော်ကို တိုက်ရိုက်ညွန်ကြားနေတဲ့ ဖသ်ဝါ ဓမ္မသတ်ပဲ။ ဒီလိုပဲ ဖသ်ဝါကိစ္စနဲ့ပက်သက်ပြီး ဟဒီးစ်တွေမှာလဲ အများကြီးပဲ။
အဲ့တော့ရှင်းရှင်းလေးပါ ဖသ်ဝါကို ပြောင်လှောင်ရင် အလ္လာဟ်ရဲ့ကလာမ်ကိုပြောင်တာ ကုရ်အာန်ကိုခနဲ့တာ တမန်တော်မြတ်ရဲ့မိန့်မှာချက်တွေကိုစော်ကားတာပဲ။
ဒါကြောင့်မို့ ဖသ်ဝါလာမထုတ်ပါနဲ့တို့ ဖသ်ဝါထုတ်ချင်ရင်ဟိုနားသွားတို့ ဒီနားသွားတို့ ဒါကပိုင်တယ် ဟိုဟာကမပိုင်ဘူးတို့ ရွဲ့တယ်လို့ထင်ရတဲ့စကားလုံးတွေ လှောင်ပြောင်တဲ့ပုံစံတွေနဲ့ သုံးနှုန်းခြင်းကနေအတတ်နိုင်ဆုံးရှောင်ပါ ဖသ်ဝါဆိုတာ ခင်ဗျားတို့ကစားစရာမဟုတ်ဘူး သာသနာရဲ့အမိန့်တွေရဲ့ ဓမ္မသတ်ကိုခေါ်တာ။
နဲနဲလေးတော့ သဘောပေါက်ကြပါ မွတ်စ်လင်မ်တို့… ကိုယ့်သာသနာရဲ့ဓမ္မသတ်ကိုမှ ကိုယ်တန်ဖိုးမထားရင် ဘာသာခြားတွေစော်ကားနေတာက ဘာထူးဆန်းနေဦးမှာလဲဗျာ။
Friday, December 29, 2017
အကောင်းဆုံးသော မျက်လုံးသုံးမျိုး
သုံးမျိုးသော မျက်လုံးဟာ ဂျဟန္နမ်ကိုဟရာမ်ဖြစ်စေပါတယ် ဆိုလိုတာက ဂျဟန္နမ်ကျရောက်ခြင်းမှ တားစီးပေးပါတယ်။
(၁) အလ္လာဟ်လမ်းမှာ စောင့်ရှောက်ဖို့ လုံခြုံမှုရစေဖို့အတွက် အကျိုးဆောင်ပြီး နိုးကြားနေတဲ့မျက်လုံးပဲဖြစ်တယ်။ ဆိုလိုတာက အစ္စ္စလာမ်ကိုကာကွယ်ဖို့ ညအချိန်မှာ နိုးကြား၍နေခြင်း သို့မဟုတ် နေရာတစ်ခုခုကနေ အစ္စလာမ့်စစ်တပ်သွားနေတဲ့အခါ အဲ့ဒီစစ်တပ်ကို လုံခြုံမှုရစေဖို့ အစောင့်လုပ်ရင်းနိုးကြားစွာ ရှိနေတဲ့မျက်လုံးပဲဖြစ်တယ်။
(၂) အလ္လာဟ်အရှင်မြတ်သခင်ကိုကြောက်ရွံမှုကြောင့် မျက်ရည်တွေစီးကျတဲ့ မျက်လုံးပဲဖြစ်တယ်။ ဒါဟာများသောအားဖြင့် ဖန်ဆင်းရှင်နဲ့လျို့ဝှက်ဆက်သွယ်ကာ အချိန်တိုင်းဖန်ဆင်းရှင်ရဲ့နှစ်သက်မှုကိုရယူဖို့ကြိုးပမ်းပြီး တစ်ကိုယ်ရည်တစ်ကာယရှိတဲ့အချိန်များမှာလဲ အလ္လာဟ်ရဲ့အေဗာဒသ်မှာမွေ့လျော်တဲ့လူတွေမှာ တွေ့မြင်ရပါတယ်။
(၃) နေကာဟ်ပိုင်အမျိုးသမီး သူစိမ်းအမျိုးသမီးများကနေ မိမိကိုယ်မိမိထိမ်းသိမ်းရှောင်ကျဉ်တဲ့ မျက်လုံးပဲဖြစ်တယ်။ ဆိုလိုတာက နေကာဟ်ပိုင်သူစိမ်းအမျိုးသမီးတွေကနေ မိမိရဲ့မျက်လုံးကိုလုံခြုံစွာထိမ်းထိမ်းသိမ်းသိမ်းထားပြီး ရုတ်တရက် မြင်မိသွားရင်တောင် ချက်ချင်းအရှုကို လွဲလိုက်သူ၊ အဲ့ဒီအတိုင်းပဲ မကောင်းတဲ့ပုံတွေ ကြည်မပိုင်တဲ့Videoတွေ အရှက်တရားမဲ့တဲ့ အစီအစဉ်တွေ ကြည့်ခြင်းကနေ မိမိကိုယ်ကိုယ်မိမိထိမ်းသိမ်းတဲ့ မျက်လုံးပဲဖြစ်တယ်။
ဒီလိုချီးကျုးထိုက်ပြီးလေးစားစရာမျက်လုံးတွေဟာ ဂျဟန္နမ်ဟရာမ်ဖြစ်ပါတယ် သဘောက ဒီလိုပုဂ္ဂိုဟ်တွေ ဂျဟန္နမ်ကျမှာမဟုတ်ပါဘူး။ ခုလိုခေတ်အခြေနေမျိုးမှာ မကောင်းမှုတွေရဲ့အရင်းအမြစ်အကြောင်းခံဟာ မျက်လုံးပါပဲ အဲ့ဒီမျက်လုံးကိုထိမ်းသိမ်းနိုင်ပြီဆိုရင် တစ်ခြားသော မကောင်းမှုတွေကနေ လွယ်လွယ်ကူကူ ရှောင်လို့ရသွားနိုင်မယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။
(ကိုးကား-အလ်မို့အ်ဂျမွလ်ကဗီးရ်ကျမ်း)
သောင်ဗာလုပ်သင့်တဲ့အခြေနေများ
၁။အကယ်၍ကာဖိရ်ဖြစ်နေတယ်ဆိုရင် ကွဖွရ်ကနေ သောင်ဗာလုပ်ပြီး အစ္စ္စလာမ်ဘက်ကို လာသင့်ပါတယ်။
၂။သာမာန်မို့အ်မင်တစ်ဦးဆိုရင်တော့ အပြစ်တွေကနေ သောင်ဗာလုပ်ပြီး ကောင်းမှုများဘက်ကို လာသင့်ပါတယ်။
၃။ကြီးလေးတဲ့အပြစ်တွေကနေ ရှောင်ရှားလိုသူအနေနဲ့ မေ့လျော့မှုများကနေ သောင်ဗာလုပ်ပြီး အလ္လာဟ်ကိုသတိတရဖြစ်နေမယ့် ဘဝဘက်ကို လာသင့်ပါတယ်။
၎။ဇိကိရ်ထဲမှာမွေ့လျော်နေသူဆိုရင်တော့ သံသယဖြစ်ခြင်း ရှိုင်သွာန်ရဲ့နောက်ရှက်ခြင်းတွေကနေ သောင်ဗာလုပ်ပြီး အမြဲတစ်စေအေဗာဒသ်ထဲမှာ မွေ့လျော်နိုင်စွမ်းဘက်ကို လျှောက်လှမ်းသင့်ပါတယ်။
၅။အေဗာဒသ်တွေထဲမှာ မွေ့လျော်နိုင်မှုကိုရရှိထားသူအတွက်တော့ မိမိရဲ့အေဗာဒသ်မှာ အိခ်လားစ်ရဲ့နည်းပါးမှုတွေကနေ သောင်ဗာပြုလုပ်နေသင့်ပါတယ်။
Thursday, December 28, 2017
New Year ညကိုဘယ်လိုကုန်ဆုံးသင့်သလဲ
ဒီအချိန်မှာ Happy New Year ပိုင်တာမပိုင်တာ ပြောနေစရာမလိုလောက်အောင် အဲ့ဒီညမှာ လူတွေဟာ ဘယ်လိုမျိုးဂိုနဟ်တွေမှာနစ်မွန်းကြလဲ ဘယ်လိုအလ္လာဟ့်ရဲ့ဖီဆန်မှုကိုလုပ်နေကြလဲဆိုတာကို ကိုယ်တိုင်ကြည့်ခြင်းအားဖြင့် ခင်ဗျားတို့ကိုယ်တိုင်ဆုံးဖြတ်လို့ရနိုင်မယ့် ကိစ္စတစ်ခုပါ။
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့နေစဉ်ကုန်ဆုံးတွက်ချက်မှုဟာ ဒီခရစ်နှစ်နဲ့ အများပိုင်း ဖြစ်တည်နေတဲ့အတွက်ကြောင့် တစ်နှစ်တာရဲ့ကုန်ဆုံးမှုကိုတော့ အသိမှတ်ပြုရမှာပါ။
ကျွန်တော်တို့ရဲ့ သက်တမ်းဟာ တစ်နှစ်ရော့သွားခဲ့ပြီဖြစ်လို့ သေဖို့ကလဲ တစ်နှစ်နီးလာခဲ့ပါပြီ ကျွန်တော်ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေ တစ်နှစ်ကုန်ဆုံးသွားခဲ့ပါပြီ ဒွန္နယာကနေ လူတွေတဖြည်းဖြည်း ထွက်ခွာသွားခဲ့ကြသလို ကျွန်တော်တို့ ထွက်ခွာသွားရမယ့်အချိန်ဟာလဲ နီးသထက်နီးလာတာပါ ဒါဟာပျော်ရွှင်ရမှာမဟုတ်ဘူး ဒါကိုဝမ်းနည်းရမှာ …
အချိန်ဟာ အလွန်အင်မတန်မှပဲ တန်ဖိုးကြီးတာနဲ့ပက်သက်ပြီး အလ္လာဟ်အရှင်မြတ်သခင်ဟာ ကုရ်အာန်ထဲမှာ အချိန်နဲ့ပက်သက်ပီး လေးလေးနက်နက် ကျိမ်ဆိုပြီး တော်တော်များများနေရာမှာ အမိန့်ရှိထားတယ်။
တစ်ချို့နေရာမှာ ညအချိန်နဲ့ပက်သက်ပြီး ကစမ်နဲ့လေးလေးနက်နက်မိန့်တယ် တစ်ချို့နေရာမှ နေ့အချိန်နဲ့ပက်သက်ပြီး တစ်ချို့နေရာမှာ နံနက်မိုးသောက်ချိန်နဲပက်သက်ပြီး တစ်ချို့နေမှာ ညနေအဆွရ်ချိန်နဲ့ပက်သက်ပြီး လေးလေးနက်နက်ကစမ်နဲ့ မိန့်ထားတဲ့နေရာတွေအများကြီးပဲ ဒါဟာဖန်ဆင်းခံတွေကို အချိန်ဟာအရေးအလွန်ပါကြောင်း တန်ဖိုးအလွန်ရှိကြောင်း ကုရ်အာန်ကနေတစ်ဆင့် အလ္လာဟ်အရှင်မြတ်က မီးမောင်းထိုးပြနေခြင်းပဲ။
အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းခံတွေကို အီမာန်ယူဖို့လေးလေးနက်နက် မိန့်ထားတယ် အလ်ဟမ်ဒုလိလ္လာဟ် ကျွန်တော်တို့တွေကို အီမာန်ရှင်ဖြစ်ခွင့်အလ္လာဟ်ရှင်ချီးမြင့်ထားတယ်။
အဲ့တော့ ကျွန်တော်တို့တွေဂိုနာဟ်ကဗီရာတွေကနေ အတတ်နိုင်ဆုံးရှောင်ရမယ် နောက်ဆုံးဖြစ်သွားခဲ့ရင်တောင် သောင်ဗဟ်ချက်ချင်းလုပ်ဖို့လိုအပ်တယ် မှန်ကန်တဲ့စကားတွေကိုပြောဖို့လိုတယ် အမှန်တရားဘက်ကိုဖိတ်ခေါ်ဖို့လဲလိုသလို သီးခံခြင်းတရားကိုလဲ လက်ကိုင်ထားဖို့လိုတယ်။ ဒါဟာအလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ကုန်အာန်ကနေ သင်ကြားပေးတဲ့လမ်းညွန်ချက်ပဲ တန်ဖိုးရှိလှတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့ဟာဒီအချက်တွေအပေါ်မှာ လိုက်နာကျင့်ကြံနေထိုင်ဖို့လိုအပ်တယ်။
New Year ညမှာ masha allah မော်လာနာသွာရစ်က်ဂျမီးလ်ရဲ့ လုပ်ရပ်တစ်ခုအရမ်းသဘောကျစရာကောင်းတယ် ဆရာကြီးက အဲ့ဒီည၁၂း၀၀ အချိန်မှာ စဂ်ျဒါထဲမှာနေပြီး အွမ္မသ်အတွက်ဒိုအာလုပ်လေ့ရှိတယ် ဒီအချိန်မှာ အွမ္မသ်ကိုအလ္လာဟ်ခွင့်လွတ်ဖို့ ဟေဒါယသ်ရဖို့ ဂိုနာတွေကနေရှောင်ရှားနိုင်ဖို့ လမ်းမမှားဖို့ ဒိုအာလုပ်လေ့ရှိတယ်။
သိပ်ကိုကောင်းမွန်လှပတဲ့ကျင့်စဉ်တစ်ရပ်ပါ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့လဲလက်တွေ့လိုက်နာပြုကျင့်သင့်တယ်လို့မြင်တယ် ဒါဟာနိုးကြားနေမယ့်အတူတူ အချိန်ကို တန်ဖိုးရှိရှိအသုံးချလိုက်ချင်းတစ်ခုပဲ…
အလ္လာဟ်အရှင်မြတ်သခင် ကျွန်တော်တို့အားလုံးကို ဂိုနာတွေကနေ ရှောင်ရှားနိုင်တဲ့သောင်ဖိးက် ချီးမြင့်ပေးသနားတော်မူပါစေ။
မိဘကို အချိန်ပေးပါ
မိဘကို အချိန်ပေးခြင်း တိုင်တိုင်ပင်ပင်ရှိခြင်း သူတို့နဲ့အတူ သွားသွားလာလာ အနေအထိုင်ပြုခြင်းဟာ ကြီးမားတဲ့ အချက်နှစ်ချက်ကို ရရှိစေပါတယ်။
၁။ ခင်ဗျားဟာ ဘယ်တော့မှ မကြီးတော့ဘူး။
ဆိုလိုတာက ခင်ဗျားဟာ ကိုယ့်ကိုကိုယ် အမြဲငယ်နေတယ်လို့ပဲထင်နေရမယ် အဲ့ဒီရဲ့အကြောင်းခံနဲ့ မာန်မာနတွေ ထောင်လွားမှုတွေကနေ ကင်းရှင်းနေပါလိမ့်မယ်။
၂။မိဘက ဘယ်တော့မှ အိုမှာမဟုတ်ဘူး။
ဆိုလိုတာက မိဘက မိမိကိုယ်မိမိအရေးပါအရာရောက်ပြီး အကြိုးရှိနေတယ်လို့မှတ်ယူနေပါလိမ့်မယ်။ အဲ့ဒီအတွက်ကြောင့် မျော်လင့်ချက်မဲ့ခြင်း နာမကျန်းဖြစ်ခြင်းတွေကနေ ထိမ်းထိမ်းသိမ်းသိမ်းဖြစ်နေပါလိမ့်မယ်။
Tuesday, December 26, 2017
လအ်နသ်ပို့ခံထားရသည့် လူသုံးဦး
သုံးဦးသောသူအပေါ်မှာ တမန်တော်မြတ်(ဆွ)သခင်ဟာ လအ်နသ်ပို့ထားပါတယ်။
၁။လာဘ်ပေးတဲ့သူ ၂။လာဘ်ယူတဲ့သူ ၃။လာဘ်ပေးလာဘ်ယူလုပ်တဲ့သူကြားမှာ အဆင်ပြေအောင်ကူညီချိတ်ဆက်ပေးသူ။ (မွတ်စ်နဒ်အဟ်မဒ်)
တမန်တော်မြတ်(ဆွ)သခင် အမိန့်ရှိတော်မူခဲ့တယ် ခေတ်ကာလတစ်ခုမှာ အုပ်ချုပ်တဲ့သူတွေ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ အရောင်းအဝယ်ဖြစ်ပါလိမ့်မယ်။
ပိုက်ဆံရှိတဲ့သူဟာ လာဘ်ပေးပြီးတော့ မိမိရဲ့ကိစ္စရပ်အတွက် ဆုံးဖြတ်ချက်တွေကိုဖြစ်စေလိမ့်မယ် တရားမျှတခြင်းဆိုတာ နာမည်တောင်ကျန်တော့မှာမဟုတ်ဘူး။ အမှန်တရားရဲ့ဆုံးဖြတ်ချက်ဖြစ်မှာမဟုတ်တော့ပဲ လာဘ်ပေးတဲ့သူဘက်ကနေ ဘက်လိုက်ဆုံးဖြတ်ချက်ပဲဖြစ်ပါတော့မယ်။
ဟဒီးစ်တော်ရဲ့တစ်နေရာမှာဆိုရင် တမန်တော်မြတ်(ဆွ)က လာဘ်ပေးသူနဲ့ လာဘ်စားသူနှစ်ဦးလုံးဟာ ဂျဟန္နမီဖြစ်ကြောင်းကို အမိန့်ရှိထားပါတယ်။
မွတ်စ်လင်မ်အားလုံး လာဘ်ပေးခြင်း လာဘ်ယူခြင်းကနေရှောင်ရှားနိုင်ကြပါစေ။
အာလင်မ်များပေါများခြင်းရဲ့ကောင်းကျိုး
နောက်ပိုင်းအပြောများလာတာ တစ်ခုတွေ့ရတယ်ဗျ အပြစ်တစ်ခုတင်တယ့်ပုံစံနဲ့ အာလင်မ်တွေအရမ်းများလာတယ် ကျောင်းတွေအရမ်းပေါလာတယ်ဆိုပြီးတော့ပေါ့…
တစ်ကယ်တော့လေ သာသနာ့ကျောင်းတွေများတာ အာလင်မ်တွေပေါလာတာဟာ သာသနာအတွက်ပြစ်ချက်တစ်ခုမဟုတ်ဘူးဗျ…
အလ္လာဟ်အရှင်မြတ်က လောကမှာ ဘယ်အရာဟာ အလိုအပ်ဆုံးအရေးပါဆုံးဖြစ်မလဲ အဲ့ဒါကို အပေါများဆုံးလဲလုပ်ပေးသလို အလကားလဲလုပ်ပေးလေ့ရှိတယ်…
ဥပမာဗျာ လောကမှာ လူတွေအတွက်အရေးအကြီးဆုံးက လေပဲ.'အောက်စီဂျင်ပဲ…
အဲ့တော့အလ္လာဟ်အရှင်မြတ်က လူသားအတွက်မဖြစ်မနေ လိုအပ်တဲ့အရာကို အပေါများဆုံးလဲလုပ်ထားပေးသလို အလကားလဲလုပ်ထားပေးတယ်။ တစ်ကယ်လို့သာ လေကိုငွေပေးဝယ်ရကြေးဆိုရင် သူဌေးသားက ပိုရှုရပြီး ဆင်းရဲသားက နဲနဲလေးပဲရှုရပြီးသေမှာဗျ…
ခုလဲဒီလိုပဲဗျ လူတိုင်းအတွက်အဖြစ်မနေ အရေးကြီးတဲ့သာသနာနဲ့ သာသနာ့ပညာရှင်တွေကို များပြားပေးထားခြင်းဟာ အပြစ်တစ်ခုမဟုတ်သလို လိုအပ်နေလို့ကို လုပ်ထားပေးတာပဲဖြစ်တယ်…
ဒီလိုလွယ်ကူမှုတွေ သက်သာမှုတွေရှိမှပဲ ကေယာမသ်နေ့ကျရင် ယာအလ္လာဟ် ကျွန်တော်တော့ သာသနာ့ပညာသင်ချင်ခဲ့ပါတယ် သာသနာ့အသိတွေလိုချင်ခဲ့ပါတယ် ဒါပေမယ့် သင်ပေးမယ့်လူမရှိလို့ သင်ဖို့မတတ်နိုင်လို့ဆိုပြီး ပြောလို့မရမှာဗျ…
Monday, December 25, 2017
အလ္လာဟ်ထံတော်ပါး၌နှစ်သက်ခြင်းခံရမယ့် ပုဂ္ဂိုလ်သုံးဦး
သုံးဦးသောသူဟာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အတို်င်းအဆမဲ့ ချစ်ခင်မှု နှစ်သက်မှုနဲ့ မြင့်မားတဲ့အဆင့်အတန်းကိုရရှိမှာဖြစ်တယ်။
(၁) မိမိရဲ့လူစုနဲ့အတူခရီးသွားနေတဲ့အခါ မသိတဲ့လူတစ်ဦးက ထိုလူစုထံမှ အလ္လာဟ်ဘက်ကိုအကြောင်းခံပြီး လိုအပ်မှုတစ်ခုခုအား လာရောက်တောင်းခံတဲ့အခါ လူအားလုံးကငြင်းပယ်လိုက်ကြတဲ့အချိန်မှာ ထိုသူဟာ သိုသိုသိပ်သိပ် သီခြားသွားပြီး တောင်းခံသူရဲ့လိုအပ်ချက်ကို ပြည့်ဝအောင်ကူညီပေးသောသူပဲဖြစ်တယ်။
ဒီလျို့ဝှက်ကူညီမှုဟာ တခြားသူများမသိပဲ သူတို့နှစ်ဦးနဲ့ အလ္လာဟ်အရှင်မြတ်သာလျင်သိတဲ့ ကိစ္စရပ်မျိုးဖြစ်မယ်ဆိုပါက ထိုသူဟာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အတိုင်းအဆမဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိမှာဖြစ်တယ်။
(၂) မိမိရဲ့မျိုးနွယ် အဖွဲ့အစုနဲ့ညအချိန်မှာ ခရီးသွားနေတဲ့ရင်း ညရဲ့နောက်ဆုံးယံအချိန်မှာ အားလုံးက ပင်ပန်းနွမ်းနယ်မှုနဲ့ အိပ်မောကျနေတဲ့အခါ ထိုသူဟာ အိပ်ဆက်ခြင်းမပြုပဲ တိတ်ဆိတ်စွာ ထပြီး အလ္လာဟ်အရှင်မြတ်နဲ့ဆက်သွယ်မယ် ကုရ်အာန်သေလာဝသ်လုပ်မယ် ဇိကိရ်မှာမွေ့လျော်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်သခင်ရဲ့ထံတော်ပါးမှာ အတိုင်းအဆမရှိနှစ်သက်ခြင်းခံရမှာဖြစ်ပြီး မြင့်မားတဲ့အဆင့်အတန်းကိုရရှိမှာဖြစ်တယ်။
(၃) အစ္စ္စလာမ့်ရဲ့ရန်သူတွေနဲ့တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ မိမိညီနှောင်တွေရှုံးနှိမ့်နေရင်း နောက်လှည့်ပြန်ဖို့ဆိုင်းပြင်းနေတဲ့အခိုက်အတန့်မှာ မိမိရဲ့ရဲရင့်မှုကို ထုတ်ရင်း ရန်သူတွေရဲ့ရန်ကိုအန်တုကာ တောက်လျှောက်ပြန်လည်တိုက်ခိုက်ရင်း ထိုသူဟာ အောင်မြင်ခဲ့မယ် သို့မဟုတ်ရှဟီးဒ်ဖြစ်ခဲ့မယ်ဆိုပါက အလ္လာဟ်အရှင်မြတ်ရဲ့ထံတော်ပါးမှာ အတိုင်းအဆမဲ့ ချစ်ခင်နှစ်သက်ခြင်းခံရမှာဖြစ်ပြီး မြင့်မားတဲ့အဆင့်အတန်းကိုရရှိမှာဖြစ်တယ်။
အာလင်မ်များရဲ့အရေးပါပုံ
အာလင်မ်တွေရဲ့အရေးပါပုံကို သဘောမပေါက်တဲ့လူတွေရှိလို့ ရှင်းပြတာပါ…
အာလင်မ်ဆိုတာ လူတိုင်းအတွက် ဘဝရဲ့အခြေနေအားလုံးမှာ လိုအပ်နေတဲ့အတွက်ကြောင့် အာလင်မ်တွေဆိုတာ အရမ်းကိုအရေးပါတဲ့ ပုဂ္ဂိုလ်ထူးတွေပါ…
တစ်ခြားသောပညာရပ်တွေဆိုတာ လူတိုင်းအတွက် လိုအပ်နေတာမျိုးကြီးမဟုတ်ဘူး။
ဥပမာ ဒေါက်တာပေါ့ လောကမှာ တစ်ချို့တွေဒေါက်တာဆီတောင်မရောက်ဖူးပဲ ဘဝသက်တမ်းကုန်ဆုံးသွားတာမှအများကြီး…
အဲ့လိုပဲအင်ဂျင်နီယာ… ရွာတွေကလူတွေဆိုရင် အင်ဂျင်နီယာလိုအပ်တယ်ဆိုလို့တောင်မရှိဘူး သူတို့တွေဟာ ကိုယ်တိုင်သူတို့လိုချင်တဲ့ပုံစံ အိမ်အဆောက်အဦးတွေကို ဆောက်လိုက်ကြတာမျိုးတွေကြီး…
ဒီတိုင်းပဲရှေ့နေ… တစ်ချို့ဆို ရှေ့နေနဲ့မတွေ့ဘူး တရားရုံးတောင်မရောက်ဖူးပဲ ဘဝကုန်ဆုံးသွားကြတာတွေအများကြီးပဲ…
ဒီနေရာမှာ အဲ့ဒါတွေရဲ့အရေးပါပုံကို ကျွန်တော်ငြင်းနေတာမဟုတ်ဘူးနော် သူ့နေရာနဲ့သူဟာ သိပ်ကိုအရေးပါပါတယ်။
ဒါပေမယ့် လူတစ်ယောက်ဟာ ကလေမာဖတ်ထားတယ် အီမာန်ယူထားတယ်ဆိုရင် သူရဲ့ဘဝတစ်ခုလုံးသာမက အာခေရသ်ထိပါ သာသနာ့ပညာရှင်ဆိုတာ လိုအပ်လာပါပြီ…
လူတစ်ယောက်မွေးလာပြီဆိုရင် အာဇန်ဆိုဖို့လိုလာပြီးလား? အာလင်မ်ကိုသွားခေါ်
သေပြီလား?
ဂျနာဇာဖတ်ဖို့ အာလင်မ်ကိုသွားခေါ်
နေကာဟ်ဖတ်ဖို့လိုပြီလား?
အာလင်မ်ကိုသွားခေါ်
ကွာရှင်းပြီလား?
အာလင်မ်ဆီမတ်စ်အလာဟ်သွားမေး
ဒါကြောင့်ဘဝရဲ့ စလယ်ဆုံး အားလုံးမှာ အာလင်မ်ဆိုတာ အရေးအကြီးဆုံး အရေးပါဆုံးဖြစ်သလို လူတိုင်းတွက်နေရာတိုင်းမှာလိုအပ်တဲ့ ပုဂ္ဂိုလ်ထူးတွေလဲဖြစ်တယ်…
Sunday, December 24, 2017
နေကာဟ်ထိမ်မြားမင်္ဂလာ ပြုသင့်သော အရည်အချင်းသုံးရပ်
အမျိုးသမီးအား အချက်သုံးချက်ကိုကြည့်၍ နေကာလုပ်သင့်ပါတယ်။
(၁)ခင်ပွန်းကို အလွန်ချစ်ခင်နိုင်စွမ်းရှိမယ့် အမျိုးသမီး
(၂)ကလေးများများမွေးနိုင်စွမ်းရှိမယ့် အမျိုးသမီး (အဗူဒါဝူးဒ်)
(၃)ဘာသာရေးကိုင်းရှိုင်းပြီး မွန်မြတ်တဲ့အမျိုးသမီး (ဘိုခါရီ)
(၁၊၂)အမျိုးသမီးဟာ ကလေးမွေးနိုင်စွမ်းရှိပေမယ့် မိမိရဲ့ခင်ပွန်းကို ချစ်ခင်နိုင်တဲ့သူမဟုတ်ဘူးဆိုရင် ဒါဟာ နှလုံးသားအေးချမ်းမှုနဲ့ စွဲဆောင်မှုကင်းမဲ့လှပါတယ် အကယ်လို့ကလေများမွေးနိုင်စွမ်းမရှိပဲ အမြုံဖြစ်နေပါက နေကာဟ်ရဲ့ရည်ရွယ်ချက်က ပျောက်ဆုံးနေရပါလိမ့်မယ် ဒါဟာလဲ စိတ်ကျေနပ်စရာကိစ္စတစ်ခုမဟုတ်ပါဘူး တစ်ကယ်လို့များ ဒီအရည်အချင်းနှစ်ခုလုံးဟာ အမျိုးသမီးတစ်ယောက်စီမှာရရှိတယ်ဆိုရင် အဲ့ဒီအမျိုးသမီးဟာ စွဲဆောင်နိုင်စွမ်းရှိသလို ချစ်ဖွယ်ကောင်းပါတယ်။
ဒါဆိုရင် အမျိုးသမီးတစ်ယောက်ဟာ ပိုချစ်နိုင်စွမ်းရှိခြင်း မရှိခြင်း ကလေးများများမွေးနိုင်စွမ်းရှိခြင်း မရှိခြင်း ကလေးမမွေးနိုင်ခြင်းကို ဘယ်လိုသိနိုင်မလဲ?
လွယ်ပါတယ် အဲ့ဒီမိန်းကလေးရဲ့ အသိုင်းဝိုင်းက အမျိုးသမီးတွေက ဘယ်လိုလဲဆိုတာကိုကြည့်ပြီးတော့ သိနိုင်ပါတယ်။
တမန်တော်မြတ်(ဆွ)သခင်ဟာ များစွာချစ်မယ့်သူ ကလေးလေးများများမွေးမယ့်အမျိုးသမီးတွေနဲ့ နေကာဟ်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ် ငါကိုယ်တော်မြတ်(ဆွ)ဟာ ကေယာမသ်နေ့မှာ တစ်ခြားအွမ္မသ်တွေထက် အသင်တို့ရဲ့အရေအတွက်များပြားခြင်းအပေါ်မှာ ဂုဏ်ယူလိမ့်မယ်။
ဒီဟဒီးစ်မှာ ကလေးများများယူဖို့တိုက်တွန်းထားပါတယ် ဒါကြောင့် "ကလေးနှစ်ယောက်လောက်ပဲကောင်းပါတယ် ငါတို့ကနှစ်ယောက် ကလေးလဲနှစ်ယောက်တော်ပါပြီ" စသဖြင့်ပြောဆိုခြင်းဟာ လုံးဝမှားယွင်းသလို ရှရီအသ်နဲ့လဲဆန့်ကျင်ရာကျတယ် စွန္နသ်နဲ့လဲဆန့်ကျင်ရာကျပါတယ်။
ကလေးများရင် ဘဝနေထိုင်ရေးမှာ ဝန်ပိုးတစ်ခုဖြစ်မယ်ဆိုပြီး ပြောကြပါတယ် တစ်ကယ်တော့ ဒီလိုပြောကြခြင်းဟာ ဒီကလေးတွေဟာ နောင်တစ်ချိန်ရဲ့ လူမှု့ပတ်ဝန်းကျင်ကို တိုးတက်အောင် စွမ်းဆောင်မယ့် အကြောင်းခံတစ်ခုပဲဆိုတာ မသိကြခြင်းပဲဖြစ်တယ်။
တစ်ကယ်လို့ကာဖိရ်တွေက မင်းတို့မွတ်စ်လင်မ်တွေကလေးတွေသိပ်များတာပဲလို့ပြောရင် ဒီလိုပဲပြန်ပြောလိုက်ပါ ငါတို့ဟာ တိုးတက်တိုးရင်းတက်သွားနေတာ မင်းတို့က လျော့ကျရင်းလျော့ကျသွားနေတာ။
နောက်ပြီးတော့ ဒါဟာကျွန်တော်တို့တမန်တော်တော်မြတ်သခင်ရဲ့ မိန့်မှာချက်ပဲမဟုတ်လား။
(၃)တတိယတစ်ခုကတော့ ဘာသာရေးကိုင်းရှိုင်းပြီး မွန်မြတ်တဲ့အမျိုးသမီးပဲဖြစ်တယ် ဘာသာရေးကိုင်းရှိုင်းခြင်းဟာ အမျိုးသား အမျိုးသမီး နှစ်ဦးစလုံးအတွက် လိုအပ်မယ့်အရာ လုပ်ဆောင်ရမယ့်အရာပဲဖြစ်တယ်။ အမျိုးသမီးကလဲ ဘာသာရေးကိုင်းရှိုင်းတယ်ဆိုရင်တော့ အိမ်တစ်အိမ်လုံး အိမ်ရဲ့စီမံခန့်ခွဲမှုအားလုံး နောက်ဆုံးကလေးကိုပဲ့ပြင်သွန်သင်မှု အားလုံးဟာ မှန်ကန်ပြီး သာသနာနဲ့ကိုက်ညီတဲ့ပုံစံအတိုင်းပဲဖြစ်နေပါလိမ့်မယ်။
ဘာသာရေးကိုင်းရှိုင်းတဲ့ အမျိုးသမီးရဲ့ ပဲ့ပြင်ထိမ်းကျောင်းမှုဟာ ကြီးမားတဲ့လုပ်ဆောင်ချက်တွေဘက်ကိုတွန်းပို့ပေးနိုင်ပါတယ် ဘာလို့လဲဆိုတော့ မိခင်ဆိုတာ ကလေးတွေရဲ့ပထမဆုံးကျောင်းတော်ပဲလေ။
ဒါကြောင့်တမန်တော်မြတ်(ဆွ)သခင်ဟာ ဘာသာရေးလိုက်စားတဲ့အမျိုးသမီးနဲ့ အိမ်ထောင်ပြုဖို့ လေးလေးနက်နက်တိုက်တွန်းခဲ့တာပါ။