Thursday, December 21, 2017

ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင် စတင်ပြုလုပ်ခဲ့တဲ့အရာတွေက ဘယ်အရာတွေလဲ?

💞အားလုံးထက်အရင် အလ္လာဟ်ဟုအက်ဗရ် ကို ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင် စတင်ရွတ်ဆိုခဲ့တယ်။

💞အားလုံးထက်အရင် ဂျွမ္မာနေ့အတွက် စတင်ရေချိုးခဲ့သူဟာ ဟဇရသ်အိဗ်ရာဟိမ်(အလိုင်းဟ်)ဖြစ်တယ်။

💞အားလုံးထက်အရင် မင်မ်ဗရ်ပေါ်မှာ ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)စတင် ခွသ်ဗာပေးခဲ့တယ်။

💞အားလုံးထက်အရင် အာလုပ်ကျင်းခြင်း နာခေါင်းသန့်စင်ခြင်း မိတ်စ်ဝါးက်စားခြင်းကို ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင် စတင်ပြုလုပ်ခဲ့တယ်။
အချို့အဆိုအရ မိတ်စ်ဝါးက်အသုံးပြုခြင်းကို ဟဇရသ်မူစာ(အလိုင်းဟ်)သခင် စတင်ခဲ့တယ်လို့ပြောကြတယ်။

💞အရင်ဆုံး လက်သည်းညုက်ခြင်းကိုစတင်ခဲ့သူဟာ ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင်ဖြစ်တယ်။

💞အားလုံးထက်အရင် နှုတ်ခမ်းမွေးနဲ့ ဂျိုင်းမွေး ချက်အောက်မွေးကို ရိတ်ခဲ့သူဟာ ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင်ဖြစ်တယ်။

💞နဗီတမန်တော်တွေထဲမှာ အစောဆုံးဒါရီဖြူသွားခဲ့တဲ့ တမန်တော်ဟာ ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင်ဖြစ်တယ်။

💞နဗီတွေထဲမှာ ခသ်နာစတင်ပြုလုပ်ခဲ့တဲ့သူ အိစ်သင်န်ဂျာကိုရေဖြင့်စတင်သူဟာ ဟဇရသ်ဟိဗရာဟိမ်(အလိုင်းဟ်)သခင်ဖြစ်တယ်။

💞အားလုံးထက်အရင် ဧည့်ခံမှုပြုခြင်း သုံ့ပန်းပစ္စည်းကို အလ္လာဟ်လမ်းမှာ သုံးစွဲခြင်းကိုပြုလုပ်ခဲ့သူဟာ ဟဇရသ်အိဗရာဟိမ်(အလိုင်းဟ်)သခင်ဖြစ်တယ်။


No comments:

Post a Comment