သုံးဦးသောသူဟာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အတို်င်းအဆမဲ့ ချစ်ခင်မှု နှစ်သက်မှုနဲ့ မြင့်မားတဲ့အဆင့်အတန်းကိုရရှိမှာဖြစ်တယ်။
(၁) မိမိရဲ့လူစုနဲ့အတူခရီးသွားနေတဲ့အခါ မသိတဲ့လူတစ်ဦးက ထိုလူစုထံမှ အလ္လာဟ်ဘက်ကိုအကြောင်းခံပြီး လိုအပ်မှုတစ်ခုခုအား လာရောက်တောင်းခံတဲ့အခါ လူအားလုံးကငြင်းပယ်လိုက်ကြတဲ့အချိန်မှာ ထိုသူဟာ သိုသိုသိပ်သိပ် သီခြားသွားပြီး တောင်းခံသူရဲ့လိုအပ်ချက်ကို ပြည့်ဝအောင်ကူညီပေးသောသူပဲဖြစ်တယ်။
ဒီလျို့ဝှက်ကူညီမှုဟာ တခြားသူများမသိပဲ သူတို့နှစ်ဦးနဲ့ အလ္လာဟ်အရှင်မြတ်သာလျင်သိတဲ့ ကိစ္စရပ်မျိုးဖြစ်မယ်ဆိုပါက ထိုသူဟာ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အတိုင်းအဆမဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိမှာဖြစ်တယ်။
(၂) မိမိရဲ့မျိုးနွယ် အဖွဲ့အစုနဲ့ညအချိန်မှာ ခရီးသွားနေတဲ့ရင်း ညရဲ့နောက်ဆုံးယံအချိန်မှာ အားလုံးက ပင်ပန်းနွမ်းနယ်မှုနဲ့ အိပ်မောကျနေတဲ့အခါ ထိုသူဟာ အိပ်ဆက်ခြင်းမပြုပဲ တိတ်ဆိတ်စွာ ထပြီး အလ္လာဟ်အရှင်မြတ်နဲ့ဆက်သွယ်မယ် ကုရ်အာန်သေလာဝသ်လုပ်မယ် ဇိကိရ်မှာမွေ့လျော်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်သခင်ရဲ့ထံတော်ပါးမှာ အတိုင်းအဆမရှိနှစ်သက်ခြင်းခံရမှာဖြစ်ပြီး မြင့်မားတဲ့အဆင့်အတန်းကိုရရှိမှာဖြစ်တယ်။
(၃) အစ္စ္စလာမ့်ရဲ့ရန်သူတွေနဲ့တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ မိမိညီနှောင်တွေရှုံးနှိမ့်နေရင်း နောက်လှည့်ပြန်ဖို့ဆိုင်းပြင်းနေတဲ့အခိုက်အတန့်မှာ မိမိရဲ့ရဲရင့်မှုကို ထုတ်ရင်း ရန်သူတွေရဲ့ရန်ကိုအန်တုကာ တောက်လျှောက်ပြန်လည်တိုက်ခိုက်ရင်း ထိုသူဟာ အောင်မြင်ခဲ့မယ် သို့မဟုတ်ရှဟီးဒ်ဖြစ်ခဲ့မယ်ဆိုပါက အလ္လာဟ်အရှင်မြတ်ရဲ့ထံတော်ပါးမှာ အတိုင်းအဆမဲ့ ချစ်ခင်နှစ်သက်ခြင်းခံရမှာဖြစ်ပြီး မြင့်မားတဲ့အဆင့်အတန်းကိုရရှိမှာဖြစ်တယ်။
Monday, December 25, 2017
အလ္လာဟ်ထံတော်ပါး၌နှစ်သက်ခြင်းခံရမယ့် ပုဂ္ဂိုလ်သုံးဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment