Sunday, December 24, 2017

နေကာဟ်ထိမ်မြားမင်္ဂလာ ပြုသင့်သော အရည်အချင်းသုံးရပ်

အမျိုးသမီးအား အချက်သုံးချက်ကိုကြည့်၍ နေကာလုပ်သင့်ပါတယ်။

(၁)ခင်ပွန်းကို အလွန်ချစ်ခင်နိုင်စွမ်းရှိမယ့် အမျိုးသမီး
(၂)ကလေးများများမွေးနိုင်စွမ်းရှိမယ့် အမျိုးသမီး (အဗူဒါဝူးဒ်)
(၃)ဘာသာရေးကိုင်းရှိုင်းပြီး မွန်မြတ်တဲ့အမျိုးသမီး (ဘိုခါရီ)

(၁၊၂)အမျိုးသမီးဟာ ကလေးမွေးနိုင်စွမ်းရှိပေမယ့် မိမိရဲ့ခင်ပွန်းကို ချစ်ခင်နိုင်တဲ့သူမဟုတ်ဘူးဆိုရင် ဒါဟာ နှလုံးသားအေးချမ်းမှုနဲ့ စွဲဆောင်မှုကင်းမဲ့လှပါတယ် အကယ်လို့ကလေများမွေးနိုင်စွမ်းမရှိပဲ အမြုံဖြစ်နေပါက နေကာဟ်ရဲ့ရည်ရွယ်ချက်က ပျောက်ဆုံးနေရပါလိမ့်မယ် ဒါဟာလဲ စိတ်ကျေနပ်စရာကိစ္စတစ်ခုမဟုတ်ပါဘူး တစ်ကယ်လို့များ ဒီအရည်အချင်းနှစ်ခုလုံးဟာ အမျိုးသမီးတစ်ယောက်စီမှာရရှိတယ်ဆိုရင် အဲ့ဒီအမျိုးသမီးဟာ စွဲဆောင်နိုင်စွမ်းရှိသလို ချစ်ဖွယ်ကောင်းပါတယ်။

ဒါဆိုရင် အမျိုးသမီးတစ်ယောက်ဟာ ပိုချစ်နိုင်စွမ်းရှိခြင်း မရှိခြင်း ကလေးများများမွေးနိုင်စွမ်းရှိခြင်း မရှိခြင်း ကလေးမမွေးနိုင်ခြင်းကို ဘယ်လိုသိနိုင်မလဲ?
လွယ်ပါတယ်  အဲ့ဒီမိန်းကလေးရဲ့ အသိုင်းဝိုင်းက အမျိုးသမီးတွေက ဘယ်လိုလဲဆိုတာကိုကြည့်ပြီးတော့ သိနိုင်ပါတယ်။ 

တမန်တော်မြတ်(ဆွ)သခင်ဟာ များစွာချစ်မယ့်သူ ကလေးလေးများများမွေးမယ့်အမျိုးသမီးတွေနဲ့ နေကာဟ်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်  ငါကိုယ်တော်မြတ်(ဆွ)ဟာ ကေယာမသ်နေ့မှာ တစ်ခြားအွမ္မသ်တွေထက် အသင်တို့ရဲ့အရေအတွက်များပြားခြင်းအပေါ်မှာ ဂုဏ်ယူလိမ့်မယ်။

ဒီဟဒီးစ်မှာ ကလေးများများယူဖို့တိုက်တွန်းထားပါတယ် ဒါကြောင့် "ကလေးနှစ်ယောက်လောက်ပဲကောင်းပါတယ် ငါတို့ကနှစ်ယောက် ကလေးလဲနှစ်ယောက်တော်ပါပြီ" စသဖြင့်ပြောဆိုခြင်းဟာ လုံးဝမှားယွင်းသလို ရှရီအသ်နဲ့လဲဆန့်ကျင်ရာကျတယ် စွန္နသ်နဲ့လဲဆန့်ကျင်ရာကျပါတယ်။
ကလေးများရင် ဘဝနေထိုင်ရေးမှာ ဝန်ပိုးတစ်ခုဖြစ်မယ်ဆိုပြီး ပြောကြပါတယ် တစ်ကယ်တော့ ဒီလိုပြောကြခြင်းဟာ ဒီကလေးတွေဟာ နောင်တစ်ချိန်ရဲ့ လူမှု့ပတ်ဝန်းကျင်ကို တိုးတက်အောင် စွမ်းဆောင်မယ့် အကြောင်းခံတစ်ခုပဲဆိုတာ မသိကြခြင်းပဲဖြစ်တယ်။

တစ်ကယ်လို့ကာဖိရ်တွေက မင်းတို့မွတ်စ်လင်မ်တွေကလေးတွေသိပ်များတာပဲလို့ပြောရင် ဒီလိုပဲပြန်ပြောလိုက်ပါ ငါတို့ဟာ တိုးတက်တိုးရင်းတက်သွားနေတာ မင်းတို့က လျော့ကျရင်းလျော့ကျသွားနေတာ။
နောက်ပြီးတော့ ဒါဟာကျွန်တော်တို့တမန်တော်တော်မြတ်သခင်ရဲ့ မိန့်မှာချက်ပဲမဟုတ်လား။

(၃)တတိယတစ်ခုကတော့ ဘာသာရေးကိုင်းရှိုင်းပြီး မွန်မြတ်တဲ့အမျိုးသမီးပဲဖြစ်တယ် ဘာသာရေးကိုင်းရှိုင်းခြင်းဟာ အမျိုးသား အမျိုးသမီး နှစ်ဦးစလုံးအတွက် လိုအပ်မယ့်အရာ လုပ်ဆောင်ရမယ့်အရာပဲဖြစ်တယ်။ အမျိုးသမီးကလဲ ဘာသာရေးကိုင်းရှိုင်းတယ်ဆိုရင်တော့ အိမ်တစ်အိမ်လုံး အိမ်ရဲ့စီမံခန့်ခွဲမှုအားလုံး နောက်ဆုံးကလေးကိုပဲ့ပြင်သွန်သင်မှု အားလုံးဟာ မှန်ကန်ပြီး သာသနာနဲ့ကိုက်ညီတဲ့ပုံစံအတိုင်းပဲဖြစ်နေပါလိမ့်မယ်။

ဘာသာရေးကိုင်းရှိုင်းတဲ့ အမျိုးသမီးရဲ့ ပဲ့ပြင်ထိမ်းကျောင်းမှုဟာ ကြီးမားတဲ့လုပ်ဆောင်ချက်တွေဘက်ကိုတွန်းပို့ပေးနိုင်ပါတယ် ဘာလို့လဲဆိုတော့ မိခင်ဆိုတာ ကလေးတွေရဲ့ပထမဆုံးကျောင်းတော်ပဲလေ။
ဒါကြောင့်တမန်တော်မြတ်(ဆွ)သခင်ဟာ ဘာသာရေးလိုက်စားတဲ့အမျိုးသမီးနဲ့ အိမ်ထောင်ပြုဖို့ လေးလေးနက်နက်တိုက်တွန်းခဲ့တာပါ။


No comments:

Post a Comment