Tuesday, December 26, 2017

လအ်နသ်ပို့ခံထားရသည့် လူသုံးဦး

သုံးဦးသောသူအပေါ်မှာ တမန်တော်မြတ်(ဆွ)သခင်ဟာ လအ်နသ်ပို့ထားပါတယ်။

၁။လာဘ်ပေးတဲ့သူ ၂။လာဘ်ယူတဲ့သူ ၃။လာဘ်ပေးလာဘ်ယူလုပ်တဲ့သူကြားမှာ အဆင်ပြေအောင်ကူညီချိတ်ဆက်ပေးသူ။ (မွတ်စ်နဒ်အဟ်မဒ်)

တမန်တော်မြတ်(ဆွ)သခင် အမိန့်ရှိတော်မူခဲ့တယ် ခေတ်ကာလတစ်ခုမှာ အုပ်ချုပ်တဲ့သူတွေ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ အရောင်းအဝယ်ဖြစ်ပါလိမ့်မယ်။

ပိုက်ဆံရှိတဲ့သူဟာ လာဘ်ပေးပြီးတော့ မိမိရဲ့ကိစ္စရပ်အတွက် ဆုံးဖြတ်ချက်တွေကိုဖြစ်စေလိမ့်မယ် တရားမျှတခြင်းဆိုတာ နာမည်တောင်ကျန်တော့မှာမဟုတ်ဘူး။ အမှန်တရားရဲ့ဆုံးဖြတ်ချက်ဖြစ်မှာမဟုတ်တော့ပဲ လာဘ်ပေးတဲ့သူဘက်ကနေ ဘက်လိုက်ဆုံးဖြတ်ချက်ပဲဖြစ်ပါတော့မယ်။

ဟဒီးစ်တော်ရဲ့တစ်နေရာမှာဆိုရင် တမန်တော်မြတ်(ဆွ)က လာဘ်ပေးသူနဲ့ လာဘ်စားသူနှစ်ဦးလုံးဟာ ဂျဟန္နမီဖြစ်ကြောင်းကို အမိန့်ရှိထားပါတယ်။

မွတ်စ်လင်မ်အားလုံး လာဘ်ပေးခြင်း လာဘ်ယူခြင်းကနေရှောင်ရှားနိုင်ကြပါစေ။


No comments:

Post a Comment