အစ္စလာမ့်ဓမ္မသတ် အမေးအဖြေဖြစ်တဲ့ ဖသ်ဝါဆိုတာ ဘာသာခြားတွေရဲ့လုပ်ရပ်မဟုတ်သလို တရားသစ်တည်ထွင်ခြင်းတစ်ခုလဲဘူးဆိုတာ အရင်ဆုံး မွတ်စ်လင်မ်တွေအားလုံးနားလည်ထားသင့်တယ်။
အဲ့ဒီထက်နည်းနည်းပိုသဘောပေါက်အောင် ပြောရရင် တမန်တော်အပေါ်မှာ ပေးအပ်ခြင်းခံထားရတဲ့ တာဝန်တစ်ရပ် အဲ့တော့ သာသနာ့ပညာရှင်တွေဆိုတာ နဗီရဲ့အမွေစားအမွေခံ အဲ့တော့ ဒီလုပ်ရပ်ဟာ သာသနာ့ပညာရှင်တွေ ဆက်လက်ထမ်းပိုးထားတဲ့ နဗီကပေးခဲ့တဲ့တာဝန်တစ်ရပ်ပဲ…
ဒီတာ့ ဖသ်ဝါကိုလှောင်ပြောင်ခြင်း ခနဲ့ခြင်းဟာ နဗီရဲ့တာဝန် နဗီရဲ့လုပ်ရပ်ကို လှောင်ပြောင်ခြင်း ခနဲ့ခြင်းပဲ။
ကဲ…ကုရ်အာန်ကဘာပြောလဲ နဲနဲကြည့်ရအောင်…
"၄င်းပြင် ထိုသူတို့သည် မိန်းမတို့(၏အမွေနှင့်စပ်လျဉ်း၍လည်းကောင်း မဟရ်နှင့်စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြလေသည်။ အသင်သည်ထိုသူတို့အား ဤသို့ဖြေကြားပါလေ"။(အစောင် ၄ .အယသ် ၁၂၇)
ဒါဟာကုရ်အာန်ကနေ အလ္လာဟ်အရှင်မြတ်က တမန်တော်ကို တိုက်ရိုက်ညွန်ကြားနေတဲ့ ဖသ်ဝါ ဓမ္မသတ်ပဲ။ ဒီလိုပဲ ဖသ်ဝါကိစ္စနဲ့ပက်သက်ပြီး ဟဒီးစ်တွေမှာလဲ အများကြီးပဲ။
အဲ့တော့ရှင်းရှင်းလေးပါ ဖသ်ဝါကို ပြောင်လှောင်ရင် အလ္လာဟ်ရဲ့ကလာမ်ကိုပြောင်တာ ကုရ်အာန်ကိုခနဲ့တာ တမန်တော်မြတ်ရဲ့မိန့်မှာချက်တွေကိုစော်ကားတာပဲ။
ဒါကြောင့်မို့ ဖသ်ဝါလာမထုတ်ပါနဲ့တို့ ဖသ်ဝါထုတ်ချင်ရင်ဟိုနားသွားတို့ ဒီနားသွားတို့ ဒါကပိုင်တယ် ဟိုဟာကမပိုင်ဘူးတို့ ရွဲ့တယ်လို့ထင်ရတဲ့စကားလုံးတွေ လှောင်ပြောင်တဲ့ပုံစံတွေနဲ့ သုံးနှုန်းခြင်းကနေအတတ်နိုင်ဆုံးရှောင်ပါ ဖသ်ဝါဆိုတာ ခင်ဗျားတို့ကစားစရာမဟုတ်ဘူး သာသနာရဲ့အမိန့်တွေရဲ့ ဓမ္မသတ်ကိုခေါ်တာ။
နဲနဲလေးတော့ သဘောပေါက်ကြပါ မွတ်စ်လင်မ်တို့… ကိုယ့်သာသနာရဲ့ဓမ္မသတ်ကိုမှ ကိုယ်တန်ဖိုးမထားရင် ဘာသာခြားတွေစော်ကားနေတာက ဘာထူးဆန်းနေဦးမှာလဲဗျာ။
Saturday, December 30, 2017
ဖသ်ဝါသည် လှောင်ပြောင်ခနဲ့စရာမဟုတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment