Friday, October 6, 2017

နှောင်မွတ်စ်လင်မ်အမျိုးသမီးမှအစ္စလာမ့်ညီမများအတွက်စကားလက်ဆောင်

အီမာန်လက်ခံလာသော နှောင်မွတ်စ်လင်မ် အမျိုးသမီးဖြစ်သူ ဟလီမာဟ်စအ်ဒီယားအား မော်လာနာကလီမ်းစွဒ္ဒီကီး၏ သမီးဖြစ်သူမှ အင်တာဗျုး တစ်ခုတွင် မွတ်စ်လင်မ်အမျိုးသမီးများအား စကားလက်ဆောင်လေးပါးပေးပါဦးလို့ပြောတော့……့

ကျွန်မပြောချင်တာကတော့ ကျွန်မတို့အစ္စလာမ့် ညီမအစ်မ အများပိုင်းဟာ အစ္စလာမ်ကချီးမြင့်ထားတဲ့ နိအ်မသ်ရဲ့တန်ဖိုးကို နားမလည်ကြဘူး။

သူတို့တွေက အချွတ်အဖော် ယဉ်ကျေးမှုရဲ့ အဆိပ်ခွက်ထဲမှာ အရသာတွေ့နေကြတယ်။

တစ်ချို့မွတ်စ်လင်မ် ရပ်ကွက်တွေကို သွားတယ်ဆိုရင်ပဲ ဒါဟာမွတ်စ်လင်မ် ရပ်ကွက်လားဆိုတာတောင် သိဖို့တော်တော်ခက်ခဲပါတယ်။

ဒီပရ်ဒါမဲ့မှုတွေ အဲ့ဒီထက်ပိုပြောရမယ်ဆိုရင်တော့ အရှက်ကင်းမဲ့မှု မလုံမခြုံမှုတွေဟာ အတိုင်းထက်လွန်တဲ့ ဖက်ရှင်တစ်ခုဖြစ်နေပါတယ်။

အဲ့ဒီအမျိုးသမီးတွေအတွက်တော့ အစ္စလာမ်ရဲ့ အစပိုင်းအမျိုးသမီးတွေရဲ့  သမိုင်းတွေဖတ်ဖို့ သိပ်အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။

ဒါမှသူတို့တွေဟာ အစ္စလာမ်က အမျိုးသမီးတွေကိုပေးထားတဲ့ အခွင့်အရေးတွေ ကျေးဇူးပြုထားတဲ့သဘောတရားတွေ ဒီန်းသာသနာရဲ့တန်ဖိုးတွေကို သဘောပေါက်နားလည်လာမှာဖြစ်ပါတယ်။

၂၀၁၄ အရ်မဂါန်(ရွှေလက်ဆောင်)မဂ္ဂဇင်း မှ ဘာသာပြန်တင်ပြသည်။


No comments:

Post a Comment