Monday, October 16, 2017

နှလုံးသား အားနည်းခြင်းရဲ့လက္ခဏာ

လူတစ်ယောက်ရဲ့ အတွင်းပိုင်းဆိုင်ရာ အားနည်းနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?
အဲ့ဒါနဲ့ပက်သက်ပြီးတော့ လက္ခဏာတစ်ချို့ကိုတင်ပြလိုက်ရပါတယ်။

①လူတစ်ယောက်ဟာ (ဖါနီ) ပျက်စီးသွားမယ့်အရာတွေကို (ဘာကီ) အမြဲတမ်းတည်ရှိနေမယ့်အရာထက် ဦးစားပေးနေပြီဆိုရင်တော့ သူ့ရဲ့အတွင်းပိုင်းဆိုင်ရာအားနည်းနေပြီလို့မှတ်လိုက်ပါတော့။

ဥပမာပြောရရင် လောကီအိမ်ကိုပဲ သိပ်ကောင်းတယ်လို့မြင်နေပြီး အာခိရသ်မှာနေထိုင်ဖို့ရာအတွက် သောကမထားခြင်း၊ဒွန္နယာရဲ့သိက္ခာကိုသာမက်မောနေပြီး အာခိရသ်မှာသိက္ခာရမလား သိက္ခာကျမလားဆိုတဲ့အတွေးမရှိခြင်း၊ ဒွန္နယာရဲ့လွယ်ကူမှုကိုသာကြည့်ပြီး အာခိရသ်ရဲ့အဇာဗ်ကို ဂရုမပြုခြင်း၊

②လူတစ်ယောက်ဟာ မငိုတော့ဘူးဆိုရင် သူ့ရဲ့နှလုံးသားမှာကြောနေပြီလို့ မှတ်လိုက်တော့။တစ်ခါတစ်လေမှာ လူတစ်ယောက်ရဲ့ မျက်လုံးက ငိုသလို တစ်ခါတစ်လေမှာ နှလုံးသားကငိုလေ့ရှိတယ်။ နှလုံးသားကငိုခြင်းဟာ မျက်လုံးကငိုသာထက်ပိုသာမြတ်ပါတယ် ငိုတယ်ဆိုတာ မျက်လုံးကနေ မျက်ရည်ကျဖို့အရေးမကြီးပါဘူး။ အလ္လာဟ်ဗန္ဒာဟ် တွေထဲမှာ မျက်ရည်မကျပဲ နှလုံးသားကငိုနေတဲ့သူတွေ ဒုနဲ့ဒေးရှိပါတယ်။ သူတို့ရဲ့နှလုံးသားကနေ အဲ့လိုငိုခြင်းဟာ အလ္လာဟ်အရှင်မြတ်သခင်ထံမှာ လက်ခံခြင်းခံရပါတယ် သောင်ဗာတွေ လက်ခံပေးခြင်းခံရဖို့အတွက် အတားအစီးတွေ ပွင့်သွားစေပါတယ်။
ဒီတော့ မိတ်ဆွေ! နှလုံးသား(သို့)မျက်လုံး တစ်ခုနဲ့တော့ ငိုကိုငိုပါ။ တစ်ချို့ကတော့ မျက်လုံးကော နှလုံးသားကော ငိုလေ့ရှိကြပါတယ်။

③အတွင်းပိုင်းဆိုင်ရာ အားနဲချက်တွေထဲက နောက်တစ်ခုကတော့ ဖန်ဆင်းခံ အချင်းချင်းတွေ့ဆုံဖို့တော့ မျော်လင့်ချက်ထားကြပြီး အလ္လာဟ်နဲ့တွေ့ဖို့အတွက် သတိတောင်မရပဲဖြစ်နေတာမျိုးပါ။ အဲ့ဒါဆိုရင် မှတ်လိုက်တော့မိတ်ဆွေ! ဒါဟာနှလုံးသားသေနေခြင်းပဲ။

④လူတစ်ယောက်ရဲ့နှလုံးသားဟာ အလ္လာဟ်ကိုသတိရခြင်းကနေ ကြောက်ရွံ့နေပြီး ဖန်ဆင်းခံအခြင်းခြင်းကြားမှာနေထိုင်းခြင်းကိုသာ ပျော်မွေ့နေပြီဆိုရင် နှလုံးသားသေနေခြင်းရဲ့ လက္ခဏာတစ်ခုပဲ။ အလ္လာဟ်ကိုသတိရနေမှုကို ကြောက်ရွံ့တယ်ဆိုတာ သတ်စ်ဗီးဟ်စိတ်ခြင်းကို ထိတ်လန့်တာ နမာဇ်ဖတ်ဖို့ အခင်းပေါ်မှာထိုင်ဖို့ ဝန်လေးနေတာမျိုးတွေကိုပြောတာပါ။

သိပ်ကောင်းတဲ့ နည်းလမ်းတစ်ခုကို မှတ်ထားပါ ဗန္ဒာဟ်တစ်ယောက်ဟာ အလ္လာဟ်နဲ့အမြဲအချိတ်ဆက်ထားတာကို ကြည့်ချင်တယ်ဆိုရင် သူ့ရဲ့ မုဆွလ္လာ ပေါ်မှာထိုင်တာကိုကြည့်လိုက်ပါ တစ်ကယ့်ဇိကိရ်လုပ်တဲ့သူ အလ္လာဟ်အတွက်မွေ့လျော်နေတဲ့သူဆိုတာ မိခွင်ရင်မှာ အေးချမ်းစွာနေသလိုမျိုး မုဆွလ္လာပေါ်မှာလဲ တည်ငြိမ်စွာထိုင်ပါလိမ့်မယ် နှလုံးသားထဲမှာ အညစ်အကြေးတွေအနည်ထိုင်နေတဲ့သူဟာ မုဆွလ္လာပေါ်မှာထိုင်နေခြင်းဟာ သူ့အတွက်ဒုက္ခတစ်ခုလိုဖြစ်နေလိမ့်မယ် စလာမ်လည့်ပြီးတာနဲ့ အမြန်ထပြေးလိမ့်မယ်။ တော်တော်များများဆိုရင် ဗလီကိုလာဖို့တောင် စိတ်မပါကြပါဘူး။

မိတ်ဆွေ!တစ်ကယ်လို့ ခင်ဗျားဆီမှာ ဒီလက္ခဏာတွေမရှိဘူးဆိုရင် အလ္လာဟ်ကိုကျေးဇူးတင်လိုက်ပါ။ ဒီလက္ခဏာတွေခင်ဗျားဆီမှာရှိနေပြီဆိုရင်တော့ ဆရာသခင်အကြီးအကဲတွေအနားမှာနေပါ ပြီးရင်နှလုံးသားကိုပြုပြင်ပေးစေမယ့် စာပေတွေကို ဖတ်ကျင့်ပြုပါတော့။

သူတော်စင်အကြီးအကဲတွေနဲ့ ပြုပြင်မှုလုပ်မှသာလျင် မိမိရဲ့အတွင်းပိုင်းဆိုင်ရာ အားနည်းမှုတွေ ပြန်လည်တည့်မှတ်လာမှာဖြစ်တယ်။

#ကလောင်မင်း


No comments:

Post a Comment