Friday, October 20, 2017

ဟဇရသ်အလီ(ရသွေ့)၏ထက်မြက်မှု

တစ်ရက် ဟဇရသ်အွမ္မရ်(ရသွေ့) လူတစ်ယောက်ကိုမေးတယ် ခင်ဗျားဟာဘယ်လိုလူလဲပေါ့……

ဒါနဲ့ဟိုလူကလဲ ကျွန်တော်က "ဖိသ်နာကိုချစ်တယ် "အမှန်တရားကိုမုန်းတယ် "မမြင်ဘူးတဲ့အရာကို သက်သေခံတဲ့လူထဲကပါ" လို့ဖြေလိုက်တယ်… ဒါနဲ့ဟဇရသ်အွမ္မရ် ဒေါသတော်တော်ထွက်သွားတယ် ချက်ချင်းထောင်ထဲထည့်ဖို့ အမိန့်ပေးလိုက်တယ်…

အဲ့ဒီမှာ ဟဇရသ်အလီ(ရသွေ့)က သူပြောတာတွေ အမှန်တွေပဲ ထောင်ထဲကနေ ပြန်ထုတ်ဖို့ဟဇရ်အွမ္မရ်(ရသွေ့)ကိုပြောတော့ ဟဇရသ်အွမ္မရ်က မေးရော ဘယ်လိုမှန်တာလဲပေါ့……

ဒီတော့ဟဇရသ်အလီ(ရသွေ့)က ဖိသ်နာကိုချစ်တယ်ဆိုတာ သားသမီးနဲ့ ပစ္စည်းဥစ္စာကိုချစ်တယ်ပြောတာ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အမိန့်ရှိထားတယ် "အသင်တို့ရဲ့သားသမီးများနဲ့ ဥစ္စာပစ္စည်းများဟာ အသင်တို့အတွက် ဖိသ်နာပါပဲ"တဲ့…

အမှန်တရားကို မုန်းတယ်ဆိုတာက သေဆုံးခြင်းကို ပြောတာပါ… "သေဆုံးခြင်းဆိုတာ တစ်ကယ်ဆိုက်ရောက်လာမယ့် အမှန်တရားတစ်ခုပါ"…

မမြင်ရတဲ့အရာပေါ်မှာ သက်သေခံတယ်ဆိုတာ တမန်တော်မြတ်(ဆွ)ကိုပြောတာပါ "တမန်တော်မြတ်(ဆွ)ကို မမြင်ဘူးပဲ မှန်ကန်ကြောင်းသက်သေခံ ထားလို့ပါ"…

အဲ့တော့မှ ဟဇရသ်အွမ္မရ်(ရသွေ့)လဲ အဲ့ဒီပုဂ္ဂိုဟ်ကို ပြန်လွတ်ပေးလိုက်တော့တယ်……

#ကြည့်စမ်းဟဇရသ်အလီသခင်ရဲ့ထက်မြက်မှု……


No comments:

Post a Comment