Sunday, October 22, 2017

ကွယ်လွန်သွားတဲ့မိဘရဲ့အမိန့်ကိုဖီဆန်ခဲ့မယ်ဆိုရင် ဘယ်လို ပြန်ဆပ်ရမလဲ?

တစ်ကယ်လို့ မိဘရှိစဉ်မှာ မိဘရဲ့အမိန့်ကိုဖီဆန်ခဲ့ပြီး မိဘဆုံးပါသွားတဲ့အခါမှာ နှောင်တတွေရနေပြီဆိုရင်တော့ သောင်ဗာဘယ်လိုလုပ်မလဲ?

အောက်မှာဖော်ပြမယ့်အချက်တွေအပေါ်မှာ အမလ်လုပ်ပါ မိဘရဲ့အမိန့်ဖီဆန်ခြင်းရဲ့ဂိုနာဟ်တွေ အတိုင်းအတာတစ်ခုထိ ချေဖျက်နိုင်မှာပါ in sha allah

၁။မိမိကိုယ်ကိုယ်မိမိအရှက်ရပြီး စစ်မှန်စွာနဲ့ အလ္လာဟ်ထံတော်ပါးမှာ ခွင့်လွတ်မှုတောင်းခံပါ သောင်ဗာအိစ်သိဂ်ဖါရ်များများလုပ်ပါ။

၂။ကွယ်လွန်သူမိဘနှစ်ပါးအတွက် ဖြစ်နိုင်သလောက် မဂ်ဖိရသ်ရဲ့ဒိုအာနဲ့ အီစွာလေစဝါးဗ်များများ ပို့ကျင့် စွဲစွဲမြဲမြဲလုပ်ပါ။

၃။ကွယ်လွန်သူမိဘနှစ်ပါးအတွက် ကိုယ်တတ်နိုင်သလောက် ဆွဒကာ ခိုင်ရားသ် များများလုပ်ပြီးစဝါးဗ်ပို့ပေးပါ။

၎။ငွေရေးကြေးရေးတတ်နိုင်တယ်ဆိုရင် ကွယ်လွန်သူမိဘကိုယ်စား ဟဂ်ျနဲ့အွမ္မရာကိုလုပ်ပေးပါ။

၅။သူတို့ရဲ့မိတ်ဆွေရောင်းရင်းများ၊ရင်းနှီးသူများ၊ အထူးသဖြင့်ခါလာ၊ မာမူ၊ ဖူဖီ၊ ကျာကျာ အစရှိတဲ့သူတွေနဲ့ ကောင်းမွန်ပြူငှာစွာ ဆက်ဆံမှုပြုပါ။


No comments:

Post a Comment