Friday, October 20, 2017

💞ဂျုမုအာနေ့မြတ်ရဲ့ စွန္နသ်တော်များ 💞

1⃣ရေချိုးခြင်း

2⃣ကောင်းမွန်ပြီးသန့်ပြန့်တဲ့အဝတ်အစားကို ဝတ်ဆင်ခြင်း

3⃣ဗလီကို အမြန်သွားဖို့သောကထားခြင်း

4⃣ဗလီကို ခြေလျင်သွားခြင်း

5⃣အီမာမ်ရှေ့ဆောင်နဲ့ အနီးစပ်ဆုံးထိုင်နိုင်အောင်ကျိုးစားခြင်း

6⃣လိုင်းတွေ ပြည့်နေပြီဆိုပါက လူတွေကိုကျော်ခွပြီး အရှေ့ကိုမသွားပဲနေခြင်း

7⃣အချည်းအနှီးအကျိုးမဲ့လုပ်ရပ်များကို ရှောင်ရှားခြင်း

8⃣ခွသ်ဗာကို အာရုံစိုက်နားထောင်ခြင်း

9⃣ဂျုမုအာနေ့မှာ စူရာဟ်ကဟဖ်ဖတ်မယ်ဆိုရင် ထိုသူ့အတွက် အရရှ်တော်အောက်ကနေ မိုးကောင်းကင်ခန့်မျှ အလင်းရောင်တစ်ခုထွက်ပေါ်လာလိမ့်မယ် အဲ့ဒီအလင်းရောင်ဟာ ကေယာမသ်နေ့ရဲ့အမှောင်ထုအတွက် အသုံးဝင်ပါလိမ့်မယ်။ ပြီးရင် ဒီသောကြာကနေ နောက်သောကြာကြားက ဂိုနာဟ်စွဂီရာဟ်များ ခွင့်လွတ်ပေးခြင်းခံရပါလိမ့်မယ်။

🔟တမန်တော်မြတ်(ဆွ)သခင်အမိန့်ရှိတော်မူတယ် ဂျုမုအာနေ့မှာ ငါကိုယ်တော်မြတ်သခင်အား များစွာဒရူးဒ်ပို့ပါ အဲ့ဒီဒရူးဒ်တွေဟာ ငါကိုယ်တော်မြတ်သခင်ထံပို့ဆောင်ပေးခြင်းခံရပါတယ်။

1⃣1⃣သောကြာနေ့မှာ ဆံပင်ဆီလိမ်းခြင်း အမွှေးအကြိုင်လိမ်းခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။

#ဟဇရသ်မော်လာနာရှားဟ်ဟကီးမ်အခ်သရ်ဆွာဟိဗ်(ရဟေ့)


No comments:

Post a Comment