Friday, June 23, 2017

အစ္စလာမ့်ဗဟုသုတ

🌍ကအ်ဗာကျောင်းတော်ကို ဘယ်နှစ်ကြိမ်ဆောက်လုပ်ခဲ့သလဲ?
ဘယ်သူတွေက ဆောက်ခဲ့တာလဲ?

(၁)ပထမဆုံးအကြိမ်ကိုတော့ ဟဇရသ်အာဒမ်(အလိုင်းဟ်)သခင်ထက်အရင် ဖရိရှ်တာတွေက ဆောက်လုပ်ခဲ့တာပါ။

(၂)ဒုတိယအကြိမ်ကိုတော့ တမန်တော်အာဒမ်(အလိုင်းဟ်)သခင်က ဆောက်လုပ်ခဲ့ပါတယ်။

(၃)သုံးကြိမ်မြှောက်ကိုတော့ တမန်တော်အာဒမ်(အလိုင်းဟ်)သခင်ရဲ့ သားတွေက ဆောက်လုပ်ခဲ့ပါတယ်။

(၄)လေးကြိမ်မြှောက် ဆောက်လုပ်ခဲ့တာကတော့ တမန်တော်အိဗ်ရာဟီးမ်(အလိုင်းဟ်)သခင်ပါ။

(၅)ငါးကြိမ်မြှောက်ကိုတော့ အမာလေကာ အမည်ရှိတဲ့ မျိုးနွယ်အုပ်စုက ဆောက်လုပ်ခဲ့ပါတယ်။

(၆)ခြောက်ကြိမ်မြှောက်ကိုတော့ ဂျရ်ဟမ် အမည်ရှိတဲ့ အုပ်စုက ဆောက်လုပ်ခဲ့ပါတယ်။

(၇)ခုနှစ်ကြိမ်မြှောက်ကို တမန်တော်မြတ်(ဆွ)ရဲ့ အဘိုးတော် ကွစ္စါဘင်န်ကေလာဗ်က ဆောက်လုပ်ခဲ့ပါတယ်။

(၈)ရှစ်ကြိမ်မြှောက်ကိုတော့ ကူရိုက်ရှ်မျိုးနွယ်အုပ်စုက တမန်တော်မြတ်(ဆွ)သခင် နဗူဝသ် မရသေးခင်အခါက ဆောက်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တမန်တော်မြတ်(ဆွ)သခင်ရဲ့သက်တော် ၃၅နှစ်ရှိပါပြီ။

(၉)ကိုးကြိမ်မြောက်ကို ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်ဇိုဗိုင်း(ရသွေ့)သခင်က ဆောက်လုပ်ခဲ့ပါတယ်။

(၁၀) ဆယ်ကြိမ်မြှောက်ကိုတော့ ဟဂ်ျဂျားဂ်ျဗင်န်ယူစွဖ် စကဖီ ကဆောက်လုပ်ခဲ့ပါတယ်။

(ကြည့်- ရှိဖါအွလ်ဂရာမ်ဘိအခ်ဗာရိလ်ဗလဒိလ်ဟရာမ်)

[မှတ်ချက် ကအ်ဗာကျောင်းတော်ရဲ့ ဆောက်လုပ်မှုနဲ့ပက်သက်ပြီး အကွဲအလွဲရှိပါတယ်]

တင်ပြသူ
ကလောင်မင်း


Thursday, June 22, 2017

ဆုံးဖြတ်ကြည့်ကြပါ

ကဲ…ဗျာ  နဲနဲတော့သဘောပေါက်ထားဖို့လိုမယ်
သဗ်လိဂ်ကို စော်ကားနေသူများ သိစေရန်

ဗလီမမှန် နမာဇ်မမှန်တဲ့ လူတစ်ယောက်ကို အိမ်ထိလာရောက်ပြီး ဗလီလာဖို့ နမာဇ်ဖတ်ဖို့ ဘာသာရေးလိုက်စားဖို့ လာရောက်ဖိတ်ခေါ်တာဟာ ကောင်းလား? မကောင်းဘူးလား?ခင်ဗျားတို့ဆုံးဖြတ်ကြည့်ပါ။

အကျင့်သားရအောင် လေ့လာမှုတွေလဲလုပ်လို့ရအောင် နမာဇ်အချိန်နမာဇ် သေလာဝသ်အချိန်သေလာဝသ် ဇိကိရ်အချိန်ဇိကိရ် နည်းစနစ်လဲကျသွားအောင် ဘဝအတွက် ဗလီကိုခေါ်ပြီး ခနအချိန်ပေးခိုင်းထားတာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ဆုံးဖြတ်ကြည့်ကြပါ။

အပြင်မှာ မူးရူးပြီး အာဝါဒါးဖြစ်နေတဲ့ လူတစ်ယောက်ကို ဗလီကိုဖိတ်ခေါ်ပြီး အချိန်ပေးခိုင်းပြီး ပြုပြင်ပေးလိုက်တာဟာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ဆုံးဖြတ်ကြည့်ကြပါ။

ဒီးန်အကြောင်းတွေသိလာအောင် 
လူများတွေကိုလဲပြန်ဖြန့်ဖြူးလို့ရအောင် ဟောခိုင်းပြောခိုင်းတာဟာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ပဲဆုံးဖြတ်ကြည့်ကြပါ။

အပြင်မှာ ဂျလေဗီဖြစ်နေတဲ့သူကို မှန်သွားတဲ့သူတစ်ယောက်က ပြုပြင်စေချင်လို့ နာမာဇ်လာဖတ်ဖို့ ဗလီလာဖို့ ဖိတ်ခေါ်တာဟာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ပဲဆုံးဖြတ်ကြည့်ကြပါ။

အေး…အဲ့လိုအလုပ်ကိုမှ မကောင်းဘူးလို့ပြောတဲ့ကောင် ဗေဒအသ်လို့ပြောတဲ့ကောင်ဟာ ဒီးန်းလိုက်စားတာကို မလိုလားတဲ့ကောင် ဘာသာရေးအသိပညာ တိုးသွားမှာကိုမလိုလားတဲ့ကောင် သပ်လျိုအစ္စလာမ်ကိုသွေးခွဲတဲ့ကောင်ဆိုတာ ခင်ဗျားတို့ကောင်းကောင်း မှတ်ထားလိုက်ကြတော့။

ကလောင်မင်း


ကျောင်းတော်ဝါဒဆိုတာ?

သာသနာ့ကျောင်းတွေကို တိုက်ခိုက်တဲ့ သူတွေထဲ ဝှေ့ဝဲကြည့်လိုက်ရင် အများဆုံးမြင်ရတာက အဟ်လေကုရ်အာန်(59)အုပ်စု  ဘာကြောင့် သာသနာ့ကျောင်းတွေကို သူတို့မုန်းနေရတာလဲ? ဒီအချက်ကရှင်းရှင်းလေးရယ် သူတို့ရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် ခံယူချက်တွေက ခေါင်းမော့လို့မရလို့ပဲ…

ဘယ်နိုင်ငံမှာပဲကြည့်ကြည့် အဟ်လေကုရ်အာန်အုပ်စုဟာ ဘယ်လိုမှ ခေါင်းထောင်လို့မရတဲ့ အုပ်စု သူတို့ရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် ခံယူချက်တွေကို ခက်ခက်ခဲခဲ ရိုက်ချိုးနေစရာမလိုဘူးရယ်… သာသနာနဲ့ပက်သက်ပြီး နဲနဲ တွေးတတ်သူတိုင်း အဲ့ဒီအုပ်စုကနေ လက်ရှောင်ပြီးသား ဒါပေမယ့် တစ်ချို့ကျတော့ ခေတ်အခြေနေအရ အနေချောင်တယ်ဆိုပြီး အဲ့ဒီထဲမှာ ပျော်မွေ့နေတာမျိုး…

ဟဒီးစ်ကို လက်မခံတဲ့ အဲ့ဒီအုပ်စုကို မေးခွန်းများများ မေးနေစရာမလိုဘူးရယ်…နမာဇ်ဖတ်နည်းကို ကုရ်အာန်နဲ့ပြခိုင်း ရိုဇာနဲ့ပက်သက်တဲ့ အချက်အလက်တွေကို ကုရ်အာန်နဲ့ပြခိုင်း ဇကားပေးဆောင်ရမယ့်ပုံစံ အတိုင်းအတာကို ကုရ်အာန်နဲ့ပြခိုင်း ဟဂ်ျလုပ်နည်းကို ကုရ်အာန်နဲ့ပြခိုင်း သေသူကိုမြုပ်နံနည်းကို ကုရ်အာန်နဲ့ပြခိုင်း ဒါအဓိကအချက်တွေပဲရှိသေးတာ အဲ့လောက်ပဲမေးကြည့် အားလုံးအမြီးကုပ်ပြီး ပြေးမှာကြီး……ထားပါ

အဓိက ပြောချင်တာက ကျောင်းအကြောင်း အခုခေတ်အခြေနေအရ ကျောင်းကို အမျိုးအစားခွဲချလိုက်ရင် ခေတ်ပညာကျောင်းနဲ့သာသနာ့ကျောင်း  ခေတ်ပညာကျောင်းမှာ နှစ်မျိုးပြန်ရှိတယ် အစိုးရကျောင်းနဲ့ ပုဂ္ဂလ်ကကျောင်း အဲ့ဒီနှစ်ခုစလုံးရဲ့ နှောက်ဆုံးပန်းတိုင်က တစ်ခုထဲ ……
အဓိကပြောချင်တာက ခေတ်ပညာကျောင်းကိုတတ်ဖို့ သာသနာက တားထားတာမျိုးမရှိတဲ့အပြင် တိုက်တွန်းချက်တွေပါရှိသေး ဒါပေမယ့် အဟ်လေကုရ်အာန်က ခေတ်ပညာကိုပဲဆည်းပူးပြီး သာသနာ့ပညာကို မဆည်းပူးသင့်သယောင် သာသနာ့ကျောင်းတွေကို ကျောင်းတော်ဝါဒဆိုတဲ့ ခေါင်းစဉ်အောက်ထဲထည့်ပြီး တိုက်ခိုက်လာခဲ့တာမျိုး……

ဟုတ်တယ် ကျောင်းတော်ဝါဒ ကျုပ်တို့မှာရှိတယ် ကျောင်းတော်ဝါဒဆိုတာ သာသနာ့ဝါဒ ဘာကြောင့်လဲ? အကယ်လို့ဒီကျောင်းတော်ဝါဒ မရှိရင် ခေတ်ပညာကျောင်းတွေက အစ္စလာမ့်ယုံကြည်ချက်တွေကို ချေဖျက်တဲ့ သဘောတရားတွေ ပို့ချရင် နည်းစနစ်တွေသင်ကြားရင် အဲ့ဒါကို ကျောင်းတော်ဝါဒက မချေပရင် ဘယ်ဝါဒက ချေပမလဲ? အဲ့ဒါကြောင့် ကျောင်းတော်ဝါဒဆိုတာ အစ္စလာမ့်ဝါဒ ……

ဒီကျောင်းတော်တွေရဲ့လည်ပတ်မှုဟာ အစ္စလာမ့်နိုင်ငံဖြစ်နေပါစေ အစိုးရရဲ့ ဘဏ္ဌာနဲ့ မလည်ပတ်ဘူး လူထုရဲ့ငွေနဲ့ပဲလည်ပတ်တယ် ဘာကြောင့်လဲ? အစိုးရရဲ့ငွေနဲ့ဆိုရင် အစိုးရပြောတာကို ခေါင်ငြိမ့်ရတာမျိုး အစိုးရရဲ့စကားကို နားထောင်ရတာမျိုးဗျ… ဒါကြောင့် အစိုးရရဲ့ ငွေနဲ့မလည်ပတ်ဘူး ဒါမှ အစိုးရကအစ္စလာမ်နဲ့ပက်သက်ပြီး စော်ကားရင် အစ္စလာမ်ယုံကြည်ချက်တွေကို ချေဖျက်ရင် ပြန်ထုချေလို့ရမှာ ဒါကြောင့်မို့ ခုခေတ်ရဲ့အခြေနေမှာ သာသနာ့ကျောင်းတော်တွေဆိုတာ သာသနာကို ကာကွယ်သူတွေရဲ့နေရာ…… ကျောင်းတော်ဝါဒဆိုတာ သာသနာ့ဝါဒ ကျောင်းတော်ဝါဒကို မကောင်းထင်ရင် သာသနာ့ဝါဒကိုမကောင်းထင်တာ
ကျောင်းတော်ဝါဒကိုမုန်းရင် သာသနာဝါဒကိုမုန်းတာ
ကျောင်းတော်ဝါဒကို စော်ကားရင် သာသနာ့ဝါဒကို စော်ကားတာပဲ အဲ့ဒါလေးတော့ သဘောပေါက်……

ကလောင်မင်း


Wednesday, June 21, 2017

စိတ်ပျက်စရာ ဝမ်းနည်းစရာမလို

ကိုယ်မသန့်လို့ နမာဇ် ဖတ်လို့မရတဲ့ အမျိုးသမီးများ စိတ်ပျက်စရာမလိုပါဘူး။ ဒီလို အင်မတန်မှ မွန်မြတ်လွန်းလှတဲ့ ရမ်ဇာန်နောက်ဆုံးညတွေမှာ မိမိရဲ့ နမာဇ်ဝတ်ပြုရာ အခင်းပေါ်မှာတော့ ထိုင်လို့ရပါတယ်။

အဲ့ဒီကိုယ်မသန့်ဖြစ်နေတဲ့ အမျိုးသမီးများအနေနဲ့ အလ္လာဟ်အရှင်မြတ်သခင်အား သတိရတသကာ ဇိကိရ်များလုပ်နိုင်ပါတယ်။

အလ္လာဟ်အရှင်မြတ်သခင်ရဲ့ထံတော်ပါးကနေ မိမိရဲ့လိုအင်ဆန္ဒများကို တောင်းခံနိုင်ပါတယ်။ ဒိုအာများလုပ်နိုင်ပါတယ်။

in sha allah နောက်ဆုံးညတွေရဲ့ စဝါးဗ်အပြည့် အဝရရှိမှာဖြစ်ပြီး လိုင်လသွလ်ကဒရ်ညမြတ်ရဲ့ စဝါးဗ်ကိုလဲ အပြည့်အဝရရှိမှာဖြစ်ပါတယ်။

ဘာမှတစ်စုံတစ်ရာ စိတ်ပျက်စရာ မရှိသလို ဝမ်းနည်းနေစရာလဲ မလိုပါဘူး။

တင်ပြသူ
ကလောင်မင်း


Tuesday, June 20, 2017

နိုးကြားကြတော့…

⭕အတ်စလာမုအလိုင်းကွမ်⭕

အချိန်တွေ တအားကုန်မြန်နေပါတယ် ရမ်ဇာန်လမြတ်ဟာ ကျွန်တော်ရဲ့ထံပါးကနေ တဖြည်းဖြည်းထွက်ခွာသွားနေပါပြီ။

နိုးကြားကြတော့…

ကျန်ရှိတဲ့ရက်တွေမှာ ပြင်ဆင်မှုတွေ လုပ်ပါတော့။ ခုထိမလုပ်နိုင်သေးတာတွေ ခုပဲလုပ်ဖြစ်အောင်ကြိုးစားလိုက်ပါတော့။

*ဝါဖြေပွဲရဲ့အရသာတွေ*

*အိဒ်အတွက်ဈေးဝယ်ထွက်တာတွေ*

*အားရပါးရအိပ်စက်နေတာတွေကနေ*

ခုပဲရုန်းထွက်လိုက်ပါတော့။

ဒီစားပွဲတွေ ဒီအိပ်စက်ခြင်းတွေ ဒီအဝတ်အစားတွေ ဒါတွေဟာ နောက်မှလဲလုပ်လို့ရပါတယ်။

ဒါပေမယ့် ဒီလမြတ်ရမ်ဇာန်ဟာ ဘဝမှာ နောက်တစ်ခါပြန်ကြုံရဦးမလား မကြုံရတော့ဘူးလားဆိုတာ မသိနိုင်ပါဘူး။

🍀ဘာတွေလုပ်ရမလဲ?

ကျန်တဲ့ရက်အကောင်းဆုံးအေဗာဒသ်တွေ လုပ်နိုင်ဖို့ စစ်မှန်တဲ့နှလုံးသားနဲ့ အလ္လာဟ်ထံပါးမှာ ဒိုအာလုပ်ပါ။

အိဖ်တွာရီကို လျှော့စားပါ ဒါမှညအေဗာဒသ်လုပ်တဲ့အခါ ပေါ့ပေါ့ပါးပါး လုပ်နိုင်မှာပါ။ ခူရူအ် ခူဇူအ်နဲ့ ရိုရိုကျိုးကျိုးလဲဖြစ်ပါလိမ့်မယ်။

ဒီအစားအသောက်တွေ နောက်ပြန်ရနိုင်ပါတယ် ဒီလိုအချိန် ဒီလိုမိနစ် ဒီလိုစက္ကန့်တွေ ပြန်ရဖို့ခက်ခဲလွန်းပါတယ်။

သောင်ဗာရဲ့ည၊ မျော်လင့်ချက်တွေပြည့်ဝစေမယ့်ည၊ ဘဝရဲ့အဆုံးအဖြတ်တွေ ဖြစ်စေမယ့်ည။
အဓိပ္ပါယ်ရှိလွန်းတဲ့ ညတွေဆိုတာ ဒီညတွေကိုပြောတာ။

ပြောချင်တာတွေ တောင်းချင်တာတွေ တောင်းလိုက်စမ်းပါ။ ဒုက္ခတွေ သောကတွေကို အလ္လာဟ်အရှင်မြတ်သခင်ကလွဲပြီး ဘယ်သူမှ ဝေးကွာအောင်မလုပ်ပေးနိုင်ပါဘူး။
ဒါကြောင့် ဒီအချိန်အခါမျိုးမှာ ဒိုအာများများလုပ်ပါ။

ဘဝမှာ လုပ်နိုင်တုန်းလေး ကြိုးစားပြီး လုပ်လိုက်စမ်းပါ။

အားလုံးပဲ အရှင်မြတ်ချီးမြင့်ထားတဲ့ ဂရုဏာညတွေမှာ ပြည့်ဝစွာအရှင်မြတ်နဲ့ နီးကပ်မှုရယူနိုင်ကြပါစေ။

တင်ပြသူ
ကလောင်မင်း


အမြင်

🌴အမျိုးသမီးတစ်ယောက်ကို……

အဖေက အမြင်တစ်မျိုးနဲ့ကြည့်တယ်။
ခင်ပွန်းက အမြင်တစ်မျိုးနဲ့ကြည့်တယ်။
သားက အမြင်တစ်မျိုးနဲ့ကြည့်တယ်။
အကို/မောင်က အမြင်တစ်မျိုးနဲ့ကြည့်တယ်။
အရှက်တရားမဲ့တဲ့သူကတော့ တစ်ခြားအမြင်တစ်ခုနဲ့ကြည့်တယ်။

အဖေရဲ့နှလုံးသားမှာ ယုယမှုတွေရှိတယ်။
ခင်ပွန်းရဲ့နှလုံးသားမှာ ကြင်နာမှုတွေရှိတယ်။
သားရဲ့နှလုံးသားမှာ ယုံကြည့်အားကိုးမှုတွေရှိတယ်။
အကို/မောင်ရဲ့နှလုံးသားမှာ ချစ်ခင်မှုတွေရှိတယ်။
အရှက်တရားမဲ့တဲ့သူရဲ့ နှလုံးသားမှာတော့ ညစ်ညမ်းမှုတွေရှိတယ်။

အရှက်တရားမဲ့တဲ့သူတွေရဲ့အကြည့်ကနေ ထိမ်းသိမ်းပြီး အမျိုးသမီး အားလုံးနေနိုင်ကြပါစေ။

တင်ပြသူ
ကလောင်မင်း


အဖဆရာ

အဖေလဲဖြစ်ဆရာလဲဖြစ်
ဘဝကိုထုဆစ်ပေးခဲ့သူ

ပညာလဲသင်ရှာလဲကြွေး
ဘဝကိုထိန်းကျောင်းပေးခဲ့သူ

ပြုပြင်ဆုံးမှလမ်းမှန်ပြ
ဘဝကိုလှပစေခဲ့သူ

ဆုံးမပဲ့ပြင်စာလဲသင်
ဘဝကိုအောင်မြင်စေချင်သူ

ပညာအမွှေပေးစာသင်ပေး
ရှာဖွေကျွေးမွေးပေးခဲ့သူ

ပညာသင်ကြားအဖေ့သား
ဆရာဖြစ်သူအဖေ့အား
မှတ်တမ်းတင်လိုက်ရပါတယ်……

ကလောင် မင်း


Sunday, June 18, 2017

ဘဝကိုစိတ်ချမ်းသာစေမယ့် အချက်အချို့

💝နေ့ကို ဖဂျရ်နမာဇ်နဲ့အတူ ဇိကိရ်နဲ့အလ္လာဟ်အပေါ်ယုံပုံအားကိုးမှုတွေနဲ့ အစပြုပါ။

💝အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်အမြဲတစေတောင်းကျင့်ပြုလုပ်ပါ။ ဂိုနာဟ်လဲခွင့်လွတ်ခြင်းခံရမှာဖြစ်သလို ရိုဇီမှာလဲကျယ်ဝန်းမှု ရရှိမှာဖြစ်တယ်။

💝ဒိုအာလုပ်ခြင်းကို မလွတ်ပါနဲ့၊ဒိုအာဟာ အောင်မြင်မှုအတွက် လက်နက်တစ်ခုပါပဲ။

💝ခင်ဗျားနှုတ်လျှာကထွက်တဲ့စကားလုံးတိုင်းဟာ ရေးမှတ်ခြင်းခံနေရတယ်ဆိုတာ အချိန်တိုင်းမမေ့ပါစေနဲ့။

💝ဒုက္ခတွေဝေပြီးသောကပွေနေရတဲ့အခါမှာလဲ အလ္လာဟ်အရှင်မြတ်ထံတော်ပါးကနေ မျော်လင့်ချက်မမဲ့ပါနဲ့။

💝လက်ချောင်းတွေရဲ့လှပမှုဟာ လက်နဲ့ဇိကိရ်လုပ်ခြင်းမှာရှိပါတယ်။

💝သောကတွေပူဆွေးမှုတွေကြုံတဲ့အခါ "လာအိလာဟာအိလ်လလ္လာဟ်"ဖတ်ကျင့်ပြုပါ။

💝မိမိကိုယ်မိမိပြုပြင်ရန်အရင်ဆုံးသောကပိုက်ပါ။ ခင်ဗျားရဲ့မိသားစုလဲ ခင်ဗျားရဲ့ပုံစံအတိုင်းဖြစ်လာပါလိမ့်မယ်။

💝စိတ်ကမကောင်းမှုဘက်ဖိတ်ခေါ်တဲ့အခါ ကောင်းမှုဘက်သို့စိတ်ကိုနှစ်ထားပြီး မကောင်းမှုကိုတိုက်ထုတ်ပြစ်ပါ။

💝မိဘနှစ်ပါးရဲ့တန်ဖိုးသိတတ်ပါ၊မိဘနှစ်ပါးရှိခြင်းကို ကြီးမားတဲ့နေအ်မသ်လို့မှတ်ယူပါ။ ဒါဟာအလ္လာဟ်နဲ့နီးကပ်မှုရဖို့အကြောင်းခံပါပဲ။

ရေးတဲ့သူဖတ်တဲ့သူဖြန့်ဝေတဲ့သူ အားလုံးကို အမလ်လုပ်နိုင်စွမ်းအလ္လာဟ်ရှင်ချီးမြင့်ပါစေ။

တင်ပြသူ
ကလောင်မင်း


Friday, June 16, 2017

သားသမီးတို့တာဝန်

သားသမီးများအတွက် မိဘအပေါ်မှာ တာဝန်(၁၄)ရပ်ရှိပါတယ်။

(၇)ချက်ကတော့ သက်ရှိထင်ရှားရှိတဲ့ကာလမှာဖြစ်ပြီး ကျန်(၇)ချက်ကတော့ ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာလုပ်ရမယ့်တာဝန်တွေဖြစ်တယ်။

💝သက်ရှိထင်ရှားရှိစဉ်ကာလတွင် ထားရှိရမယ့်တာဝန်ဝတ္တရား(၇)ချက် 💝

၁။မိဘကို ဂုဏ်ပေးလေးစားခြင်း။

၂။မိဘအပေါ်မှာ ချစ်ခင်ကြင်နာခြင်း။

၃။မိဘရဲ့အမိန့်ကို နာခံလိုက်နာခြင်း။

၎။မိဘကို ဝိုင်းကူပေးခြင်း၊မိဘခိုင်းတာလုပ်ပေးခြင်း။

၅။မိဘကိုသက်သာရာရစေခြင်း၊သက်တောင့်သက်သာထားခြင်း။

၆။မိဘရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးခြင်း။

၇။မိဘကို အစဉ်မပျက် သွားရောက်တွေ့ဆုံ စလာမ်မေတ္တာပို့သခြင်း။

💝ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ထားရှိရမယ့် ဝတ္တရား(၇)ချက် 💝

၁။မိဘအတွက် ခွင့်လွတ်ခြင်းခံရရန်နှင့် အရှင်မြတ်ရဲ့ဂရုဏာရစေရန်အတွက် ဆုမွန်ဒိုအာတောင်းခံပေးခြင်း။

၂။မိဘအတွက် စဝါးဗ်ကောင်းချီးမင်္ဂလာမေတ္တာ ပို့သပေးခြင်း။

၃။မိဘရဲ့မိတ်ဆွေများ၊ဆွေမျိုးများ၊ရင်းနှီးသူများအား ဂုဏ်ပေးလေးစားခြင်း။

၎။ မိဘရဲ့မိတ်ဆွေများ၊ဆွေမျိုးများ၊ရင်းနှီးသူများအား တတ်အားသရွေ့ ကူညီခြင်း။

၅။မိဘထံပါးမှာရှိတဲ့ ယုံကြည့်စွာအပ်နှံထားသောကိစ္စများနှင့် အကြွေးများအား တာဝန်အတိုင်းလုပ်ဆောင် ပေးချေခြင်း။

၆။သာသနာအရပြုလုပ်ပိုင်သော မိဘရဲ့မှာတမ်းကို အကောင်ထည်ဖော်ပေးခြင်း။

၇။အစဉ်မပျက် မိဘရဲ့ကဗရ်သင်္ချိုင်းသို့သွားရောက်ပြီး ဇေယာရသ်ပြုလုပ်ခြင်း။

တင်ပြသူ
ကလောင်မင်း


Tuesday, June 13, 2017

တမန်တော်ခေတ်ရဲ့မွဖ်သီများ

💦တမန်တော်မြတ်(ဆွ)ရဲ့ခေတ်ကာလမှာ ဖသဝါပေးတဲ့ ဓမ္မသတ်ပညာရှင်တွေဟာ ဘယ်သူတွေလဲ?

💝တမန်တော်မြတ်(ဆွ)ရဲ့ခေတ်ကာလမှာ ဖသဝါပေးတဲ့ဆွဟာဗာတွေကတော့ ၁၄ ပါးရှိပါတယ်။ အဲ့ဒီဆွာဗာတွေကတော့

၁။ဟဇရသ်အဗူဗကရ် (ရသွေ့)

၂။ဟဇရသ်အွမရ်ဖါရူးက် (ရသွေ့)

၃။ဟဇရသ်အွစ်မားန်ဂနီ (ရသွေ့)

၎။ဟဇရသ်အလီ (ရသွေ့)

၅။ဟဇရသ်အဗ်ဒွရ်ရဟ်မားန်ဗင်န်အောင်ဖ် (ရသွေ့)

၆။ဟဇရသ်အိုဗိုင်ဗင်န်ကအဗ် (ရသွေ့)

၇။ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်မစ်အူးဒ် (ရသွေ့)

၈။ဟဇရသ်မိုအာဇ်ဗင်န်ဂျဗလ် (ရသွေ့)

၉။ဟဇရသ်အမ္မားရ်ဗင်န်ယာစိရ် (ရသွေ့)

၁၀။ဟဇရသ်ဟိုဇိုင်ဖာဗင်န်အလ်ယမာန် (ရသွေ့)

၁၁။ဟဇရသ်ဇိုင်သ်ဗင်န်စာဗိသ် (ရသွေ့)

၁၂။ဟဇရသ်စလ်မားန်ဖာရစီ (ရသွေ့)

၁၃။ဟဇရသ်အဗူဒရ်ဒါအ် (ရသွေ့)

၁၄။ဟဇရသ်အဗူမူစာ အရှ်အရီ (ရသွေ့) တို့ပဲဖြစ်ပါတယ်။

တင်ပြသူ
ကလောင်မင်း


သေဆုံးပြီးနောက်စကားပြောသောသူများ

သေဆုံးပြီးတဲ့နောက်ပိုင်းမှာ စကားပြောသောပုဂ္ဂိုဟ်၎ဦးရှိပါတယ်။

၁။ဇကရီယာ (အလိုင်းဟ်)ရဲ့သားတော်မောင် ယာဟ်ယာ(အလိုင်းဟ်)သခင်

၂။ဟဗီးဗ်ဘိုခါရ်သခင်

၃။ဟဇရသ်ဂျအ်ဖရ်သွိုင်ယားရ် (ရသွေ့)သခင်

၎။ဟဇရသ်အလီသခင်ရဲ့သားတော်မောင် ဟဇရသ်ဟစန်(ရသွေ့)သခင် တို့ပဲဖြစ်တယ်။

တင်ပြသူ
ကလောင်မင်း


Wednesday, June 7, 2017

မေးခွန်းကောင်းနဲ့အဖြေကောင်း

နီးကပ်နေတာကဘာလဲ? —— ကေယာမသ်ပါ။
အနီးကပ်ဆုံးကရော? —— သေခြင်းတရားပါ။

အံ့သြစရာကောင်းတာကဘာလဲ? —— ဒွန္နယာပါ။
ပိုအံ့သြစရာကောင်းတာကရော? —— ဒွန္နယာကိုပဲရှာဖွေသူပါ။

အရေးကြီးတာဘာလဲ? —— သောင်ဗာဟ်လုပ်ခြင်းပါ။
ပိုအရေးကြီးတာကရော? ——  နုပျိုတဲ့အရွယ်မှာ သောင်ဗာဟ်လုပ်ခြင်းပါ။

ခက်ခဲတာကဘာလဲ? —— ကဗရ်ထဲသွားရခြင်းပါ။
အဲ့ဒီထက်ပိုခက်ခဲတာကရော? —— အမလ်မပါပဲ ကဗရ်ထဲသွားရမယ့်အဖြစ်ပါ။

တင်ပြသူ
ကလောင်မင်း


🌎ဒွန္နယာဆိုတာ၃ရက်မျှသာ🌎

🔸မနေ့ကအချိန်တွေ  အဲ့ဒါတွေဟာ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ပါဘူး။🚫

🔸ယနေ့အချိန် အဲ့ဒါကတော့ ခုလက်ရှိကျော်ဖြတ်နေရပါတယ် အဲ့ဒါလဲကြာကြာမခံပါဘူး။❌

🔸မနက်ဖြန်အချိန် အဲ့ဒီအချိန်တွေမှာတော့ ကျတော်တို့ဘယ်မှာရှိပြီး ဘာဖြစ်မလဲဆိုတာ မသိပါဘူး။🙅

ကလောင်မင်း


ရိုဇာနှစ်မျိုး

ရိုဇာနဲ့ပက်သက်ပြီး မော်လာနာအဗွလ်ဟစံအလီနဒဝီ(ရဟေ့)သခင်က အမိန့်ရှိတယ်။

ရိုဇာက နှစ်မျိုးရှိတယ် တစ်ခုက စဟ်ရီချိန်ကနေ မဂ်ရစ်ဗ်အချိန်ထိထားရတဲ့ရိုဇာဖြစ်တယ်။ အဲ့ဒီရိုဇာမှာ သတ်မှတ်ချက် တားမြစ်ချက်တွေရှိတယ်။  ရိုဇာမက်ရူမဖြစ်သွားဖို့ မပျက်သွားဖို့ စတာတွေ အလွန်ဂရုပြုရပါတယ်။

အဲ့ဒီရိုဇာဟာ မဂ်ရစ်အချိန်မှာ အိဖ်တာရ်လုပ်ရတာဖြစ်ပြီး တစ်လတာထားပြီးတဲ့နှောက်ပိုင်းမှာတော့ အိဒ်နေ့မှာပျော်ရွှင်ကြရတယ်။

နောက်ရိုဇာတစ်ခုကတော့ အသိညဏ်ရှိတဲ့အချိန်ကစပြီး ဘဝရဲ့နှောက်ဆုံး အသက်ရှုရပ်တဲ့အချိန်ထိဖြစ်တယ်။ အဲ့မှာလဲ သတ်မှတ်ချက် တားမြစ်ချက်တွေရှိတယ် အဲ့ဒီသတ်မှတ်ချက် တားမြစ်ချက်တွေကို ဂရုပြုဖို့ အလွန့်အလွန်အရေးကြီးလှပါတယ်။

အဲ့ဒီရိုဇာရဲ့ အိဖ်တာရ်ကတော့ ဒီဒွန္နယာမှာမဟုတ်ပါဘူး ရှေ့လာမယ့်အာခေရသ်မှာ ကောင်စရ်ရေကန်မှာ အိဖ်တာရ်လုပ်ရမှာပါ။ အိဒ်ကတော့ ဂျန္နသ်မှာ ပြုလုပ်ပြီးပျော်ရွှင်ရမှာပါ။

တင်ပြသူ
ကလောင်မင်း


Tuesday, June 6, 2017

ရိုဇာအကျိုး

ရိုဇာဆိုတာ နာမ်ပိုင်းဆိုင် အားဖြစ်စေတဲ့ အစားစာပဲ။ ရိုဇာကြောင့် အတွင်းပိုင်းဝိညဉ်အတွက် အားအင်ဖြစ်စေပါတယ်။

စိတ်ရဲ့လိုရမက်များနဲ့ နှလုံးသားသန့်ပြန့်ဖို့ရာ အတွက် ရိုဇာထက်သာပိုကောင်းမွန်တဲ့အရာ နောက်တစ်ခုမရှိပါ။

ရိုဇာဖြင့် အလ္လာဟ်အရှင်မြတ်သခင်နဲ့နီးကပ်မှုရရှိပါတယ်။

ရိုဇာထားခြင်းဖြင့် စာလောင်မွတ်သိပ်နေသူရဲ့တန်ဖိုးနဲ့ လူသားခြင်းစာနာထောက်ထားတတ်တဲ့စိတ်ကို ပို၍တိုးစေပါတယ်။ ရိုဇာဟာ ရောဂါဘယကိုလဲ ကင်းဝေးစေပါတယ်။

တင်ပြသူ
ကလောင်မင်း


ရမ်ဇာန်ဒိုအာ

တစ်ချို့တွေကိုယ်တွေ့ဘူးပါတယ် သူတို့ဒိုအာမတောင်းတတ်ကြပါဘူး။

တစ်ကယ်ပါ။ အဲ့ဒါကြောင့်ရမ်ဇာန်လမှာ ဒိုအာအဆင်ပြေပြေတောင်းတတ်အောင် ဒိုအာ နမူနာ ရေးပြီးတင်ပေးလိုက်ပါတယ်။

မိမိတို့ရဲ့မိတ်ဆွေများကိုလဲ မျှဝေပေးပြီး မိမိတို့အတွက် ဒိုအာမှာသတိရပေးဖို့လဲလက်တို့လိုက်ပါဦး။

ဒီလဟာ ဒိုအာတိုင်းလက်ခံခြင်းခံရတဲ့ ထူးကဲလှတဲ့ လ မဟုတ်လား…

  ⚘بســــــــــــــم اللـــــہ الرحـــــمن الرحیــــم⚘

اَلْحَمْدُ لِله رَبِّ الْعَالَمِيْن، وَالصَّلاۃ وَالسَّلام عَلَی النَّبِیِّ الْکَرِيم وَعَلیٰ آله وَاَصْحَابه اَجْمَعِيْن ۔۔۔۔۔۔
(၁)ယာအလ္လာဟ်ရှင်! ကျွန်တော်မျိုး/မ အား ရမ်ဇာန်လမြတ်ကို တန်ဖိုးထားတတ်အောင် လမ်းညွန်တော်မူပါ။ တန်ဖိုးထားနိုင်စွမ်းအားချီးမြှင့်တော်မူပါ။

(၂) ယာအလ္လာဟ်ရှင်! ကျွန်တော်မျိုး/မ အားဤ ရမ်ဇာန်လမြတ်ရဲ့ စက္ကန့်မလပ် အချိန်တိုင်း အရှင်မြတ်အား မမေ့မလျော့ပဲ ကုန်ဆုံးခွင့်ကိုချီးမြှင့်တော်မူပါ။

(၃)ယာအလ္လာဟ်ရှင်! ကျွန်တော်မျိုး/မ အား ရမ်ဇာန်လမြတ်ကို အေအေးချမ်းချမ်းနဲ့ကုန်ဆုံးစေတော်မူပါ။ အရှင်မြတ်ထံတော်ပါးမှာ လက်ခံခြင်းခံရတဲ့ပုဂ္ဂိုဟ်စာရင်းမှာ ထည့်သွင်းရေးမှတ်တော်မူပါ။

(၄)ယာအလ္လာဟ်ရှင်!  ဤရမ်ဇာန်လမြတ်ကို မွတ်စ်လင်မ်းအားလုံးအတွက် ဂုဏ်သိက္ခာတတ်စေမယ့် အကြောင်းခံလအဖြစ်သတ်မှတ်တော်မူပါ။

(၅)ယာအလ္လာဟ်ရှင်! ဤရမ်ဇာန်လမြတ်ကိုအကြောင်းခံပြီး နေရာတိုင်းမှာ မွတ်စ်လင်မ်များကို အောင်နိုင်မူချီးမြှင့်တော်မူပါ။ ကိုယ်ပိုင်အခွင့်အရေးအပြည့်အဝရစေတော်မူပါ။

(၆)ယာအလ္လာဟ်ရှင်! ကျွန်တော်မျိုး/မ အား ရမ်ဇာန်လမြတ်ကို အရှင်မြတ်ရဲ့နှစ်သက်တဲ့ပုံစံမျိုးဖြင့် ကုန်ဆုံးနိုင်စွမ်းချီးမြှင့်တော်မူပါ။

(၇)ယာအလ္လာဟ်ရှင်! ဒီဗရ်ကသ်မဂ်လာနဲ့ပြည့်စုံတဲ့လမှာ ကျတော်မျိုး/မ တို့အား ကျေနပ်နှစ်သက်တော်မူပါ။ အရှင်မြတ်ရဲ့မနှစ်မျို့ခြင်းတွေကနေ ထိမ်းသိမ်းတော်မူပါ။

(၈)အိုအလ္လာဟ် ရမ်ဇာန်လမြတ်ရဲ့ ရဟ်မသ်တွေ ဗရ်ကသ်တွေနဲ့အတူ ခွင့်လွတ်ခြင်းကိုပါ ချီးမြှင့်တော်မူပါ။

(၉)ယာအလ္လာဟ်ရှင်! ကျွန်တော်မျိုး/မ တို့ရဲ့ ရမ်ဇာန်လမြတ်ရဲ့ရိုဇာများကို လက်ခံတော်မူပါ၊ သရာဝီများကို လက်ခံတော်မူပါ၊ ရမ်ဇာန်လမြတ်ရဲ့အေဗာဒသ်များကို လက်ခံတော်မူပါ၊ နေ့ရဲ့အေဗာဒသ်တွေကိုရော ညရဲ့အေဗာဒသ်တွေကိုရော အထူးလက်ခံတော်မူပါ။

(၁၀)ယာအလ္လာဟ်ရှင်! ကဒရ်ညမြတ်မှာ အေဗာဒသ်လုပ်နိုင်စွမ်းချီးမြှင့်တော်မူပါ။

(၁၁)ယာအလ္လာဟ်ရှင်! ရမ်ဇာန်ကုန်ဆုံးသွားတဲ့အခါ ခွင့်လွတ်ခြင်းမခံရတဲ့ပုဂ္ဂိုလ်များစာရင်းမှာ ထည့်သွင်းတော်မမူပါနှင့်။

(အာမီးန် ယာရဗ္ဗလ်အာလမီးန်)

آميــــــــــــــــــــــن    یارب    العالمیـــــــــــــــــــــن
တင်ပြသူ
ကလောင်မင်း


Sunday, June 4, 2017

လွယ်ကူလှတဲ့အမလ်

ရှိုက်ခ်မာဟီရ်(ကအ်ဘာရှေ့ဆောင်)က ရမ်ဇာန်ရဲ့နောက်ဆုံးဆယ်ရက်နဲ့ပက်သက်ပြီး တင်ပြတယ်။

ရမ်ဇာန်လမြတ်ရဲ့ နောက်ဆုံးဆယ်ရက်ညတိုင်းကို ဒီနာရ်ရွှေဒင်္ဂါးတစ်ခုဆွဒကာလုပ်ပါ။ (ငွေအနဲငယ်လူဒါန်းမှုပြုပါ) တစ်ကယ်လို့အဲ့ဒီညဟာ လိုင်လသွလ်ကဒရ်ညဖြစ်ခဲ့တယ်ဆိုရင် 84နှစ်ညတိုင်း ဆွဒကာလုပ်တဲ့စဝါးဗ်ကိုရရှိမှာပဲဖြစ်တယ်။

ရမ်ဇာန်လမြတ်ရဲ့ နောက်ဆုံးဆယ်ရက်မှာ ညတိုင်း နဖိလ်၂ရကအသ်ဖတ်ပါ တစ်ကယ်လို့အဲ့ဒီညဟာ လိုင်လသွလ်ကဒရ်ညဖြစ်ခဲ့တယ်ဆိုရင် 84နှစ်တိုင် နဖိလ်ဖတ်တဲ့စဝါးဗ်ကိုရရှိမှာပါ။

ရမ်ဇာန်လမြတ်ရဲ့ နောက်ဆုံးဆယ်ရက်မှာ ညတိုင်း စူရဟ်အိခ်လာဆွ် ၃ကြိမ်ဖတ်ရွတ်မှုပြုပါ။ တစ်ကယ်လို့အဲ့ဒီညဟာ လိုင်လသွလ်ကဒရ်ညဖြစ်ခဲ့တယ်ဆိုရင် 84နှစ်တိုင် ညတိုင်းကုရ်အာန်တစ်အုပ်လုံးဖတ်တဲ့စဝါးဗ်ကို ရရှိသွားပါလိမ့်မယ်။

စွဗ်ဟာနလ္လာဟ် မွတ်စ်လင်မ်အားလုံးကို ဒီလိုလွယ်ကူတဲ့အမလ်ကို မျှဝေ လမ်းညွန်ပေးလိုက်ကြပါဦး။

ကလောင်မင်း