Sunday, June 4, 2017

ရှောင်ကျဉ်ကြပါ

ရိုဇာထားတဲ့သူအနေနဲ့ လိမ်ခြင်း၊အတင်းပြောခြင်း၊ဂုန်းချောခြင်း၊ဆဲဆိုခြင်း စတာတွေကနေ လုံးဝရှောင်ကျဉ်ရပါမယ် ဒီလိုနေဖို့ဆိုတာ တစ်ချို့အတွက်တော့ ခက်ကောင်းခက်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တစ်ချို့ဟာ မစားမသောက်ပဲနေနိုင်ပါတယ်။
ဒါပေမယ့် အတင်းပြောတာ ဂုံးချောတာ ဆဲဆိုတာ မကောင်းတာတွေပြောတာ စတာတွေကို စွန့်လွတ်ဖို့ အလွန်ခက်ခဲနေတတ်ပါတယ်။

အဲ့ဒီသူတွေအနေနဲ့ ကိုယ့်ရဲ့အချိန်တွေကို ဇိကိရ်တွေမှာ နဖိလ်တွေမှာ ကုရ်အာန်ဖတ်ရွတ်မှုတွေမှာ ကုန်ဆုံးဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်။

သူမွန်သူမြတ်များဟာ ရိုဇာရဲ့အခြေနေမှာ မိမိရဲ့အချိန်အများပိုင်းကို ဗလီမှာပဲကုန်ဆုံးလေ့ရှိပါတယ်။
"ကျွန်တော်တို့ဗလီတွေထဲမှာနေထိုင်နေခြင်းအားဖြင့် မကောင်းတဲ့စကားတွေပြောနေခြင်းကရှောင်ကျဉ်နိုင်သလို ရိုဇာကနေလဲ ထိမ်းသိမ်းမှုရရှိပါတယ်" လို့ အကြီးအကဲတွေက ပြောလေ့ရှိပါတယ်။

အားလုံးပဲမကောင်းတဲ့စကားတွေ ပြောဆိုခြင်းကနေ ရှောင်ကျဉ်နိုင်ကြပါစေ။

ကလောင်မင်း


No comments:

Post a Comment