Thursday, June 22, 2017

ဆုံးဖြတ်ကြည့်ကြပါ

ကဲ…ဗျာ  နဲနဲတော့သဘောပေါက်ထားဖို့လိုမယ်
သဗ်လိဂ်ကို စော်ကားနေသူများ သိစေရန်

ဗလီမမှန် နမာဇ်မမှန်တဲ့ လူတစ်ယောက်ကို အိမ်ထိလာရောက်ပြီး ဗလီလာဖို့ နမာဇ်ဖတ်ဖို့ ဘာသာရေးလိုက်စားဖို့ လာရောက်ဖိတ်ခေါ်တာဟာ ကောင်းလား? မကောင်းဘူးလား?ခင်ဗျားတို့ဆုံးဖြတ်ကြည့်ပါ။

အကျင့်သားရအောင် လေ့လာမှုတွေလဲလုပ်လို့ရအောင် နမာဇ်အချိန်နမာဇ် သေလာဝသ်အချိန်သေလာဝသ် ဇိကိရ်အချိန်ဇိကိရ် နည်းစနစ်လဲကျသွားအောင် ဘဝအတွက် ဗလီကိုခေါ်ပြီး ခနအချိန်ပေးခိုင်းထားတာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ဆုံးဖြတ်ကြည့်ကြပါ။

အပြင်မှာ မူးရူးပြီး အာဝါဒါးဖြစ်နေတဲ့ လူတစ်ယောက်ကို ဗလီကိုဖိတ်ခေါ်ပြီး အချိန်ပေးခိုင်းပြီး ပြုပြင်ပေးလိုက်တာဟာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ဆုံးဖြတ်ကြည့်ကြပါ။

ဒီးန်အကြောင်းတွေသိလာအောင် 
လူများတွေကိုလဲပြန်ဖြန့်ဖြူးလို့ရအောင် ဟောခိုင်းပြောခိုင်းတာဟာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ပဲဆုံးဖြတ်ကြည့်ကြပါ။

အပြင်မှာ ဂျလေဗီဖြစ်နေတဲ့သူကို မှန်သွားတဲ့သူတစ်ယောက်က ပြုပြင်စေချင်လို့ နာမာဇ်လာဖတ်ဖို့ ဗလီလာဖို့ ဖိတ်ခေါ်တာဟာ ကောင်းလား?မကောင်းဘူးလား? ခင်ဗျားတို့ပဲဆုံးဖြတ်ကြည့်ကြပါ။

အေး…အဲ့လိုအလုပ်ကိုမှ မကောင်းဘူးလို့ပြောတဲ့ကောင် ဗေဒအသ်လို့ပြောတဲ့ကောင်ဟာ ဒီးန်းလိုက်စားတာကို မလိုလားတဲ့ကောင် ဘာသာရေးအသိပညာ တိုးသွားမှာကိုမလိုလားတဲ့ကောင် သပ်လျိုအစ္စလာမ်ကိုသွေးခွဲတဲ့ကောင်ဆိုတာ ခင်ဗျားတို့ကောင်းကောင်း မှတ်ထားလိုက်ကြတော့။

ကလောင်မင်း


No comments:

Post a Comment