Friday, June 16, 2017

သားသမီးတို့တာဝန်

သားသမီးများအတွက် မိဘအပေါ်မှာ တာဝန်(၁၄)ရပ်ရှိပါတယ်။

(၇)ချက်ကတော့ သက်ရှိထင်ရှားရှိတဲ့ကာလမှာဖြစ်ပြီး ကျန်(၇)ချက်ကတော့ ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာလုပ်ရမယ့်တာဝန်တွေဖြစ်တယ်။

💝သက်ရှိထင်ရှားရှိစဉ်ကာလတွင် ထားရှိရမယ့်တာဝန်ဝတ္တရား(၇)ချက် 💝

၁။မိဘကို ဂုဏ်ပေးလေးစားခြင်း။

၂။မိဘအပေါ်မှာ ချစ်ခင်ကြင်နာခြင်း။

၃။မိဘရဲ့အမိန့်ကို နာခံလိုက်နာခြင်း။

၎။မိဘကို ဝိုင်းကူပေးခြင်း၊မိဘခိုင်းတာလုပ်ပေးခြင်း။

၅။မိဘကိုသက်သာရာရစေခြင်း၊သက်တောင့်သက်သာထားခြင်း။

၆။မိဘရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးခြင်း။

၇။မိဘကို အစဉ်မပျက် သွားရောက်တွေ့ဆုံ စလာမ်မေတ္တာပို့သခြင်း။

💝ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ထားရှိရမယ့် ဝတ္တရား(၇)ချက် 💝

၁။မိဘအတွက် ခွင့်လွတ်ခြင်းခံရရန်နှင့် အရှင်မြတ်ရဲ့ဂရုဏာရစေရန်အတွက် ဆုမွန်ဒိုအာတောင်းခံပေးခြင်း။

၂။မိဘအတွက် စဝါးဗ်ကောင်းချီးမင်္ဂလာမေတ္တာ ပို့သပေးခြင်း။

၃။မိဘရဲ့မိတ်ဆွေများ၊ဆွေမျိုးများ၊ရင်းနှီးသူများအား ဂုဏ်ပေးလေးစားခြင်း။

၎။ မိဘရဲ့မိတ်ဆွေများ၊ဆွေမျိုးများ၊ရင်းနှီးသူများအား တတ်အားသရွေ့ ကူညီခြင်း။

၅။မိဘထံပါးမှာရှိတဲ့ ယုံကြည့်စွာအပ်နှံထားသောကိစ္စများနှင့် အကြွေးများအား တာဝန်အတိုင်းလုပ်ဆောင် ပေးချေခြင်း။

၆။သာသနာအရပြုလုပ်ပိုင်သော မိဘရဲ့မှာတမ်းကို အကောင်ထည်ဖော်ပေးခြင်း။

၇။အစဉ်မပျက် မိဘရဲ့ကဗရ်သင်္ချိုင်းသို့သွားရောက်ပြီး ဇေယာရသ်ပြုလုပ်ခြင်း။

တင်ပြသူ
ကလောင်မင်း


No comments:

Post a Comment