သာသနာ့ကျောင်းတွေကို တိုက်ခိုက်တဲ့ သူတွေထဲ ဝှေ့ဝဲကြည့်လိုက်ရင် အများဆုံးမြင်ရတာက အဟ်လေကုရ်အာန်(59)အုပ်စု ဘာကြောင့် သာသနာ့ကျောင်းတွေကို သူတို့မုန်းနေရတာလဲ? ဒီအချက်ကရှင်းရှင်းလေးရယ် သူတို့ရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် ခံယူချက်တွေက ခေါင်းမော့လို့မရလို့ပဲ…
ဘယ်နိုင်ငံမှာပဲကြည့်ကြည့် အဟ်လေကုရ်အာန်အုပ်စုဟာ ဘယ်လိုမှ ခေါင်းထောင်လို့မရတဲ့ အုပ်စု သူတို့ရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် ခံယူချက်တွေကို ခက်ခက်ခဲခဲ ရိုက်ချိုးနေစရာမလိုဘူးရယ်… သာသနာနဲ့ပက်သက်ပြီး နဲနဲ တွေးတတ်သူတိုင်း အဲ့ဒီအုပ်စုကနေ လက်ရှောင်ပြီးသား ဒါပေမယ့် တစ်ချို့ကျတော့ ခေတ်အခြေနေအရ အနေချောင်တယ်ဆိုပြီး အဲ့ဒီထဲမှာ ပျော်မွေ့နေတာမျိုး…
ဟဒီးစ်ကို လက်မခံတဲ့ အဲ့ဒီအုပ်စုကို မေးခွန်းများများ မေးနေစရာမလိုဘူးရယ်…နမာဇ်ဖတ်နည်းကို ကုရ်အာန်နဲ့ပြခိုင်း ရိုဇာနဲ့ပက်သက်တဲ့ အချက်အလက်တွေကို ကုရ်အာန်နဲ့ပြခိုင်း ဇကားပေးဆောင်ရမယ့်ပုံစံ အတိုင်းအတာကို ကုရ်အာန်နဲ့ပြခိုင်း ဟဂ်ျလုပ်နည်းကို ကုရ်အာန်နဲ့ပြခိုင်း သေသူကိုမြုပ်နံနည်းကို ကုရ်အာန်နဲ့ပြခိုင်း ဒါအဓိကအချက်တွေပဲရှိသေးတာ အဲ့လောက်ပဲမေးကြည့် အားလုံးအမြီးကုပ်ပြီး ပြေးမှာကြီး……ထားပါ
အဓိက ပြောချင်တာက ကျောင်းအကြောင်း အခုခေတ်အခြေနေအရ ကျောင်းကို အမျိုးအစားခွဲချလိုက်ရင် ခေတ်ပညာကျောင်းနဲ့သာသနာ့ကျောင်း ခေတ်ပညာကျောင်းမှာ နှစ်မျိုးပြန်ရှိတယ် အစိုးရကျောင်းနဲ့ ပုဂ္ဂလ်ကကျောင်း အဲ့ဒီနှစ်ခုစလုံးရဲ့ နှောက်ဆုံးပန်းတိုင်က တစ်ခုထဲ ……
အဓိကပြောချင်တာက ခေတ်ပညာကျောင်းကိုတတ်ဖို့ သာသနာက တားထားတာမျိုးမရှိတဲ့အပြင် တိုက်တွန်းချက်တွေပါရှိသေး ဒါပေမယ့် အဟ်လေကုရ်အာန်က ခေတ်ပညာကိုပဲဆည်းပူးပြီး သာသနာ့ပညာကို မဆည်းပူးသင့်သယောင် သာသနာ့ကျောင်းတွေကို ကျောင်းတော်ဝါဒဆိုတဲ့ ခေါင်းစဉ်အောက်ထဲထည့်ပြီး တိုက်ခိုက်လာခဲ့တာမျိုး……
ဟုတ်တယ် ကျောင်းတော်ဝါဒ ကျုပ်တို့မှာရှိတယ် ကျောင်းတော်ဝါဒဆိုတာ သာသနာ့ဝါဒ ဘာကြောင့်လဲ? အကယ်လို့ဒီကျောင်းတော်ဝါဒ မရှိရင် ခေတ်ပညာကျောင်းတွေက အစ္စလာမ့်ယုံကြည်ချက်တွေကို ချေဖျက်တဲ့ သဘောတရားတွေ ပို့ချရင် နည်းစနစ်တွေသင်ကြားရင် အဲ့ဒါကို ကျောင်းတော်ဝါဒက မချေပရင် ဘယ်ဝါဒက ချေပမလဲ? အဲ့ဒါကြောင့် ကျောင်းတော်ဝါဒဆိုတာ အစ္စလာမ့်ဝါဒ ……
ဒီကျောင်းတော်တွေရဲ့လည်ပတ်မှုဟာ အစ္စလာမ့်နိုင်ငံဖြစ်နေပါစေ အစိုးရရဲ့ ဘဏ္ဌာနဲ့ မလည်ပတ်ဘူး လူထုရဲ့ငွေနဲ့ပဲလည်ပတ်တယ် ဘာကြောင့်လဲ? အစိုးရရဲ့ငွေနဲ့ဆိုရင် အစိုးရပြောတာကို ခေါင်ငြိမ့်ရတာမျိုး အစိုးရရဲ့စကားကို နားထောင်ရတာမျိုးဗျ… ဒါကြောင့် အစိုးရရဲ့ ငွေနဲ့မလည်ပတ်ဘူး ဒါမှ အစိုးရကအစ္စလာမ်နဲ့ပက်သက်ပြီး စော်ကားရင် အစ္စလာမ်ယုံကြည်ချက်တွေကို ချေဖျက်ရင် ပြန်ထုချေလို့ရမှာ ဒါကြောင့်မို့ ခုခေတ်ရဲ့အခြေနေမှာ သာသနာ့ကျောင်းတော်တွေဆိုတာ သာသနာကို ကာကွယ်သူတွေရဲ့နေရာ…… ကျောင်းတော်ဝါဒဆိုတာ သာသနာ့ဝါဒ ကျောင်းတော်ဝါဒကို မကောင်းထင်ရင် သာသနာ့ဝါဒကိုမကောင်းထင်တာ
ကျောင်းတော်ဝါဒကိုမုန်းရင် သာသနာဝါဒကိုမုန်းတာ
ကျောင်းတော်ဝါဒကို စော်ကားရင် သာသနာ့ဝါဒကို စော်ကားတာပဲ အဲ့ဒါလေးတော့ သဘောပေါက်……
ကလောင်မင်း
Thursday, June 22, 2017
ကျောင်းတော်ဝါဒဆိုတာ?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment