Tuesday, June 20, 2017

အဖဆရာ

အဖေလဲဖြစ်ဆရာလဲဖြစ်
ဘဝကိုထုဆစ်ပေးခဲ့သူ

ပညာလဲသင်ရှာလဲကြွေး
ဘဝကိုထိန်းကျောင်းပေးခဲ့သူ

ပြုပြင်ဆုံးမှလမ်းမှန်ပြ
ဘဝကိုလှပစေခဲ့သူ

ဆုံးမပဲ့ပြင်စာလဲသင်
ဘဝကိုအောင်မြင်စေချင်သူ

ပညာအမွှေပေးစာသင်ပေး
ရှာဖွေကျွေးမွေးပေးခဲ့သူ

ပညာသင်ကြားအဖေ့သား
ဆရာဖြစ်သူအဖေ့အား
မှတ်တမ်းတင်လိုက်ရပါတယ်……

ကလောင် မင်း


No comments:

Post a Comment