Tuesday, June 20, 2017

နိုးကြားကြတော့…

⭕အတ်စလာမုအလိုင်းကွမ်⭕

အချိန်တွေ တအားကုန်မြန်နေပါတယ် ရမ်ဇာန်လမြတ်ဟာ ကျွန်တော်ရဲ့ထံပါးကနေ တဖြည်းဖြည်းထွက်ခွာသွားနေပါပြီ။

နိုးကြားကြတော့…

ကျန်ရှိတဲ့ရက်တွေမှာ ပြင်ဆင်မှုတွေ လုပ်ပါတော့။ ခုထိမလုပ်နိုင်သေးတာတွေ ခုပဲလုပ်ဖြစ်အောင်ကြိုးစားလိုက်ပါတော့။

*ဝါဖြေပွဲရဲ့အရသာတွေ*

*အိဒ်အတွက်ဈေးဝယ်ထွက်တာတွေ*

*အားရပါးရအိပ်စက်နေတာတွေကနေ*

ခုပဲရုန်းထွက်လိုက်ပါတော့။

ဒီစားပွဲတွေ ဒီအိပ်စက်ခြင်းတွေ ဒီအဝတ်အစားတွေ ဒါတွေဟာ နောက်မှလဲလုပ်လို့ရပါတယ်။

ဒါပေမယ့် ဒီလမြတ်ရမ်ဇာန်ဟာ ဘဝမှာ နောက်တစ်ခါပြန်ကြုံရဦးမလား မကြုံရတော့ဘူးလားဆိုတာ မသိနိုင်ပါဘူး။

🍀ဘာတွေလုပ်ရမလဲ?

ကျန်တဲ့ရက်အကောင်းဆုံးအေဗာဒသ်တွေ လုပ်နိုင်ဖို့ စစ်မှန်တဲ့နှလုံးသားနဲ့ အလ္လာဟ်ထံပါးမှာ ဒိုအာလုပ်ပါ။

အိဖ်တွာရီကို လျှော့စားပါ ဒါမှညအေဗာဒသ်လုပ်တဲ့အခါ ပေါ့ပေါ့ပါးပါး လုပ်နိုင်မှာပါ။ ခူရူအ် ခူဇူအ်နဲ့ ရိုရိုကျိုးကျိုးလဲဖြစ်ပါလိမ့်မယ်။

ဒီအစားအသောက်တွေ နောက်ပြန်ရနိုင်ပါတယ် ဒီလိုအချိန် ဒီလိုမိနစ် ဒီလိုစက္ကန့်တွေ ပြန်ရဖို့ခက်ခဲလွန်းပါတယ်။

သောင်ဗာရဲ့ည၊ မျော်လင့်ချက်တွေပြည့်ဝစေမယ့်ည၊ ဘဝရဲ့အဆုံးအဖြတ်တွေ ဖြစ်စေမယ့်ည။
အဓိပ္ပါယ်ရှိလွန်းတဲ့ ညတွေဆိုတာ ဒီညတွေကိုပြောတာ။

ပြောချင်တာတွေ တောင်းချင်တာတွေ တောင်းလိုက်စမ်းပါ။ ဒုက္ခတွေ သောကတွေကို အလ္လာဟ်အရှင်မြတ်သခင်ကလွဲပြီး ဘယ်သူမှ ဝေးကွာအောင်မလုပ်ပေးနိုင်ပါဘူး။
ဒါကြောင့် ဒီအချိန်အခါမျိုးမှာ ဒိုအာများများလုပ်ပါ။

ဘဝမှာ လုပ်နိုင်တုန်းလေး ကြိုးစားပြီး လုပ်လိုက်စမ်းပါ။

အားလုံးပဲ အရှင်မြတ်ချီးမြင့်ထားတဲ့ ဂရုဏာညတွေမှာ ပြည့်ဝစွာအရှင်မြတ်နဲ့ နီးကပ်မှုရယူနိုင်ကြပါစေ။

တင်ပြသူ
ကလောင်မင်း


No comments:

Post a Comment