ကိုယ်မသန့်လို့ နမာဇ် ဖတ်လို့မရတဲ့ အမျိုးသမီးများ စိတ်ပျက်စရာမလိုပါဘူး။ ဒီလို အင်မတန်မှ မွန်မြတ်လွန်းလှတဲ့ ရမ်ဇာန်နောက်ဆုံးညတွေမှာ မိမိရဲ့ နမာဇ်ဝတ်ပြုရာ အခင်းပေါ်မှာတော့ ထိုင်လို့ရပါတယ်။
အဲ့ဒီကိုယ်မသန့်ဖြစ်နေတဲ့ အမျိုးသမီးများအနေနဲ့ အလ္လာဟ်အရှင်မြတ်သခင်အား သတိရတသကာ ဇိကိရ်များလုပ်နိုင်ပါတယ်။
အလ္လာဟ်အရှင်မြတ်သခင်ရဲ့ထံတော်ပါးကနေ မိမိရဲ့လိုအင်ဆန္ဒများကို တောင်းခံနိုင်ပါတယ်။ ဒိုအာများလုပ်နိုင်ပါတယ်။
in sha allah နောက်ဆုံးညတွေရဲ့ စဝါးဗ်အပြည့် အဝရရှိမှာဖြစ်ပြီး လိုင်လသွလ်ကဒရ်ညမြတ်ရဲ့ စဝါးဗ်ကိုလဲ အပြည့်အဝရရှိမှာဖြစ်ပါတယ်။
ဘာမှတစ်စုံတစ်ရာ စိတ်ပျက်စရာ မရှိသလို ဝမ်းနည်းနေစရာလဲ မလိုပါဘူး။
တင်ပြသူ
ကလောင်မင်း
Wednesday, June 21, 2017
စိတ်ပျက်စရာ ဝမ်းနည်းစရာမလို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment