Friday, April 28, 2017

ထွဋ်ခေါင်ဇိကိရ်

တမန်တော်မြတ်(ဆွ)သခင် အမိန့်ရှိတော်မူတယ်။ အကြင်သူဟာ  «لا إله إلا الله وحده لا شريك له له الملك وله الحمد وهو على كل شىء قدير»  (လာအီလာဟအိလ်လလ္လာဟ်ဟု ဝဟ်ဒဟူလာရှရီးက လဟုလဟုလ်မွလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာကုလ္လိ ရှိုင်အင်န်ကဒီးရ်)

ကိုရွတ်ဖတ်မယ်ဆိုရင် အိစ်မာအိလ်သခင်ရဲ့သားစဉ်မြေးဆက်ထဲက တစ်ဦးကို သူကောင်းပြုတဲ့ စဝါးဗ်ရရှိမှာဖြစ်တယ်။

ဒါ့အပြင် ကောင်းမှုဆယ်ခုရေးမှတ်ခြင်းခံရမှာဖြစ်ပြီး မကောင်းမှုဆယ်ခုကို ပယ်ဖျက်ခြင်းခံရမှာဖြစ်တယ်။

အဆင့်အတန်းဆယ်ခုလဲ မြင့်ပေးခြင်းခံရမှာဖြစ်သလို ညအချိန်ထိ ရှိုင်သွာန်ရဲ့ရန်ကနေလဲ ကာကွယ်စောင့်ရှောက်ပေးခြင်းခံရမှာဖြစ်တယ်။ တစ်ကယ်လို့ညဖတ်မယ်ဆိုရင် မနက်ခင်းချိန်ထိ ရှိုင်သွာန်ရဲ့ရန်ကနေကင်းဝေးမှုရမှာဖြစ်တယ်။

(အဗူဒါဝူးဒ်ကျမ်း)

ကလောင်မင်း


No comments:

Post a Comment