Wednesday, April 26, 2017

မွဂျဒ္ဒိဒ်အလ်ဖေစာနီ အီမာမ်ရဗ္ဗာနီ ရှိုက်အဟ်မဒ်စရ်ဟင်န်ဒီ(ရဟေ့)သခင်ကြီး၏ အဖိုးတန်ဆုံးမစကား (၁၂)ချက်။

(၁)
မိမိရဲ့ယုံကြည်ချက်ကို အောင်မြင်မယ့်အုပ်စု ဆိုလိုတာက အဟ်လေစွန္နသ်ဝလ်ဂျမာအသ်ရဲ့ယုံကြည်ချက်အတိုင်း တစ်ထပ်တည်းထားပါ။

(၂)ယုံကြည်ချက်ပိုင်းဆိုင်ရာမှန်ကန်ပြီးတဲ့နောက်မှာ အမိန့်ပညတ်ချက်များနဲ့အညီ လိုက်နာကျင့်ဆောင်နေထိုင်ပါ။ ရှရီအသ်က အမိန့်ပေးထားသော အလုပ်ကို လုပ်ရန်အရေးကြီးသလို တားမြစ်ထားသောအရာများကိုလဲရှောင်ကျဉ်ဖို့အရေးကြီးပါတယ်။

(၃)ငါးကြိမ်နမာဇ်ကို ပြင်းရိခြင်းမရှိပဲ စည်းကမ်းချက်များနဲ့အညီ အေးဆေးတည်ငြိမ်မှုနဲ့ဆောက်တည်ပါ။

(၄)သတ်မှတ်ထားတဲ့အတိုင်းအတာရောက်တဲ့အခါ ဇကားသ်ပေးဆောင်ပါ။အီမာမ်အဗူဟနီဖာသခင်က အမျိုးသမီးတွေရဲ့ လက်ဝတ်ရတနာတွေအပေါ်မှာလဲ ဇကားသ်ပေးဆောင်ရန်မိန့်ချွေခဲ့ပါတယ်။

(၅)မိမိရဲ့အချိန်များကို ဆော့ကစားရင်းနဲ့ပဲ မကုန်ဆုံးစေလိုက်ပါနဲ့။တန်ဖိုးရှိလှတဲ့သက်တမ်းကို အချည်းနီးလုပ်ရပ်တွေနဲ့ မဖျက်စီးလိုက်ပါနဲ့။

(၆)သီချင်း၊အတီးအမှုတ်၊အကအခုံများအားမက်မောတပ်မက်ခြင်းမှ ရှောင်ရှားပါလေ၊အဲ့ဒီကရတဲ့အရသာတွေကိုကြည်နူးတွယ်တာခြင်းမဖြစ်ပါစေနဲ့၊ ဒါတွေဟာ ပျားရည်ထဲမှာရောနေပြီး သကြားတွေနဲ့ပေါင်းဆက်ထားတဲ့ သေစေနိုင်တဲ့အဆိပ်သဖွယ်ပါပဲ။

(၇)လူတွေရဲ့အတင်းပြောချင်း၊ဂုံးချောခြင်းမှရှောင်ရှားကြပါ။ သာသနာတော်တွင် ထိုယုတ်ညံ့သောစာရိတ္တများနဲ့ပက်သက်ပြီး ကြီးမားတဲ့သတိပေး ချိန်းချောက်မှုတွေလာထားပါတယ်။

(၈)လိမ်လည်ခြင်း မဟုတ်မမှန်စွပ်စွဲခြင်းမှ  လုံးဝ(လုံးဝ) ရှောင်ရှားပါလေ။ ဤကဲ့သို့သောမကောင်းတဲ့အကျင့်ဟာ သာသနာတိုင်းမှာ ဟရာမ်ဖြစ်ပါတယ်။ ထိုအရာကိုကျုးလွန်သောသူများနှင့်ပက်သက်ပြီးလည်း ကြီးမှားတဲ့ချိန်းချောက်မှုတွေလာရှိထားပါတယ်။

(၉)လူတွေရဲ့အားနည်းချက်များ အပြစ်များကိုဖုံးအုပ်ကာကွယ်ပေးပြီး သူတို့ရဲ့မှားယွင်းမှုတွေကို ခွင့်လွတ်ပေးခြင်းကိုပြုဆောင်ပါ၊ ထိုကဲ့သို့သောခွင့်လွတ်ပေးခြင်းဟာ ကြီးမြတ်သူတို့ရဲ့လုပ်ရပ်ပါ။

(၁၀)လက်အောက်ငယ်သားများနဲ့အလုပ်သမားများအပေါ် ကြင်နာတရားထားရှိကြပါ။ သူတို့ရဲ့လျော့နဲမှုများအပေါ် အပြစ်မယူသင့်ပါဘူး။ ဘယ်အခြေနေမှာပဲဖြစ်ဖြစ် ထိုသူများကို ရိုက်နက်ခြင်း၊နိုပ်စက်ခြင်း၊ ဆဲဆိုခြင်း၊ ဒုက္ခပေးခြင်းများဟာ လုံးဝမသင့်လျော်ပါဘူး။

(၁၁)မိမိရဲ့အားနည်းချက် ချွတ်ချော်ချက်တွေကို အမြဲကြည့်ရှုလေ့လာနေသင့်ပါတယ်။ ထိုအရာတွေဟာ အလ္လာဟ်ထံတော်ကို စက္ကန့်မလပ်ရောက်ရှိနေပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ ချက်ခြင်း အပြစ်ယူတာမျိုးမလုပ်သလို ရိုဇီကိုလဲ ယုတ်သိမ်းလိုက်မှာတော့မဟုတ်ပါဘူး။

(၁၂)ယုံကြည်ချက်ပိုင်းဆိုင်ရာကို မှန်ကန်အောင်ပြုလုပ်ပြီး သာသနာ့အမိန့်များကို လိုက်နာပြီးတဲ့နောက်ပိုင်းမှာ မိမိရဲ့အချိန်များကို အလ္လာဟ်ရဲ့ဇိကိရ်များတွင် အသုံးချမွေ့လျော်ပါ။ သင်ယူထားတဲ့ပုံစံအတိုင်းတာ ပြုမူကျင့်ဆောင်ပါ။ မိမိရဲ့သင်ယူထားမှုများနဲ့ ဆန့်ကျင်သောသူများကို ရန်သူဟုသတ်မှတ်၍ ရှောင်ကျဉ်နေထိုင်ပါ။

ကလောင်မင်း


No comments:

Post a Comment