Tuesday, April 25, 2017

ဆွဒကာပေးကမ်းခြင်းရဲ့ အကျိုးများ (၂)

1.ဆွဒကာပေးသောသူဟာ အကောင်းဆုံးသောသူတွေထဲကဖြစ်တယ် ဘယ်ပုံဘယ်နည်းပါဝင်တဲ့သူမဆို အဲ့ဒီဆွဒကာရဲ့စဝါးဗ်ကိုရရှိပါတယ်။

2.ဆွဒကာပေးတဲ့သူကို ကောင်းချီးမဂ်လာများနဲ့ မြားစွာသောအစားပြန်ရမယ်ဆိုတဲ့အကြောင်း လာရှိထားပါတယ်။

3.ဆွဒကာထုတ်သုံးစွဲသူဟာ သက်ဝါတရားရှိသူများရဲ့ အဖွဲ့ထဲမှာ ထည့်သွင်းပေးခြင်းခံရမှာဖြစ်တယ်။

4.ဆွဒကာထုတ်ခြင်းဟာ စာနာခြင်း၊ကျေးဇူးသိခြင်း၊ရက်ရောခြင်းရဲ့ လက္ခဏာတစ်ခုလဲဖြစ်တယ်။

5.ဆွဒကာဟာ ဒိုအာတောင်းဆုများကို ပြည့်ဝခြင်းနဲ့ ဒုက္ခအခက်ခဲများ ထွက်ခွါသွားစေဖို့ အကြောင်းရင်းတစ်ခုလဲဖြစ်တယ်။

6.ဆွဒကာဟာ ဘေးဘလာဒုက္ခများကိုကင်းဝေးစေပြီး မကောင်းခြင်းရဲ့တံခါးပေါက်၇၀ကို ပိတ်ပင်စေပါတယ်။

7.ဆွဒကာဟာ ဘဝသက်တမ်းရှည်ဖို့နဲ့ ပစ္စည်းဥစ္စာတိုးပွားစေဖို့ အကြောင်းခံတစ်ရပ်ဖြစ်သလို အောင်မြင်ခြင်းနဲ့ရိုဇီရိက္ခာပေါများစေဖို့ အကြောင်းခံတစ်ခုလဲဖြစ်တယ်။

8.ဆွဒကာဆိုတာ ကုသမှုတစ်ခု ဆေးနည်းတစ်ဖုံ ကျန်းမာခြင်းတစ်နည်းလဲဖြစ်တယ်။

9.ဆွဒကာဟာ မီးလောင်ခြင်း၊ရေနှစ်ခြင်း၊သူခိုးနဲ့ မကောင်းသောသေဆုံးခြင်းမျိုးမှ ကာကွယ်ပေးတယ်။

10.ဆွဒကာဒါနဟာ တရိစ္ဆာန်တွေအပေါ်မှာပြုမယ်ဆိုရင်လဲ ကောင်းသော အစားရပါလိမ့်မယ်။

#ကလောင်မင်း


No comments:

Post a Comment