Wednesday, April 26, 2017

အာလင်မ်တစ်ယောက်အတွက် သဗ်လိဂ်မှာအချိန်းပေးခြင်းနှင့်စပ်လျဉ်း၍

အာလင်မ်တစ်ယောက်ရဲ့ ဂျမာအသ်မှာ နှစ်ပတ်လည်အချိန်ပေးခြင်းဟာ ဘယ်လိုရှိပါသလဲ?

بسم الله الرحمن الرحيم
အာလင်မ်ရဲ့အလုပ်ဟာ သဖ်စီရ်နဲ့ ဟဒီးစ်တွေကို သင်ပေးသင်ယူမှု ပို့ချမှုနဲ့ အွမ္မသ်ရဲ့လိုအပ်မှုကိုရှေးရှုပြီး ဖသဝါထုတ်ပြန်ရေးသားခြင်းဖြင့် အွမ္မသ်အားလမ်းပြခြင်း၊ ဘဝရဲ့အခြေနေအရပ်ရပ်တိုင်းအတွက် မစာအိလ်တွေတင်ပြခြင်းနဲ့အတူ မှားယွင်းပျက်စီးနေသော ယုံကြည်ချက်များကို တည့်မှတ်အောင်ပဲ့ပြင်ပေးခြင်း။

လမ်းမှားနေသောသူများနဲ့လိုင်းကြောင်များရဲ့ တိုက်ခိုက်မှုများမှ အစ္စလာမ်သာသနာနဲ့မွတ်စ်လင်မ်လူထုကို ထိမ်းသိမ်းကာကွယ်ခြင်း၊ အေဗာဒသ်တွေ အခ်လာက်တွေနဲ့ ကူးလူးဆက်ဆံရေးတွေမှာ ပျက်စီးချွတ်ယွင်းမှုများရှိနေသည့်အတွက်ကြောင့် အခြေနေတိုင်းမှာ လမ်းညွန်မှုပေးနေခြင်း၊ အမျိုးမျိုးသော နေ့စဉ်ပေါ်ထွက်လာနေသော ဖိသ်နာအရှုပ်ထုတ်များကို ဖြေရှင်းနိုပ်ကွပ်ခြင်း၊ အွမ္မသ်ရဲ့ အိမ်တွင်းရေး စီးပွားရေး လူမှုရေး နိုင်ငံရေး စတဲ့မတ်စ်အလာတွေကိုကြည့်ရှုလေ့လာပြီး ကုရ်အာန်နဲ့ဟဒီးစ်ရဲ့လမ်းညွန်ချက်ဖြင့် အမှန်ပြသဖြေကြားပြီး လမ်းညွန်မှုပေးခြင်း၊

ဒီလိုပါပဲ ဂျမာအသ်မှာ နှစ်ပေါက်အောင်ပေးနေခြင်းထက် တစ်ခြားအရေးကြီးလုပ်စရာများရှိနေပါသေးတယ်။ ဒါတွေဟာ သာသနာရဲ့အရေးပါတဲ့အလုပ်တွေပါပဲ။ အဲ့ဒီအရေးပါပြီး အရေးကြီးတာတွေကိုလျစ်လျုရှုပြီး ဂျမာအသ်မှာ နှစ်ပေါက်နေအောင် အချိန်ပေးခြင်းဟာ မသင့်တော်ပါဘူး။

တစ်ကယ်လို့ ကျောင်းပြီးထားတဲ့ အာလင်မ်ဟာ မိမိရဲ့စိတ်ပါမှု ကြေနပ်မှုဖြင့် ဂျမာအသ်မှာ နှစ်နဲ့အချိန်ပေးလိုပါက ပေးနိုင်ပါတယ်။ သို့သော် အာလင်မ်တစ်ယောက်အတွက် နှစ်နဲ့အချိန်ပေးခြင်းကို အရေးကြီးသည်ဟုမှတ်ယူခြင်း၊ ဂျမာအသ်မှာ နှစ်နဲ့အချိန်မပေးထားသူကို အီမာမ်မခန့်ခြင်း၊ ကျောင်းဆရာ မခန့်ခြင်း၊ ဒါမှမဟုတ် ကျောင်းဆရာအဖြစ်မှ အီမာမ်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်း၊ ထိုကဲ့သို့လုပ်ရပ်အားလုံးဟာ မှားယွင်းသော အလွန်အကျွံ လုပ်ရပ်များပဲဖြစ်ပါတယ်။ ထိုကဲ့သို့သာသနာတော်တွင် အလွန်အကျွံပြုလုပ်ခြင်းကို ကုရ်အာန်မှာတားမြစ်ထားပါတယ်။
واللہ تعالیٰ اعلم

دارالافتاء،
دارالعلوم دیوبند
ပြန်ဆိုတင်ပြသူ ကလောင်မင်း


No comments:

Post a Comment