Friday, April 28, 2017

နာမကျန်းသူများနှင့်ပက်သက်၍

တစ်ခါတစ်ရံ အလ္လာဟ်အရှင်မြတ်ဟာ နာမကျန်းမှုကို အကြောင်းခံပြီး အပြစ်များကို ခွင့်လွတ်ပေးလေ့ရှိပါတယ်။

နာမကျန်းတဲ့အခြေနေမှာ မိမိရဲ့အေဗာဒသ်တွေမှာ ယုတ်လျော့မှုမဖြစ်သွားဘူးဆိုရင် ဒါဟာအလ္လာဟ်ဘက်က အပြစ်တွေကို ခွင့်လွတ်ပေးဖို့ အကြောင်းခံတစ်ခုဖန်တီးပေးလိုက်ခြင်းပါ။

ဒါကြောင့်မို့ နာမကျန်းဖြစ်နေတဲ့သူတွေအနေနဲ့ စိတ်ဓာတ်တွေမကျ မျော်လင့်ချက်တွေမမဲ့ပဲ အေဗာဒသ်မှာ အစဉ်တစ်စိုက်မွေ့လျော်နေသင့်ပါတယ်။

ဒီနေ့ဟာ တစ်ပတ်တာရဲ့ အမွန်မြတ်ဆုံးနေ့ဖြစ်တဲ့ ဂျုမုအဟ် နေ့လေးပဲဖြစ်တယ်။ ဒီနေ့လေးကို အကြောင်းခံပြီး "နာမကျန်းဖြစ်နေသောသူများကို အလ္လာဟ်အရှင် ပြည့်ဝတဲ့ကျန်းမာရေး အမြန်ဆုံးချီးမြှင့်ပေးပါ" လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကလောင်မင်း


No comments:

Post a Comment