Wednesday, April 26, 2017

အစ္စလာမ်က တန်းတူဖြစ်ခြင်းလား? မျှတခြင်းလား?

အရှေ့တိုင်း အနှောက်တိုင်း အတွေးခေါ်ပညာရှင်တွေက တန်းတူညီမျှခြင်းဆိုတာနဲ့ပက်သက်ပြီး လက်ခံနိုင်စရာမရှိလောက်တဲ့ အသုံးအနှုန်းကို လူတွေနဲ့မိတ်ဆက်ပေးထားခဲ့တယ် သူတို့ရဲ့ပြောဆိုချက်အရ လူသားတိုင်းရဲ့ဘဝရဲ့အခြေနေတိုင်းမှာ တန်းတူမှုဆိုတာရှိရမယ် အဲ့ဒီစကားကိုကိုင်ပြီး အစ္စလာမ်ကို ဆန့်ကျင်သူတွေကလဲ တစိုက်မတ်မတ်စောဒကတွေ တတ်ထားတာတွေဒုနဲ့ဒေးရှိတယ်။ ဒီတော့ အရင်ဆုံးပြောချင်တာက အစ္စလာမ်က တန်းတူညီမျှခြင်းပေါ်မှာ အခြေခံထားတာမဟုတ်ဘူး မျှတခြင်းရဲ့အပေါ်မှာ အခြေခံထားတာ။ နဲနဲလေးရှုပ်တယ် ထင်ရပေမယ့် ရှင်းပါတယ်။ သေချာသဘောပေါက်အောင်ဖတ်ပါ။

တန်းတူညီမျှခြင်းဆိုတာက လူအားလုံးရဲ့ကြားထဲမှာ ညီညီမျှမျှရပ်တည်နေရမယ့် သဘောကိုဆောင်ပါတယ်။ ဒီလိုပုံစံဖြစ်နေရင်တော့ တစ်ချို့နေရာတွေမှာ မမျှတခြင်းတွေ ရှိနေမှာတော့ အသေချာပါပဲဗျာ။ လူတော်တော်များများ ပြောနေကြတာတစ်ခုရှိတယ် ယောက်ကျားနဲ့မိန်းမကြားမှာ ဘာများသိပ်ကွာခြားတာရှိနေလို့လဲပေါ့?

အဲဒီသူတွေက ယောက်ကျားနဲ့မိန်းမကို တူတူပဲဆိုပြီးပေးလုပ်လိုက်ကြတယ် ဘယ်လောက်ထိလဲဆိုရင် ကွန်မြူနစ်တွေဆိုရင် အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံကြားထဲမှာကော ဘာများကွာခြားနေသလဲဆိုတဲ့အဆင့်ထိပါ ပြောကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လွမ်းမိုးတယ် ဆိုးမိုးတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အထာမျိုးနဲ့… 
နောက်ဆုံးဘယ်လောက်အဆင့်ထိပြောလဲဆိုရင် အဖေကသားအပေါ်လွမ်းမိုးနိုင်ခြင်းမရှိရဘူးဆိုတဲ့ အဆင့်ထိပါဖြစ်လာတယ်။ အဲ့ဒီအတိုင်း ရှေ့တွေတိုးပြီးလုပ်ဆောင်ခဲ့လိုက်တာဟာ လူမှုအသိုင်းဝိုင်းကြီး ဖရိုဖရဲတွေဖြစ်တဲ့အဆင့်ထိပါပဲ။

တစ်ဖက်မှာ မျှတခြင်းဆိုတဲ့ သဘောက ထိုက်တန်သူကို သူ့ရဲ့ထိုက်တန်မှုအလျောက် သူ့ကိုချီးမြင့်ခြင်းကိုခေါ်တယ်။ ဒါကြောင့် ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က တန်းတူညီမျှပြုလုပ်ခြင်းဆိုတဲ့ အမိန့်ပါတဲ့ စကားလုံးကို ဘယ်နေရာမှာမှ မသုံးနှုန်းထားဘူး ဒါပေမယ့် မျှတခြင်းဆိုတာကိုတော့ မိန့်ချွေထားတယ်။ ("ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် မျှတရန် အမိန့်ပေးတော်မူလေသည်")[စူရာဟ်နဟလ်၊၉၀]

("လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း အမိန့်တော်ပေးတော်မူလေသည်")[စူရာဟ်နေစာအ်၊၅၈]

နောက်ပြီး ကုရ်အာန်ထဲမှာလဲ အားလုံးတန်းတူဖြစ်ရမယ်ဆိုတာကြီးကို ကန့်ကွက်မိန့်ကြားထားတယ်။

("အိုနဗီတမန်တော် အသင်ပြောကြားပါလေ အချင်းတို့ အသ်အလိမ္မာညဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာညဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော")။[စူရဟ်ဇုမရ်၊၉]

("အသင်သည် ၄င်းတို့အားဤသည်ကိုလဲ ပြောဆိုမေးမြန်းပါလေ စက္ခုအလင်းမရသောသူနှင့် စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် ၄င်းတို့သည် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော")။[စူရဟ်ရအဒ်၊၁၆]

တစ်ကယ်တော့
အမျိုးသားနဲ့အမျိုးသမီး ကြားမှာလဲဒီသဘောပဲဆောင်တာ အစ္စလာမ်က အမျိုးသားနဲ့အမျိုးသမီးကြားထဲမှာ တန်းတူခြင်း တူညီခြင်းကိုသတ်မှတ်တာမဟုတ်ဘူး မျှတခြင်းကိုသတ်မှတ်တာ။ တစ်ကယ်လို့ တန်းတူခြင်းဆိုတာကို သတ်မှတ်ပေးလိုက်ရင် မညီမျှခြင်းတွေ မမျှတခြင်းတွေ တစ်ဦးပေါ်တစ်ဦးနိုင်ထက်စီးနှင်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီးရဲ့ တာဝန်တွေ အင်အားတွေ လုပ်နိုင်စွမ်းတွေအပေါ်မှာ မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်တာဝန်တွေ အရေးပါပုံတွေကလဲ သီးခြားစီတွေပါ။ သာသနာ့ရှုထောင့်အရတော့ လူသားဖြစ်ခြင်းသဘောသဘာဝမှာ ယောက်ကျားနဲ့မိန်းမဟာ ဘာမှတော့ မကွဲလွဲနေဘူး။

အစ္စလာမ့်ရဲ့အမိန့်တော်တော်များများမှာတော့ အမျိုးသားနဲ့အမျိုးသမီးက တူညီကြတယ် အမျိုးသမီးလဲ အမျိုးသားလိုမျိုး ဝူဇူလုပ်ခြင်း ရေချိုးခြင်း ရိုဇာထားခြင်း ဇကားသ်ထုတ်ခြင်း ဟဂ်ျပြုခြင်း ရောင်းဝယ်ဖောက်ကားခြင်း ဆွဒကာလုပ်ခြင်း စသဖြင့် ပြုလုပ်ကြတယ်။

ဒါပေမယ့် ကွဲပြားခြားနားမှုတွေကို ထောက်ရှုပြီး အစ္စလာမ်က အမျိုးသမီးရဲ့ဗီဇ အားအင် လုပ်ကိုင်နိုင်စွမ်း စသဖြင့် အဲ့ဒါတွေအပေါ်မှာမူတည်ပြီးတော့ တာဝန်တွေကို သတ်မှတ်တာမျိုးတွေတော့ရှိတယ်။

ဥပမာ အမျိုးသားတွေက အမျိုးသမီးတွေကို ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်ဖို့က အရေးကြီးတဲ့တာဝန်တစ်ခု အဲ့ဒီအတိုင်းပဲ ဂျေဟာဒ်ကလဲ ဖရဇ်…

အမျိးသမီးတွေအပေါ်မှာကျတော့ ရှာဖွေမှုက အရေးကြီးတဲ့တာဝန်တစ်ခုလို့ မသတ်မှတ်ထားသလို ဂျေဟားဒ်ထွက်ဖို့ တိုက်ခိုက်ဖို့တာဝန်လည်းမပေးထားဘူး။ တစ်ကယ်လို့တာ တန်းတူဖြစ်ရမယ်လို့ သတ်မှတ်ကြေးဆိုရင် ဒီနေရာမှာ အမျိုးသမီးတွေကို နိုပ်စက်ရာ ငြင်းပမ်းရာရောက်သွားလိမ့်မယ်။ အဲ့ဒီအတိုင်းပဲ တခြားသော တခြားသော ကိစ္စရပ်တွေမှာလဲ မျှတမှုအပေါ်မှာမူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ အဆင့်ခွဲခြားသတ်မှတ်ထားပေးခြင်းပဲဖြစ်တယ်။

ကလောင်မင်း


No comments:

Post a Comment