Wednesday, April 26, 2017

ကျွန်ုပ်သိခဲ့သော ဗုဒ္ဓဘာသာဆိုသည်မှာ……

အလွန်ပင်သိမ်မွေ့သည် နူးညံ့သည် ကြည်နူးစရာကောင်းလှသည်။ ငယ်စဉ်ဘဝ ကျွန်ုပ်၏သူငယ်ချင်း၊မိတ်ဆွေ၊ဆော့ဖော်ဆော့ဖက်အများအပြားသည် ဗုဒ္ဓဘာသာ။ဝင်များပင်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးအင်မတန်မှချစ်ခင်ကြသလို တစ်အိမ်နှင့်တစ်အိမ်လဲအဝင်အထွက်ရှိကြသည်။ သူတို့၏မိဘများသည်လည်း အင်မတန်မှဖော်ရွေကြသည်။

ကျွန်ုပ်၏အိမ်နီးနားခြင်းသည်လည်ဗုဒ္ဓဘာသာပင်ဖြစ်သည် ဗုဒ္ဓပွဲတော်များတွင် ပြုလုပ်ချက်ပြုတ်ကြသော မုန့်များ အစားအစာများပို့ကြသလို ကျွန်ုပ်တို့၏အိဒ်ပွဲတော်များတွင်လဲ လာရောက်လည်ပတ်၍ မုန့်များသုံးဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦးရိုင်ပင်းကူညီကြ၍ဖေးမကြသည်။ ကျွန်ုပ်၏အတွေးတွင် ဗုဒ္ဓဘာသာသည် အင်မတန်နူးညံ့သိမ်မွေ့သည်ဟုမှတ်ယူထားသည်။ အိမ်အနီးရှိ ဘုန်းတော်ကြီးကျောင်းနှင့်တွဲလျက် အ'မ'က ကျောင်းတွင် ပညာစည်းပူးသင်ယူခဲ့သည်။ကျွန်ုပ်၏အတန်းဖော်များတွင်လည်း ဘုရားသားတော် ကိုရင်ကလေးများရှိသည် အတူဘော်လုံးကန်ကြ ဆော့ကစားကြခဲ့သည်မှာ ယူခုအချိန်ထိပင်မေ့၍မရ။ ကြည်နူးစရာကောင်းလေစွ။ ဘုန်တော်ကြီးကျောင်းသည် ကျွန်ုပ်တို့အတွက် ပျော်ရွှင်စရာနေရာတစ်ခုဖြစ်လေသည်။ သွားရောက်ဆော့ကစားနေကြနေရာတစ်ခုလဲဖြစ်သည်။ ကျောင်းထိုင်ဆရာတော်မှာမူ ကျွန်ုပ်တို့ဆော့ကစားနေသည့်အချိန် ရံဖန်ရံခါတွင် မုန့်များ စားစရာများလာရောက်ဝေငှတာမျိုးလဲ ခနခနကြုံရသည်။ ဗုဒ္ဓသားတော်သည်ကား အင်မတန်မှယဉ်ကျေးသည် သိမ်မွေ့သည် ကိလေသာတဏှာကင်းစင်လှသည် အပြစ်မဲ့သည်ဟု ကျွန်ုပ်မှတ်သားထားခဲ့သည်။

သို့သော်ကား ကျွန်ုပ်သိရှိနားလည်ခဲ့သော ထေရဝါဒဗုဒ္ဓဘာသာဆိုသည်ကား ထိုကဲ့သို့မဟုတ်တော့ပါလေ။ စိတ်ပျက်စရာကောင်းလွန်းလှသည်။ ဗုဒ္ဓ၏အဆုံးအမသည် ဆိုးရွားလှမည်ဟု ကျွန်ုပ်မထင် ဗုဒ္ဓသည်လောဘ ဒေါသ မောဟစိတ်ကို နိုမ်နင်းခိုင်းထားသည်ဟု ကျွန်ုပ်လေ့လာမှတ်သားဖူးသည်။ သို့သော် ယခုတွင် ဗုဒ္ဓဘာသာဝင်တို့၏အပြုအမူမှာကား ထိုအရာနှင့်တက်တက်စင်အောင်လွဲနေသည်။ သူတို့တွင် ဒေါသကြီးနေသော လူအုပ်စုလဲရှိသည်  လောဘတက်နေသော ဘုန်းကြီးများလဲရှိသည်။ မောဟစိတ်နှင့်တရားဟောသော ဆရာတော်တွေလဲရှိသည်။

ဗုဒ္ဓသည် ကာယကံ ဝစီကံ မနောကံအား ရှောင်ကျဉ်ရမည်ဟု ပညတ်ထားသည်ကို ကျွန်ုပ်မှတ်သားဖူးသည်။ သို့သော် ဗုဒ္ဓကြီးစိုးသောနိုင်ငံတွင် ထိုကံသုံးပါးအား ကျုးလွန်သူမြောက်မြားစွာရှိသည့်အပြင် ကျေကျေနပ်နပ် ကျုးလွန်မူကိုလဲ ဗြောင်ဖွင့်ဟကြသည် ဝန်ခံကြသည် သူတပါး၏အသက်သက်ခြင်းကို နှစ်သက်ကြသော ဘုန်းတော်ကြီးများလဲရှိသည် ပျော်ရွှင်ကြသော ထေရဝါဒဗုဒ္ဓဝင်များလဲရှိသည်။ အံ့သြစရာကောင်းလေစွ ဗုဒ္ဓသည်ထိုကဲ့သို့သင်ကြားပေးထားပါလားဟု ရံဖန်ရံခါ ကျွန်ုပ်စဉ်းစားမိသေးသည်။

ဗုဒ္ဓသည် မည်ကဲ့သို့သင်ကြားပေးထားသည်ကို ကျွန်ုပ်အပြည့်အဝမပြောပြနိုင်၊ ယခုအခြေနေမှာမူကား အမျိုးဘာသာ သာသနာဟူသော ခေါင်းစဉ်အောက်တွင် ဘုရားသူခိုးများပေါလာသောခေတ်ဖြစ်သည်။ လူသတ်ခြင်းအား အာပေးအားမြောက်ပြုသော သံဃာများပေါများသောခေတ်ဖြစ်သည်။ ထိုကဲ့သို့သော လူထုအားအကျိုးယုတ်စေသော သံဃာများအား သူရဲကောင်းဟုသတ်မှကြသော လူပုဂ္ဂိုလ်များ များပြားသောခေတ်လဲဖြစ်သည်။ အချို့သောရဟန်းဟုနာမည်ခံထားသူများ လူလိုကျင့်လာသောခေတ်တစ်ခုလဲဖြစ်သည်။ ထိုထိုသောအမူအကျင့်များသည် မည်သူကအစပြုလမ်းညွန်သည်ကို ကျွန်ုပ်မပြောပြနိုင်။ သို့သော်ထိုကဲ့သို့သောလုပ်ရပ်များသည် အလွန်ယုတ်ညံ့အောင်တန်းကျသော လုပ်ရပ်များဖြစ်သည်ကို အတန်အငယ်စဉ်းစားတတ်သောသူပင်သိရှိနိုင်ပေသည်။

သို့ဖြစ်ပါ၍ယခုအခါသည် သူယုတ်မာများကြီးဆိုးသည့် ခေတ်အခါသမယပင်ဖြစ်နေလေပေတော့သတည်း။

ကလောင်မင်း


No comments:

Post a Comment