ရှစ်နှစ်အရွယ်ကလေးငယ်တစ်ယောက်ဟာ ဗလီရဲ့ထောင့်တစ်ထောင့်မှာ မိမိရဲ့ညီမငယ်နဲ့အတူထိုင်ပြီး လက်မြောက်ကာအလ္လာဟ်ဆီမှာ ဒိုအာတောင်းနေပါတယ်။
အဝတ်အစားဟာ အဖာထေးတစ်ချို့နဲ့ဆိုပေမယ့် သပ်သပ်ရပ်ရပ်လေးတော့ရှိနေပါတယ်။ သူရဲ့ချစ်စရာပါးပြင်ဖောင်းဖောင်းလေးဟာ မျက်ရည်တွေနဲ့ဆိုရွှဲနေပါတော့တယ်။
လူအများဟာ သူဘက်ကိုအာရုံရောက်နေကြတယ်ဆိုပေမယ့် သူကတော့သတိမထားမိရှာပါဘူး အလ္လာဟ်ဆီကနေပဲ ဒိုအာတောင်းခံလျက်ရှိနေပါတယ်။ ခနလေးအကြာမှာတော့ ရုတ်တရက်သူထလိုက်တဲ့အခါ ကျွန်တော်က ကလေးအနီးနားကိုသွားပြီး ချစ်စရာကောင်းပြီးသေးငယ်နုနှယ်လှတဲ့လက်ကိုကိုင်ပြီး "ကလေးရေ အလ္လာဟ်ရှင့်ဆီကနေ ဘာတွေတောင်းခံနေတာလဲ?" လို့မေးလိုက်ပါတယ်။
"သားအဖေဆုံးသွားပြီလေ အဲ့ဒါကြောင့် အဖေ့အတွက်ဂျန္နသ်တောင်းပေးနေတာ သားအမေကအမြဲပဲငိုနေတယ် အဲ့ဒါကြောင့်အမေ့အတွက်ဆွဗရ်ကိုတောင်းခံပေးတာ သားညီမလေးက အမေ့ဆီကနေ အဝတ်စားတောင်းတော့ သူ့အတွက်ပိုက်ဆံတောင်းပေးနေတာ"လို့ကလေးကဖြေရှာတယ်။
"ဒါနဲ့သားကျောင်းသွားလား"လို့မေးတော့ ကလေးက "ဟုတ်ကဲ့ခင်ဗျ ကျွန်တော်ကျောင်းသွားပါတယ်" "ဒါဆိုသားကဘယ်အတန်းမှာဖတ်တာလဲ"?လို့မေးတဲ့အခါ
"သားစာဖတ်ဖို့သွားရတာမဟုတ်ဘူး ဦးဦး အမေကပဲသုတ်လေးတွေလုပ်ပေးလိုက်တယ် အဲ့ဒါသားက ကျောင်းက ကျောင်းသားတွေကိုသွားရောင်းတာပါ ကျောင်းသားတွေက သားဆီကနေပဲသုတ်တွေ အားပေးကြတယ် ဒါကသားရဲ့နေ့စဉ်အလုပ်ပါ"
ကလေးရဲ့စကားလုံးတိုင်း စကားလုံးတိုင်းဟာ ကျွန်တော့်ရဲ့နှလုံးသားအတွင်းနက်နက်ထဲထိတိုင်အောင် ရိုက်ခက်နေပါတော့တယ်။
"သားမှာအမျိုးတွေကောမရှိဘူးလား"ဆိုပြီးမမေးချင်ပေမယ့်လဲ မေးလိုက်ပါတယ်။
"အမေကပြောပြဘူးတယ် ဆင်းရဲတဲ့သူတွေအတွက်ဆိုတာ ဘာဆွေမျိုးမှမရှိဘူးတဲ့ အမေက တစ်ခါမှ မလိမ်ပြောရှာဘူး ဒါပေမယ့် တစ်ခါတစ်လေ သားတို့ထမင်းစားနေတဲ့အခါ သားက အမေထမင်းစားလေ လို့ပြောရင် အမေကစားပြီးသွားပြီလို့ပြောပါတယ် အဲ့ဒီအချိန်ကျရင်တော့ အမေလိမ်နေသလားဆိုပြီး သားနဲနဲခံစားရိပ်မိနေသလိုပဲ။
"သား!တစ်ကယ်လို့ အိမ်မှာအသုံးစရိတ်ရသွားရင်ကော သားစာဖတ်ဖို့အစီစဉ်ရှိလား"?ဆိုတော့ ကလေးက "ဟအင်း သားလုံးဝမဖတ်ဘူး ဘာလို့လဲဆိုတော့ ပညာသင်တဲ့သူတွေက ဆင်းရဲသားတွေကိုမုန်းကြတယ် ဘယ်ပညာတတ်မှ သားကိုဘာမှမေးမြန်းတာမျိုးလဲမရှိဖူးဘူး သားကိုကျော်သွားတာပဲရှိတယ်"
ကျွန်တော် တော်တော်အံ့အားသင့်သွားပြီး တော်တော်ကျေကွဲ ဝမ်းနည်းသွားတယ်။
ကလေးကထပ်ပြောရှာတယ် "သားနေ့တိုင်းဒီဗလီကိုလာတယ် ဘယ်သူကမှ သားကိုမမေးပါဘူး ဒီမှာရှိတဲ့သူတွေအားလုံး သားအဖေကိုသိပါတယ် ဒါပေမယ့်လဲ သားကိုတော့ဘယ်သူမှမသိပါဘူး"ဆိုပြီး ကလေးက ရှိုက်ကြီးတငင် ငိုပါတော့တယ် "ဦးဦးရေ အဖေဆုံးသွားတဲ့အခါ အားလုံးဟာ သူစိမ်းတွေဖြစ်သွားကြတယ်"
ကျွန်တော့်ဆီမှာ ကလေးကိုပေးဖို့ အဖြေတစုံတရာမရှိခဲ့ပါ ဒီလိုမျိုးခံစားချက်တွေနဲ့ပြည့်နက်နေတဲ့ အပြစ်မဲ့ကလေးတွေ ဘယ်လောက်များတောင်ရှိနေပါဦးမလဲ?
တစ်ခုပဲကြိုးစားပေးကြပါ မိမိအနီးပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်နေတဲ့ယသီးမ်ကလေးတွေ ခိုကိုးရာမဲ့နေတဲ့ကလေးတွေကို ကူညီပေးကမ်းကြပါ။
ကျောင်းတွေ ဗလီတွေမှာ အကူညီမပေးခင်အလျင် ပတ်ဝန်းကျင်က အနီးနားက ဆင်းရဲတဲ့ ကလေးသူငယ်များကို အရင်ကြည့်ရှု ကူညီဆောင်မကြပါ။
သူတို့ဆီမှာ စားစရာတွေ အရမ်း လိုအပ်နေတာမျိုးတွေရှိနိုင်ပါတယ်။
အများကိုလဲ ဒီပညာပေးအသိလေးကို မျှဝေပေးကြပါ ကိုယ်တိုင်လဲ မိမိရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်အောင်ကြိုးစားကြပါခင်ဗျာ။
အလ္လာဟ်ရှင်ကောင်းမွန်တဲ့အစား ချီးမြင့်ပေးသနားတော်မူပါစေ။
ပြန်ဆိုတင်ပြသူ ကလောင်မင်း
Wednesday, April 26, 2017
လိုအပ်ချက်ရှိနေသူများအား ကူညီကြပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment