တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ် "အိုအဗူဇရ်(ရသွေ့)! အသင်ဟာ ပစ္စည်းများပြားတာကို ချမ်းသာတယ်လို့ထင်တာလား"? ဟဇရသ်အဗူဇရ်(ရသွေ့)သခင်က "ဟုတ်ပါတယ်" ဟုပြန်ဖြေတော်မူတယ်။
တမန်တော်မြတ်(ဆွ)ထပ်အမိန့်ရှိတယ် "အသင်ဟာ ပစ္စည်းဥစ္စာနည်းပါးခြင်းကို ဆင်းရဲတဲ့သူလို့မှတ်ယူတာလား"? ဟဇရသ်အဗူဇရ်(ရသွေ့)သခင်က "ဟုတ်ပါတယ်" ဟုပြန်ဖြေတော်မူတယ်။
ပြီးတော့ တမန်တော်မြတ်သခင် ထပ်မံမိန့်ချွေတော်မူတယ်
ကြွယ်ဝမှုနဲ့ ဆင်းရဲမှုဆိုတာ နှလုံးသားမှာဖြစ်တည်တာပါ အကြင်သူဟာ နှလုံးသားမှာကြွယ်ဝမှုရှိတယ်ဆိုရင် ဒွန္နယာကနေဘယ်အရာပဲရရ ဘာတစ်ခုမှဆိုကျိုးဖြစ်လာမှာမဟုတ်ပါဘူး။
အကြင်သူရဲ့နှလုံးသားထဲမှာ ကြွယ်ဝမှုမရှိဘူးဆိုရင် သူဟာဒွန္နယာကနေ ဘယ်လောက်ကြီးပဲရနေပါစေ ထိုသူ့ကို ဘာအကျိုးတစ်စုံတစ်ရာမှ ရှိစေမှာမဟုတ်ပါတဲ့အပြင် သူ့ရဲ့ စေးနဲမှုက သူ့ကိုဒုက္ခရောက်စေပါလိမ့်မယ်။
ကလောင်မင်း
Saturday, April 29, 2017
နှလုံးသားကြွယ်ဝခြင်းနဲ့ဆင်းရဲခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment