Tuesday, April 25, 2017

သေချင်းတရားကိုများစွာသတိရကြပါ။

လူငယ် ဆွဟာဗာအချို့က
တမန်တော်မြတ်(ဆွ)ထံတော်ပါးသို့လာပြီး "အို!ကိုယ်တော် လူတွေထဲမှာ အသိညဏ်ပြည့်ဝပြီး အမျော်အမြင်အရှိဆုံးသောသူက ဘယ်သူလဲ" လို့မေးလျှောက်တော့ တမန်တော်မြတ်(ဆွ)က "သေချင်းတရားကို များမြောင်စွာ သတိရတဲ့သူ သေချင်းတရားအပေါ်မှာ အားလုံးထက်သာပို၍ ပြင်ဆင်ထားတဲ့သူ ဒီပုဂ္ဂိုလ်တွေဟာ အသိညဏ်အမျော်အမြင်နဲ့ ပြည့်ဝတဲ့သူတွေဖြစ်တယ် သူတို့တွေဟာ ဒွန္နယာမှာကောင်းခြင်းတွေကို ရယူသွားကြတာဖြစ်သလို အာခေရသ်မှာလဲ မြင့်မားခြင်းတွေကို ရရှိမယ့်သူတွေဖြစ်တယ်"လို့ ဖြေကြားတော်မူတယ်။

မိရှ်ကားသ်ကျမ်းရဲ့ဟဒီးစ်တစ်ပုဒ်မှာ တမန်တော်မြတ်(ဆွ)က "ခံစားမှုအရသာတွေကို ကုန်ဆုံးသွားစေမယ့် အရာကို များစွာသတိရကြပါ " လို့မိန့်တော့ ဆွဟာဗာတွေက "အိုကိုယ်တော်!ခံစားမှုအရာသာတွေကို ကုန်ဆုံးစေမယ့် အရာက ဘယ်အရာပါလဲ" လို့ပြန်မေးလျှောက်တယ်။
တမန်တော်မြတ်(ဆွ)က "ခံစားမှုအရသာကို ကုန်ဆုံးသွားစေမယ့်အရာက သေချင်းတရားပဲ" လို့ အမိန့်ရှိတော်မူခဲ့တယ်။


No comments:

Post a Comment