၎နှစ်အရွယ်မှာ အောင်မြင်ခြင်းဆိုတာ မိမိကိုမိမိ အဝတ်ထဲမှာ မစင်မထွက်ကျအောင် ထိမ်းသိမ်းနိုင်ခြင်းပါ။
၈နှစ်အရွယ်မှာ အောင်မြင်ခြင်းဆိုတာ အိမ်ပြန်တဲ့လမ်းကိုမှတ်မိခြင်းကို ခေါ်တာ။
၁၂အရွယ်မှာ အောင်မြင်ခြင်းဆိုတာ ကိုယ့်မှာ ချစ်ခင်စရာသူငယ်ချင်းတွေ ရှိနေခြင်းကိုခေါ်တာ။
၁၈နှစ်အရွယ်မှာ အောင်မြင်ခြင်းဆိုတာ ကား၊ဆိုင်ကယ် မောင်းတတ်နေမှုကိုခေါ်တာ။
၂၃အရွယ်မှာအောင်မြင်မှုဆိုတာ အကောင်းဆုံးဘွဲ့တစ်ခု ရယူနိုင်ထားခြင်းကိုခေါ်တာ။
၂၅အရွယ်မှာ အောင်မြင်မှုဆိုတာ အလုပ်ကောင်းကောင်း တစ်ခုလုပ်ကိုင်နေနိုင်ခြင်း၊ရှိနေခြင်း ကိုခေါ်တာ။
၃၀အရွယ်မှာ အောင်မြင်ခြင်းဆိုတာ မိန်းမနဲ့ကလေးတွေရှိနေတာကိုခေါ်တာ။
၃၅အရွယ်မှာ အောင်မြင်မှုဆိုတာ ပိုင်ဆိုင် ကြွယ်ဝမှုတွေ ကိုယ့်စီမှာရှိနေခြင်းကိုခေါ်တာ။
၄၅နှစ်အရွယ်မှာ အောင်မြင်ခြင်းဆိုတာ နုနုပျိုပျိုဖြစ်နေခြင်းကိုခေါ်တာ။
၅၀အရွယ်မှာ အောင်မြင်မှုဆိုတာ ကလေးတွေဟာ မိမိရဲ့ပဲ့ပြင်မှုရဲ့ အကောင်းဆုံး တုံ့ပြန်မှုတွေ ပြန်ပေးနေတာကိုခေါ်တာ။
၅၅နှစ်အရွယ်မှာ အောင်မြင်မှုဆိုတာ မိသားစုအိမ်တွင်းရေးဟာ ကြည်နူးစရာကောင်းနေခြင်းကိုခေါ်တာ။
၆၀အရွယ်မှာ အောင်မြင်ခြင်းဆိုတာ ကောင်းကောင်းမွန် ကားမောင်းနိုင်စွမ်း ရှိနေခြင်းကိုခေါ်တာ။
၆၅အရွယ်မှာ အောင်မြင်ခြင်းဆိုတာ ရောဂါအနာတရ မစွဲကပ်နေခြင်းကိုခေါ်တာ။
၇၀အရွယ်မှာ အောင်မြင်ခြင်းဆိုတာ တစ်ဦးတစ်ယောက်ကို လိုအပ်နေတယ်လို့ မခံစားရတော့တာကိုခေါ်တာ။
၇၅နှစ်အရွယ်မှာ အောင်မြင်ခြင်းဆိုတာ ကိုယ့်ရဲ့ထိုင်ဝိုင်းမှာ ချစ်မိတ်ဆွေတွေရှိနေတာကိုခေါ်တာ။
၈၀အရွယ်မှာ အောင်မြင်ခြင်းဆိုတာ အိမ်သွားတဲ့လမ်းကို မှတ်မိနေတာကိုခေါ်တာ။
၈၅နှစ်အရွယ်မှာ အောင်မြင်ခြင်းဆိုတာ မိမိကိုမိမိ အဝတ်ထဲမှာ မစင်မထွက်ကျအောင် ထိမ်းသိမ်းနိုင်ခြင်းကိုခေါ်တာ။
(ومن نعمره ننكسه في الخلق أفلا يعقلون) (يٰس-68)
စင်စစ်သော်ကား ငါအရှင်မြတ်သည် သက်ရွယ်ကြီးရင့် အိုမင်းစေတော်မူသောသူအား ၄င်း၏ဖန်ဆင်းမှု၌ ပြောင်းပြန်ဖြစ်စေသော်မူ၏။ သို့ပါလျက် ၄င်းတို့သည်ဤမျှပင် မသိနားမလည်ကြလေသလော။(စူရဟ်ယာစီန်း-၆၈)
ဒွန္နယာဆိုတာဒီလိုပါပဲ ဒါကြောင့် ဒွန္နယာနှောက်ကိုလိုက်မယ့်အစား မိမိရဲ့ အာခေရသ်အားသောကထားကြစေချင်ပါတယ်။ အာခေရသ်ရဲ့အောင်မြင်မှုသာ စစ်မှန်တဲ့အောင်မြင်မှုပါ။
ကလောင်မင်း
Wednesday, April 26, 2017
အောင်မြင်ခြင်းဆိုတာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment